အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Wednesday, October 8, 2014

နို့ကြွေးဆက်သူ-အာဂလူ(၇)





               ကမ္ဘာပျက်ခြင်းအစီအစဉ်
     ဖြစ်ခြင်း ပျက်ခြင်းသဘောအရ၊  ကမ္ဘာကြီးလဲ  ပျက်လိုက်ဖြစ်လိုက်ပါဘဲ၊ ကမ္ဘာကြီးပျက်ခါနီး အနှစ်တသိန်း အလိုမှာ၊ သူတော်ကောင်းနတ်တွေက၊ အို---အချင်းတို့ နောင်--အနှစ်တသိန်းလွန်လျှင် ဤကမ္ဘာကြီးပျက်တော့ မည်၊ မဟာသမုဒ္ဒရာပင် ခမ်းခြောက်၍ မြင်းမိုရ်တောင်နှင့် ဗြဟ္မာပြည်တိုင်အောင် အာလုံးပျက်စီးတော့မည်၊ တဦး နှင့်တဦး မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဗြဟ္မစိုရ်တရားကိုပွားများကြပါ၊ လူကြီးမိဘများကိုလဲ ရိုသေစွာ လုပ်ကျွေးကြပါဟု ကြွေးကြော်ကြလေ၏။
   ထိုသူတော်ကောင်းနတ်တွေ ကြွေးကြော်သံကြောင့်၊ လူနှင့် ဘုမ္မဇိုဝ်းနတ်တို့ပါ၊ လွန်စွာထိတ်လန့်တုံလှုပ်လျှက် ဗြဟ္မစိုရ်တရားကို ကြိုးစားပွားများကြ၏။ကွယ်လွန်သောအခါ နတ်ပြည်သို့ရောက်ကြ၏။ နတ်ပြည်သို့ ရောက်ကြ သော နတ်သားနတ်သမီးတွေလဲ၊   ရှေးကလို ကာမဂုဏ်ဖြင့် မပျော်မွေ့နိုင်ကြတော့ဘဲ၊ ကမ္ဘာပျက် လိမ့်မည်ဟူ သော သတင်းသံကြောင့်၊ ဗြဟ္မစိုရ်တရားကို အပြင်းအထန် အားထုတ်ကြသဖြင့်၊ ဈန်ရရှိ၍ စုတေသောအခါ ကမ္ဘာမီးလွတ်ရာ အာဘဿရာစသော ဗြဟ္မပြည်သို့ ရောက်ရှိကြ၏။
  လွန်ခဲ့သည့် ၂၀၁၂-တွင် ကမ္ဘာပျက်မည်ဟုပြောဆိုနေကြ၏။ သူတော်ကောင်းနတ်တွေ၏ ကြွေးကြော်သံတော့ မကြားရသေးပါ၊ မကြားရသော်လည်းကြားသကဲ့သို့၊ သဘောထားပြီး ကမ္ဘာသူကမ္ဘာသားတွေ တဦးနှင့်တဦး အမုန်းမပွားဘဲ၊ ချစ်ချစ်ခင်ခင် နေခြင်းဆိုသည့် မေတ္တာဈန်တွေပွားများနိုင်မယ်ဆိုလျှင်၊ အဆိုးထဲက အကောင်း တခုကို၊ အမြတ်ထုတ်ယူဘို့ အခွင့်အလန်းတခုဘဲလို့ ထင်မြင်လျှက် အမြတ်ဘ၀ရရှိအောင် ကြိုးစားနိုင်ပါစေ။
       နေခုနှစ်စင်းထွက်လာလို့ကမ္ဘာမီးလောင်ခြင်း
        နတ်တွေကြွေးကြော်သည့်အတိုင်း   ကမ္ဘာပျက်ဖို့အချိန်ရောက်လာသောအခါ ၊ ပုံမှန်ထွက်နေသော ပထမ နေတစင်း နေ၀င်ချိန်တွင် ဒုတိယနေတစင်း  ပူပြင်းသော  ရောင်ရှိန်ဝါဖြင့်  ထွက်ပေါ်လာသဖြင့်၊ ညဥ့်အချိန်အခါ လည်း ကွယ်ပျေက်၏။ နေနှစ်စင်းနေ့ညဥ့်ထွက်ပေါ်လာမှုကြောင့် အပူရှိန်တွေ မြင့်လာကာ မြစ်ချောင်းငါးရာ ရေများ ခန်းခြောက်လေ၏။
     နေနှစ်စင်းထွက်ပြီးလို့  ကာလအတော်ကြာလျှင်  သုံးစင်းမြောက် နေတစင်းထွက်ပေါ်လာပြန်၏။ အပူဒီကရီ တွေ ရှေးကထက် ထန်ပြင်းသည့်အတွက် ဂင်္ဂါ ယမုနာ အစိရ၀တီ မဟီ သရဘူ မြစ်ကြီးငါးသွယ်မှ ရေများ ခန်း ခြောက်လေတော့၏။
    နေသုံးစင်းထွက်ပြီးလို့   ကာလအတော်ကြာလျှင် စတုတ္ထ နေတစင်း  ထွက်ပေါ်လာသဖြင့်။ အပူရှိန်တွေ ပိုမြင့်တက်လာကာ  သီဟပပါတအိုင်   ဟံသပပါတအိုင်  ကဏ္ဍမုဏ္ဍအိုင်  ရထကာရအိုင်  အနောတတ္တအိုင် ဆဒ္ဒန္တအိုင် ဟူသော အိုင်ကြီး ၇-အိုင်လည်း ခန်းခြောက်လေ၏။
   နေလေးစင်းထွက်ပြီးလို့  ကာလအတော်ကြာလျှင်။  ပဉ္စမနေတစင်း ထွက်ပေါ်လာပြန်၏။   အပူချိန်တွေ တဆင့်တက်ကာ ထန်ပြင်းစွာ ပူလာပြန်သောကြောင့်။ မဟာသမုဒ္ဒရာကြီးပင် ခန်းခြောက်သွားလေ၏။
 နေငါးစင်းမြောက် ထွက်ပြီးလို့ ကာလအတော်ကြာလျှင်။ နေခြောက်စင်းမြောက်ထွက်ပေါ်လာပြန်၏။ စင်္ကြာဝဠာ ကမ္ဘာတသိန်းလုံးမှာ အစိုအစေးဟူသမျှ အားလုံးကုန်ခန်း၍ အခိုးအလျှံတွေတထောင်းထောင်းထနေတော့၏။
   သတ္တမနေထွက်လာသောအခါ စင်္ကြာဝဠာ ကုေ​​​​ဋတသိန်းလုံး မီးဟုန်းဟုန်းထလောင်ပြီး။မြေထု ရေထု လေထု မကျန် ပဌမဈန် ဗြဟ္မာ့ပြည်အထိ လောင်စာတွေဖြစ်ကာ အရာဝတ္ထု ဘာတခုမျှမကျန်ရအောင် အားလုံးလောင် ကြွမ်းလေ၏။
 


Type your summary here. Type the rest of your post here.

No comments: