သားဖြစ်သူကတော့ သူ့ကို အိမ်ရောက်အောင် ပြန်လည်ပို့ဆောင်ပေးသော
မယ်တော်ကြီး ယုံကြည်သော ဘုရားသခင်ဆိုတာ လုံးဝမရှိကြောင်း ကောင်းကောင်းနားလည်နေ၏။
ဒါပေမဲ့ ဘာသားခြားဖြစ်နေတဲ့ အမေ ဖြစ်သူ စိတ်အနှောင့်အယှက် မဖြစ်စေချင်လို့ ဘာမှမပြောပဲ
နေခဲ့၏။
ဗုဒ္ဓဆင်းတုတော်ကြီးနဲ့ သင်္ကန်းဝတ်ကြီးနဲ့
အိမ်မှာကြာကြာနေလို့မသင့်တော်တာကြောင့် ဗုဒ္ဓဘာသာဘုန်းကြီး ကျောင်းလေး ဖြစ်လာအောင်
ပထမဆုံး အားထုတ်ရ၏။ အမေရိကန်နိုင်ငံ TMC စင်တာက ဆရာတော်ဘုရား ကြီးတွေ၏ ကျေးဇူးနဲ့ယူဂန်ဒါ
နိုင်ငံမှာ ပထမဆုံးသော ထေရဝါဒ ဗုဒ္ဓဘာသာ စင်တာတစ်ခုကိုဖွင့်လစ်နိုင်ခဲ့၏။
ဗုဒ္ဓဘာသာအကြောင်း ဘာတခုမှ နားမလည်သော
ပတ်ဝန်းကျင်တွင် သတင်းသုံးဖို့နေရာ၊ ဆွမ်းခံရာ၊ အစစ နားမလည်သူတွေများလို့
အခက်အခဲအမျိုးမျိုးတွေ့ရပါ၏။ မြန်မာပြည်က ပါလာတဲ့ သံဃာတော်များကိုင်တဲ့ ယပ် တောင်ကို
တင်းနစ်ကစားနည်းတစ်မျိုးအတွက် ဘတ်တန်လို့ထင်နေကြ၏။
သံဃာတော်များ ဆွမ်းခံသည့်သပိတ်ကို
ပေါက်ကွဲစေတတ်သော ဗုံးဟုထင်နေကြ၏၊ တချို့ကဘောလုံးဟု ထင်ကြ၏။
ဝတ်စားဆင်ယင်မှုကိုကြည့်ပြီး တိုင်းရင်းဆေးရောင်းတဲ့ Maasai ထင်သူတွေ စသဖြင့်
အမျိုးမျိုးသော အခက်အခဲတွေ ကြုံတွေ့ရပါ၏။
ဆွမ်းခံထွက်လို့ ဆွမ်းလောင်းရကောင်းမှန်းသိသူကလည်း မရှိသလောက် ရှားခဲ့ပါ၏။
ဒါပေမဲ့ ဆရာတော်ကတော့ ဖိနပ်မပါချေဗလာနဲ့ ကြိုးစားပြီး ဆွမ်းခံထွက်ခဲ့၏။
နောက်ပိုင်းမှာတော့လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့
ဆင်းရဲ သားများကတောင် ဆွမ်းလှူဖို့သဒ္ဓါတရားတွေ ဖြစ်လာ ကြပါ၏။
အမေရိကန်နိုင်ငံမှာရှိတဲ့ မိတ်ဆွေအချို့ရဲ့ အဆက်အသွယ်နဲ့ယူဂန်ဒါနိုင်ငံမှာ
နေထိုင်နေကြတဲ့ ထိုင်း မိသားစုတွေ၊
သိရီလင်္ကာမိသားစုတွေရဲ့ လိပ်စာကိုရခဲ့ပါ၏။
ဘာသာခြားမယ်တော်ကြီးကိုခေါ်ကာ ဆရာတော်နှင့်
အတူတကွ အဆိုပါ မိသားစုတွေဆီကို ကြွခဲ့၏။ ထိုင်းလူ မျိုးတွေ စုပေါင်းဖွင့်ထားတဲ့
စားသောက်ဆိုင်ကို ရောက်ခဲ့၏။ ထိုင်းလူမျိုးတွေသည် မိမိတို့ကိုးကွယ်သည့် ထေရ ဝါဒပုံစံ
စနစ်တကျ သင်္ကန်းရုံထားတဲ့ ဆရာတော်ကိုဖူးမြှော်ရလို့ ယူဂန်ဒါနိုင်ငံမှာ ဘာသာရေး ငတ်မွတ်နေတဲ့
ထိုင်းလူမျိုးတွေ ယူဂန်ဒါလူမျိုးဗုဒ္ဓရဟန်းတော်တပါးကို တွေ့မြင်လိုက်ရတော့
အလွန့်အလွန်ကို ၀မ်းမြောက်ကြ ၏။
ဆရာတော်ကိုလည်း ဆွမ်းလောင်းလှူကြ၏ ရိုရိုသေသေလဲ ရှိခိုးကန်တော့ကြ၏။
ဤမြင်ကွင်းတွေကို ဘာ သားခြား မယ်တော်ကြီးတွေ့လိုက်ရတော့တော့ မယ်တော်ကြီးခမျာ
အလွန်တရာ အံ့သြခဲ့ရ၏။ ငါ့သားကို အရို အသေပေးပြီး လေးလေးစားစား ဆက်ဆံနေတာ တွေ့ရလို့
မယ်တော်ကြီး စိတ်ထဲတွင် ငါ့သားဝတ်ဆင်ထားတဲ့ ဒီနီညိုရောင် ၀တ်စုံကြီးရဲ့ ရာဇ၀င်ကို
သိချင်တဲ့ စိတ်တွေ တဖွားဖွားပေါ်လာ၏။
သားကို တခြားနိုင်ငံသားတွေ
ဒီလောက်လေးစားနေတယ်ဆိုလျှင် သားယုံကြည်လက်ခံလာတဲ့ ဗုဒ္ဓဘာသာ ဆိုသည်မှ သာမညတော့
မဖြစ်နိုင်ဟု မယ်တော်ကြီးတွေးတောနေမိ၏။
စက်ရုံတစ်ခုရဲ့ ပိုင်ရှင်ဖြစ်တဲ့ သိရီလင်္ကာလူမျိုး အရပ်မြင့်မြင့်
လူကြီးလူကောင်းတစ်ယောက်ကလည်း သူတို့ စက်ရုံကို ကြွတော်မူလာသော ဆရာတော်ကို
မြင်တာနဲ့ ဗုဒ္ဓဝါဒီတို့ ထုံးစံအတိုင်းရိုသေစွာရှိခိုးကန်တော့ပြန်၏။
အဲဒီအချိန်မှာ ဘာသားခြားဖြစ်တဲ့ မယ်တော်ကြီးရဲ့
မျက်နှာသည် သားဖြစ်သူအပေါ် ဂုဏ်ယူတဲ့စိတ်တွေ
လေးစား ကြည်ညိုတဲ့စိတ်တွေ ဖြစ်ပေါ်လာပြန်၏။
ငါ့သားကို နိုင်ငံခြားသားတွေ လေးလေးစားစား
ဆက်ဆံနေတာကို တအံ့တသြတွေ့လိုက်ရတော့ မယ်တော်ကြီး အံ့သြလို့မကုန်နိုင်အောင်ဖြစ်နေ၏။
မယ်တော်ကြီးရဲ့ စိတ်ခံစားမှုကို အမှတ်တမဲ့
ကြည့်လိုက်တဲ့ သားဖြစ်သူအရှင်သည် မယ်တော်ကြီးရဲ့ သဒ္ဓါ တရားကို မြင်လို့
ဗုဒ္ဓလက်ထက်တော်က လက်ျာတော်ရံ အရှင်သာရိပုတ္တရာရဲ့မယ်တော်ကြီး ချွတ်ခန်းကို သတိ
ရခဲ့၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment