သီလတွေချို့ယွင်းနေသည့်မိဘတွေကိုသီလတွေ ပြည့်စုံအောင် ဆောင်ရွက်နိုင်သည့်သားသမီးတွေလည်း အမေ့နို့ ဖိုးဆပ်နိုင်သူဟု
ဆိုထားပါ၏။
သီလဆိုတာ၊
လူသားတွေအတွက်၊ ဂုဏ်သိက္ခာအရှိဆုံး၊ အကျင့်သိက္ခာတခုပါ၊ သီလပြည့်စုံလေ၊ ဘ၀ဟာ အဓိပ္ပါယ်ရှိရှိ၊
ပိုပြီးလှပလာမှာပါ၊ တန်ဘိုးရှိတဲ့၊ ရတနာစိန်ကျောက်တွေ၊ မိမိခန္ဓာကိုယ်မှာ၊ အပြည့်ဝတ်ဆင်ထား
သည့် လူတယောက်သည်၊ ပတ်ဝန်းကျင်အမြင်မှာ၊ ကျက်သရေရှိသည်၊
ဂုဏ်ရှိသည်၊ လှပတင့်တယ်သည်ဟု ဆိုကြမှာဖြစ်၏။
သို့သော်
ထိုပုဂ္ဂိုလ်၏၊ အတွင်းသဏ္ဍာန်တွင်၊ သီလကင်းမဲ့နေခဲ့သော်၊ အပြင်တွင် နီနီရဲရဲတောက်ပပြီး၊
လှပနေ သည့် ကြီးအာသီးကြီးကို၊ခွဲကြည့်လိုက်သည့်အခါ၊အသီးထဲတွင်၊ ရွံစရာကောင်းလောက်အောင်၊
တွေ့မြင်ရသလို၊ သီလကင်းမဲ့နေသည့်၊ ပုဂ္ဂိုလ်တွေထံမှာလည်း၊ အဆင်းသာလှပြီး၊ အတွင်းမှာတော့၊ကြီးအာသီး
ပုံစံပေါက် နေမှာ သေချာ၏။
ကမ္ဘာလောကကြီး၏၊ သဘာဝနိယာမတရားဖြစ်သော၊
လောကပါလ-လောကကို စောင့်ရှောက်တတ်သည့် ငါးပါးသီလတရားကို၊ ကမ္ဘာလူသားတွေသည်၊
ကမ္ဘာဦးအစထဲက၊ လက်ခံကျင့်သုံးလာတာတွေ့ရ၏။ ကမ္လာဦးလူ သားတွေ လက်ခံကျင့်သုံးခဲ့သည့်၊
လူသားတွေ၏၊ အခြေခံအကျဆုံး၊ ဤငါးပါးသီလသည်၊ လူသားတွေအတွက်၊
ငြိမ်းချမ်းရေးလက်ဆောင်ကြီးဖြစ်၏။
ငါးပါးသီလကို၊ အသိနဲ့အကျင့်၊ တထပ်တည်း
တသားတည်းကျအောင်၊ ကျင်သုံးနိုင်မယ်ဆိုလျှင်၊လောကကြီး မငြိမ်းချမ်းနိုင်စရာအကြောင်းမရှိ၊
ငြိမ်းချမ်းသာယာသော လောကကြီး ဖြစ်မှာသေချာ၏။ အသိကတခြား၊အကျင့် တခြားဆိုလျှင်တော့၊လောကကြီးငြိမ်းချမ်းဖို့မလွယ်၊သိသလို
ကျင့်နိုင်မှသာလျှင်၊လောကငြိမ်းချမ်းလာမှာဖြစ်၏။
ထိုငါးပါးသီလတွင်၊ ပါဏာတိပါတအရ၊သတ္တ၀ါတို့၏
အသက်ကို၊ညှင်းပန်းနှိပ်ဆက် သတ်ဖြတ်ခြင်းမှ၊ ရှောင် ကြဉ်ခြင်းသည်၊လူပီသသော၊လူသားတယောက်၏၊
သဘာဝအသိဖြစ်၏။ စာနာစိတ်ရှိသော သူတော်စဉ်တွေ၏၊ မွန်မြတ်သောအသိ ဖြစ်၏။ လူပီသသော
လူသားတယောက်၏၊ အသိတခုထဲနဲ့၊ပါဏာတိပါတအပေါ်၊ပြည့်စုံလုံ လောက်ပြီဟု မဆိုနိုင်သေးပါ၊
ထို့ထက် မြင့်မြတ်တဲ့ ကိုယ်တိုင်ကျင့်သုံးဖို့၊ အကျင့်မြတ်တွေလည်းရှိသေး၏။
ပါဏာတိပါတကို၊လက်တွေ့ကျင့်သုံး လိုက်နာရမှာကတော့၊သတ္တ၀ါတွေ
အသက်ရှည်အောင်၊ကျိုးစားအား ထုတ်ပေးရအုံးမှာဖြစ်၏။ရှေးခေတ်လူသားတွေသည်၊လောကပါလတရားဖြစ်သော၊ငါးပါးသီလဖြင့်သာ
တိုင်းပြည် ကို ငြိမ်းချမ်းအောင် အုပ်ချုပ်ခဲ့ကြသည်ဟု၊ ရှေးစာပေတွေအရ
သိရှိခဲ့ရပါ၏။ သတ္တ၀ါတွေ အသက်ရှည်အောင်၊ ကျိုးစားအားထုတ်ရမဲ့အကျင့်သည်၊
ထူးခြားသောအကျင့်ဖြစ်၏။ လက်တွေ့ကျင့်သုံးနိုင်မှသာလျှင်၊ အနှစ်သာရ ပိုင်းဆိုင်ရာ၊
ကျင့်သုံးရာရောက်၏။
ဥပမာအားဖြင့်၊
နာဂစ်လေဘေးကြောင့်၊ ဒုက္ခရောက်နေသူတွေကိုလည်း၊ ပရဟိတသမားတွေ၊ သတ္တ၀ါတွေ အသက်ရှည်အောင်၊
ဝိုင်းဝန်းကူညီတာတွေ့ရ၏။ ပဲခူးရေဘေး၊ လှဲကူးရေဘေး စသည်ဖြင့်၊ သဘာဝဘေး အန္တ ရာယ်
ကြရောက်နေသော၊ဘယ်အရပ်မဆို၊ပရဟိတသမားတွေ၊သတ္တ၀ါတွေ အသက်ရှည်ရေး၊၀ိုင်းဝန်းကူညီတာ တွေ့ရ၏။
သို့သော်၊ ထိုသူတို့သဏ္ဍာန်တွင်၊ထင်ပေါ်ကြော်ကြားချင်လို့
လုပ်နေတာလား။ သတင်းမီဒီယာ၊ အင်တာနက်
ပေါ်တွင်၊ ပေါ်ပြူလာဖြစ်ချင်လို့လုပ်နေတာလားဆိုတာကတော့၊
ပရဟိတသမားတွေ၊သူတို့စိတ်ကို သူတို့ကိုယ် တိုင်သာ၊ အသိဆုံးဖြစ်၏။
ထင်ပေါ်ကြော်ကြားချင်လို့၊ ပေါ်ပြူလာဖြစ်ချင်လို့၊ ပရဟိတလုပ်တယ်ဆိုလျှင်တော့၊ အသိနဲ့
အကျင့်က၊တခြားစီဖြစ်နေသောကြောင့်၊သတ္တ၀ါတွေအသက်ရှည်ရေးအတွက်၊ပါဏာတိပါတကို၊အနှစ် သာရပိုင်းဆိုင်ရာ၊
ကျင့်သုံးရာမရောက်ဘဲ၊ အယောင်ဆောင်၊ ပရဟိတသမားတွေဟုသာ၊ ဆိုရမှာဖြစ်၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment