မိဘမေတ္တာနှင့်
မဟာသမုဒ္ဒရာကိုနှိုင်းယှဉ်ခြင်း
+++++++++++++++++
မိဘမေတ္တာ -သမုဒ္ဒရာနှင့်၊
ပမာတိုင်းဆို-နှိုင်းခိုင်းလိုက၊
သမုဒ္ဒရာ-ရေဇလာသည်၊
ပမာရေပေါက်-တပေါက်လောက်သာ၊
ကျန်ကောင်းလိမ့်မည်-ထင်ကောင်းသည်ရှင့်။
မိဘနှစ်ဖြာ-ချစ်မေတ္တာနှင၊့်
ဘယ်ရာမဆို-နှိုင်းယှဉ်လိုက၊
ငြိုးငယ်နောင်တ-မှန်စွာရမည်၊
မိဘမေတ္တာ-မနှိုင်းသာတည်း။
မိဘမေတ္တာနှင့် မဟာသမုဒ္ဒရာကို
နှုင်းယှဉ်ကြည့်မယ်ဆိုလျှင် မဟာသမုဒ္ဒရာသည် ရေတပေါက်လောက်သာ ကျန်တော့သည်ဟု
ဆိုထားခြင်းဖြစ်၏။ မိဘမေတ္တာသည် မဟာသမုဒ္ဒရာထက် အဆပေါင်းများစွာ ပိုမိုကြီးမား ကြောင်းကိုသိသာထင်ရှားစေ၏။
မဟာသမုဒ္ဒရာဆိုသည်မှာ
အံ့ဘွယ်ရှစ်ဖြာရှိသည်ဟုဆို၏
(၁)ကမ်းစပ်မှစ၍ အစဉ်အတိုင်း
နိမ့်လျှောနက်ရှိုင်းသွားခြင်း။
(၂)ရေသည် ကမ်းကိုမကျော်လွန်ဘဲ
တည်နေခြင်း။
(၃)အကောင်ပုပ်
အမှိုက်သရိုက်တို့ကို ပင်လယ်ထဲတွင်မထားဘဲ ကမ်း ကုန်းအရပ်သို့တင်ပို့ခြင်း။
(၄)မြစ်ကြီးငါးသွယ်
မြစ်ငယ်ငါးရာတို့မှ စီးဝင်လာသော ရေဟူသမျှတို့၏ မူလအမည် ပျောက်စေပြီး
မဟာသမုဒ္ဒရာရေဟူသော အမည်တခုကိုသာ ရစေခြင်း။
(၅)မြစ်ကြီး မြစ်ငယ် အင်းအိုင်
ချောင်းမြောင်း ကောင်းကင်ဝလာ ရှစ်မျက်နှာမှ အခါမလပ် မည်မျှပင် မြစ်ရေ
မိုးရေ တို့စီးဝင်လာသော်လည်း မဟာသမုဒ္ဒရာ၏
ပြည့်လျှံယုတ်လျှော့မှုမရှိခြင်း။
(၆)ရေချို ရေဖန် ရေငန်
ရေခါးဟူ၍ ရသာထွေပြားသည့် ရေများမည်မျှပင်စီးဝင်လာစေ ဆားငန်ရေဟူသော
တခုတည်းသော အရသာကိုသာ ထားရှိခြင်း။
(၇)လောကီရတနာ ၇-ပါး-၁၀-ပါးတို့၏တည်ရာဖြစ်ခြင်း။
(၈)ယူဇနာများစွာကိုယ်ရှိသော
ငါးကြီးတို့နှင့်တကွ ရေဘီလူး နဂါး အသူရာနတ်ကြီးများစသည်တို့၏
ကျက်စားရာဖြစ်ခြင်း။
Type your summary here. Type the rest of your post here.
No comments:
Post a Comment