ကမ္ဘာသစ်ကြီးတည်လာသောအခါ၊ ကမ္ဘာပျက်တုံးက မီးမလောင်ဘဲကျန်ခဲ့သော အထက်ဗြဟ္မာပြည်မှ၊
ဗြဟ္မာများ ကံအရှိန်ကုန်၍သော်လည်းကောင်း၊
သက်တမ်းစေ့၍သော်လည်းကောင်း၊
စုတိပြတ်ကြွေသေကြ၍၊ အောက် ဗြဟ္မဘုံ
နတ်ဘုံ လူဘုံများသို့ ကံအလျှောက်ရောက်ကြ၏။ ပဋိသန္တေနေကြရ၏။
ဗြဟ္မာပြည်မှ
ဗြဟ္မာများဆင်းလာခြင်းမဟုတ်၊ ဗြဟ္မာများ စုတိပြတ်ကြွေသေကြ၍၊ လူပြည်မှာ
လူလာဖြစ်ခြင်း ဖြစ်၏။ ကမ္ဘာဦးမှာ
စဖြစ်လာသောလူသားတွေသည်။ မိန်းမ ယောင်္ကျားသဏ္ဍာန်ထင်ရှားစွာမပါချေ၊ ကိုယ်ရောင်
ကိုယ်ဝါ တောက်ပစွာဖြင့် ကောင်းကင်မှာပင်
သွားလာနိုင်၏။ ဘာကိုမျှမစားမသောက်ဘဲ နှစ်သက်မှုပီတိကို အားပြုကာ၊ ဗြဟ္မာဟန်ဖြင့်
အတန်ကြာအောင် နေထိုင်နိုင်ကြ၏။
သို့သော် တခုသောနေ့တွင်၊ ရသပထ၀ီ
မြေအဆီကိုကြည့်ရှုအနံ့ခံ၍ မွေးလွန်းလှသည့်အတွက်၊ အရသာဘယ် လိုရှိမည်နည်းဟု
လက်ဖြင့်တို့၍၊ လျှာပေါ်တင်ကြည့်ရာ အလွန်ကောင်းမွန်သော အရသာရှိသဖြင့်၊ တဦးလျှက် သည်ရှိသော်၊ နောက်တဦးပြီးတဦးလျှက်ကြ၏။
အရသာကောင်းမွန်လှသောကြောင့် ရသတဏှာအလိုလိုက်ကာ လက်ဖြင့်ဆုတ်၍ စားကြလေ၏။ရသတဏှာပူလောင်သည့်အတွက်၊
ကိုယ်ရောင်ကိုယ်ဝါများကွယ်ပျောက်ကာ လောကကြီး မှောင်မိုက်သွားလေ၏။
အလင်းရောင်ကွယ်ပြောက်၍၊
အမှောင်ကြီးမှောင်သွားသောကြောင၊့်
ကမ္ဘာဦးလူသားတို့ အကြောက်ကြီး ကြောက်သွားလေ၏။ လူသားတွေကံအားလျှော်စွာ အရှေ့လောကဓါတ်မှ
နေ၀န်းကြီးစတင်ပေါ်ထွက်လာ၏။ လူသားတွေကို အမှောင်ခွင်း၍ အလင်းကိုဆောင်လျှက်
ရဲရင့်စေတတ်သောကြောင့် သူရိယ နေဟုခေါ်ဆို ကြလေ၏။
နေမင်ကြီးထွက်လာလို့
ညဥ့်အချိန်နေ၀င်လျှင်၊ ညအချိန်ကြလျှင်လည်း အလင်းရောင်တခု ပေါ်ထွက်လာလျှင် ကောင်းလေစွဟ၊ု
လူသားတွေတောင်းတသည့် အလိုဆန္ဒအရ၊ လ၀န်းကြီးထွက်ပေါ်လာလေ၏။ လူသားတွေ ဆန္ဒအရ ဧမြသောအလင်းရောင်ကြောင့် စန္ဒလမင်းကြီးဟုခေါ်ဆိုကြ၏။နေမင်းကြီးလမင်းကြီးနှင့်အတူ
အခြံအရံ နက္ခတ်များလည်းပေါ်လာ၏။ ထို့နောက် တောတောင် မြေပြင် သမုဒ္ဒရာ မြစ် အိုင်
တို့အသီးသီးပေါ်လာကြ၏။
ရသပထ၀ီ မြေအဆီ ၊ ဘူမိပပ္ပဋက မြေချိုလွှာ ၊
ပဒါလတာ နွယ်ချိုမြေလွှာ စသည်တို့ကို။ အစဉ်အတိုင်း
တခုပြီးမှတခု စားကြတဲ့အခါ၊ လောဘတဏှာကြီးသူများ၊ ရုပ်ရေအဆင်း ကြမ်းတမ်း၍၊ လောဘတဏှာ
နည်း သူများ၊ ရုပ်ရည်လှပကြ၏။ ရုပ်မလှသူက ရုပ်လှသူကို မာန်မူကြသဖြင့်၊ ဤအကုသိုလ်ကံကြောင့် ရသပထ၀ီ မြေချိုလဲကွယ်၊ ဘူမိပပ္ပဋ မြေချိုလွှာ လည်းကွယ်၊
ပဒါတလာ နွယ်ချိုမြေလည်း ကွယ်ပြောက်ကုန်၏။
တဆင့် တဆင့် သတ္တ၀ါတို့ ကံအလိုက် ဆုတ်ဟုတ်ပျက်စီး ခြင်းဖြစ်လာ၏။
ကမ္ဘာမြေပြင်မှာ လူသားတို့ကံအလျှောက်၊
သလေးဆံသီးသော သလေးကောက်နှံများ အလိုလိုပေါ်လာပြန် ၏။ ရှေးအခါက မြေဆီ မြေချိုတိုကို စားသုံးစဉ်က၊
ခန္ဓာကိုယ်မှာ အဆီအသားဖြစ်ပြီး ကျန်အဖတ်အကာများ လည်း၊ ၀မ်းမီးလောင်ရုံဖြင့်ကုန်ခန်းနိုင်၏။ ယ္ခု သလေးဆံများကို စားသောအခါ
ဝမ်းမီးလောင်ရုံဖြင့် မကုန်ခန်း ဘဲ၊ ကျင်ကြီး ကျင်ငယ် အရေ အဖတ်များ ကျန်နေတော့၏။
ကမ္ဘာဦးအစ လူသားများ ကျင်ငယ်လမ်း ကျင်ကြီးလမ်း
မပါခဲ့ချေ ခန္ဓာကိုယ်တွင်းမှာရှိသော ၀ါယောဓါတ် က၊ ထိုအရေ
အဖတ်များကိုမှုတ်ထုတ်လာသောအခါ၊ ထိုအရေအဖတ်များ ထွက်ဖို့ရာ၊ လူသားခန္ဓာမှာ၊ ကျင်ငယ် ပေါက်
ကျင်ကြီးပေါက်များ ပေါ်ပေါက်လာရတော့၏။ ဗြဟ္မာပြည်သို့ မရောက်ခင်တုန်းက
မိန်းမဖြစ်ခဲ့သူမှာ မိန်းမ သဘောလက္ခဏာများ ပေါ်ပေါက်လာ၏။ ယောင်္ကျားဖြစ်ခဲ့သူမှာ ယောင်္ကျားသဘော လက္ခဏာများပေါ် ပေါက် လာတော့၏။ အဲဒီကစပြီး
လူသားမျိုးနွယ်စုများ ပေါက်ဖွားလာတော့၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment