အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Thursday, October 23, 2014

နို့ကြွေးဆပ်သူ-အာဂလူ(၂၀)



  ဗုဒ္ဓဘာသာဝင်ဖြစ်လာတဲ့ ယောဂီလူငယ် Steven က၊ အကောင်တွေ သတ်တာကို မလိုလားတော့ဘူး။ အထူး သဖြင့်၊ သူ့အတွက်သတ်မှာကို လုံးဝမဖြစ်စေချင်ဘူး။ ဗုဒ္ဓဘာသာဝင် မရှိတဲ့ဒေသမှာ၊ သူဟာတစ်ဦးတည်းတရား အားထုတ်နေ၏။ တရားဆွေးနွေးဖေါ် တိုင်ပင်စရာမိတ်ဆွေနဲ့၊ ဘာဝနာနည်းခံစရာ ဆရာမရှိတဲ့ဘဝမှာ၊ သူ ကြာ ရှည်စွာ မနေနိုင်တော့ပါ။ ပိုမိုပြီးပြည့်စုံတဲ့၊ အမှန်တရားကိုရှာဖွေဖို့ သူဟာ အမိမြေ ယူဂန်ဒါကို၊ နောက်တစ်ကြိမ် စွန့်ခွာခဲ့ရပြန်၏။
   တောင်အမေရိကနှင့် မြောက်အမေရိကမှာ ဝိပဿနာတရားတွေ အားထုတ်ခဲ့၏။ TathagataMeditation Center TMC မှာ တရားအားထုတ်ခွင့်ရ၏။ နောက်ပိုင်းမှာတော့သူဟာ ရဟန်းဝတ်ဖို့ကို ဆုံးဖြတ်လိုက်၏။ TMC စင်တာကပဲ ဗီယက်နာမ်ဆရာတော်တွေ၊ မြန်မာဆရာတော်ကြီးတွေရဲ့ ကျေးဇူးနဲ့သာကီဝင်မင်းမျိုးမှ ရဟန်းပြု သွားသော သိဒ္ဓတ္ထဂေါတမ ဘုရားရှင်ရဲ့သားတော်အဖြစ်ကို ရယူခဲ့၏။ ဗုဒ္ဓရက္ခိတ ဘွဲ့တော်နဲ့ မြင့်မြတ်သော ရဟန်းဘဝကို ခံယူလိုက်၏။
   ရဟန်းပြုပြီးတဲ့ နောက်ပိုင်း ဆရာတော်ဟာ အိန္ဒိယနိုင်ငံတောင်ကြားဒေသတစ်ခုမှာ တရားအားထုတ်နေရရင် ကောင်းမလား၊ အမိမြေကို ဓမ္မမျိုးစေ့ချပေးရရင် ကောင်းမလားလို့ အတွေး ၂-မျိုးဝင်လာ၏။ မြန်မာဆရာ တော် ဘုရားကြီး ဦးပဏ္ဍိတက ယူဂန်ဒါနိုင်ငံမှာ သာသနာပြုဖို့ကို အားပေးတော်မူ၏။
   အမေရိကန်လူမျိုး အချို့ကတော့၊ ဗုဒ္ဓဘာသာဝင် တစ်ဦးမှမရှိတဲ့ဒေသမှာ၊ ရဟန်းတပါးအဖြစ် နေဖို့ စားဖို့ပင် မလွယ်ကူနိုင်ကြောင်း၊ အခက်အခဲရှိနိုင်ကြောင်းကို၊ ၀ိုင်းဝန်းပြောဆို  အကြံပေးကြ၏။
   နောက်ဆုံးတော့ ဆရာတော်အရှင် ဗုဒ္ဓရက္ခိတဟာ မြန်မာဆရာတော်ကြီး ဦးပဏ္ဍိတ အကြံပြုသည့်အတိုင်း အမိမြေကို ပြန်ပြီး ဗုဒ္ဓသာသနာပြုဖို့ ဆုံးဖြတ်လိုက်၏။ အမိ မြေကို မပြန်ခင် အိန္ဒိယ၊ မြန်မာ၊သိရီလင်္ကာနိုင်ငံ တွေကို အလည်အပတ်သွားရောက်ခဲ့ကာ ထေရ၀ါဒသာသနာကို ကောင်းစွာလေ့လာခဲ့၏ ။
   သိရီလင်္ကာနိုင်ငံဘာသာရေး အဖွဲ့အစည်းတစ်ခုက သူ့အပြန်လမ်းအတွက် ဗုဒ္ဓရုပ်ပွားဆင်းတုတော်၂-ဆူထဲက တစ်ဆူကို လက်ဆောင်အဖြစ် ယူသွားဖို့ ပေးလိုက်၏။ သူကလည်း အရွယ်ကြီးမားတဲ့ ရုပ်ပွားတော်ကို ယူဖို့ဆုံး ဖြတ်ကာ။ ဗုဒ္ဓဆင်းတုတော်ကြီးကို လေယာဉ်နဲ့ သယ်ဆောင်ရာမှာ ဗုဒ္ဓဘာသာမဟုတ်တဲ့ အမိမြေ ကင်ညာနိုင်ငံ အရောက် အခက်အခဲ ပေါင်းစုံနဲ့  ကြုံတွေ့ခဲ့ရ၏။
    ထေရ၀ါဒ ဗုဒ္ဓရဟန်းတော်ကို တခါမှ မမြင်ဘူးတဲ့  ကညာနိုင်ငံသူ နိုင်ငံသားတွေက ကညာနိုင်ငံသား ရဟန်း တော် အရှင်ဗုဒ္ဓရက္ခိတကို အထူးအဆန်း ဖြစ်နေကြ၏။ ဒေသခံ Maasai လူမျိုးစုတစ်ခုရဲ့ဝတ်စားဆင်ယင်မှုနဲ့ ဆင်တူနေလို့ Maasai မဟုတ်ဘဲ ထေရဝါဒ ဗုဒ္ဓဘာသာဝင်ရဟန်းတော်တစ်ပါးဖြစ်ကြောင်းကို ရှင်းပြခဲ့ရ၏။
    အိမ်ပြန်ရောက်လိုက်တော့ မိခင်ဖြစ်သူက တအံ့တသြဖြစ်နေ၏။ ငါ့းသားနဲ့ တူတဲ့ပုဂ္ဂိုလ်ပါလား ငါ့သားလား  မသိ သားနှင့်တူသူကိုကြည့်ပြီး ဘယ်လိုဖြစ်လာတာလဲ နီညိုရောင် အ၀တ်ကြီးကို လွှမ်းခြုံထားပြီး ဆံကေသာ မရှိ ခေါင်ပြောင်ကြီးနဲ့  သေသေချာချာကြည့်ပြီး  ငါ့သား Steven  လားလို့  ဇဝေဇ၀ါနဲ့ မေးမြန်းခဲ့ရ၏။
  အမေ သား Steven ပါ  အမေ့သားပါဟု နှုတ်ကဖွင့်ဟပြောဆိုမှ မယ်တော်ကြီးသည် သားဖြစ်သူကို ကြည့်ကာ အာရ၀မ်းသာစွာနဲ့ ငါ့သားကို အိမ်အရောက် ပြန်ပို့ပေးသော God ကို ကျေးဇူးတင်ကြောင်း ပြောနေရှာ၏။ သား ဖြစ်သူနှင့် ကွဲကွာနေတာကြာပြီဖြစ်သော မိခင်ကြီးသည် သားဖြစ်သူ အဆန်းတကြယ် ၀တ်စားပြန်လာတာကို ငေးမောကြည့်ရှုပြီး စိတ်ထဲမှာ ဇဝေဇ၀ါတော့ ဖြစ်နေပါ၏။
   စိတ်ထဲမှာ ဇဝေဇ၀ါ ဖြစ်သော်လည်းဘဲ မတွေ့ရတာကြာပြီဖြစ်သော သားဖြစ်သူကို ပြန်တွေ့လိုက်ရတာ မိခင် ကြီး ၀မ်းနဲဝမ်းသာဖြစ်နေ၏။ သားရယ် အမေကိုပြစ်ထားပြီး ဘယ်တွေလျှောက်သွားလို့ ဘာတွေလုပ်နေတာ လဲဟု သားဖြစ်သူကို ပြောခြင်သော်လည်း နောက်တခါ ပြန်ထွက်သွားမှာဆိုးလို့ မပြောဖြစ်ခဲ့ပါ။ သားကိုသာ ငေးမောကြည့်ရှုပြီး အလွှမ်းဖြေနေရှာ၏။
 

Type your summary here. Type the rest of your post here.

No comments: