အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Monday, October 27, 2014

နို့ကြွေးဆပ်သူ-အာဂလူ(၂၂)





   မယ်တော်ကြီးကိုလည်း ဘာသာခြားအယူဝါဒမှ စစ်မှန်သော ဗုဒ္ဓဘာသာဝင်ဖြစ်အောင် ဆောင်ရွက်ပေးရမှာ က သားးဖြစ်သူ အရှင်၏တာဝန်သာဖြစ်၏။ အမေ့နို့ဖိုးကြေအောင်ဆပ်မည်ဟု သားဖြစ်သူအရှင်၏ စိတ်ထဲတွင် သန္ဒိဋ္ဌာန်ချထား၏။
    ထိုင်းလူမျိုးတွေကဆိုရင် ယူဂန်ဒါနိုင်ငံမှာ ဆရာတော် သီတင်းသုံးသရွေ့ကာလပတ်လုံး ဆွမ်းကိစ္စကို တာဝန် ယူပါရစေလို့ လျှောက်ထားတာလည်း တွေ့လိုက်ရ၏။ မယ်တော်ကြီးကို ဘာသာပြန်၍ အကြောင်းစုံ ပြန်ပြောပြ
လိုက်တော့ မယ်တော်ကြီး စိတ်ထဲမှာ ဗုဒ္ဓဘာသာကို အထင်ကြီး လေးစားလာတဲ့ စိတ်တွေ ဖြစ်ပေါ်လာ၏။
   အိမ်ကို ပြန်ရောက်တော့ တစ်ချိန်တုန်းက ခရစ်ယာန်ဘာသာဝင်ဖြစ်ခဲ့ပြီး လောလောဆယ်အနေအားဖြင့် အစ္စ လာမ်ဘာသာဝင်ဖြစ်နေခဲ့သည်မှာ ၁၀-နှစ်ခန့်ကြာပြီဖြစ်သော မယ်တော်ကြီဟာ ဗုဒ္ဓဆင်းတုတော်ရဲ့တင့်တယ် လှပတဲ့ ရူပကာယတတော်ကို သေသေချာချာ စူးစူးစိုက်စိုက် ကြည့်ရှုပြီး တသိမ့်သိမ့်ခံစားကာ  ကြည်ညိုမှုတွေ ဖြစ်ပေါ်လာပါပြီ။ ဗုဒ္ဓကိုကြည်ညိုသည့်အခါ ဗုဒ္ဓဝါဒကို သိချင်လာ၏ သားရဟန်းတော်အား ဗုဒ္ဓ၀ါဒ အကြောင်း ဟောပြရန် တောင်းပန်စကား ပြောလာပါတော့၏။
  သားဖြစ်သူအရှင် ၀မ်းသာလိုက်သည့်ဖြစ်ခြင်း ဒီလိုအချိန်နှင့် ဒီလိုအပြောမျိုးကို စောင့်နေခဲ့သူက ဤအရှင်သာ ဖြစ်၏ ခုတော့ မိမိမျှော်လင့်ခဲ့တာတွေ ဖြစ်လာခဲ့ပြီ အမေ့ကို ပထမဆုံးသာသနာပြုရတဲ့ အခွင့်အရေးကို ရရှိခဲ့ပါပြီ အမေ့ကို တရားဓမ္မတွေ ဟောပြလို့ မယ်တော်ကြီး ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သွားလေပြီ ။      
    ဘုရားကိုလည်းမယုံကြည်၊ တရားကိုလည်းမယုံကြည် ၊သံဃာကိုလည်းမယုံကြည် ကံ ကံ၏ အကျိုးကိုလည်း မယုံကြည်တဲ့ မယ်တော်ကြီးသည်၊ယခုတော့ ဘုရားကိုလည်းယုံကြည်၊တရားကိုလည်းယုံကြည်၊သံဃာကိုလည်း ယုံကြည်၊ ကံ ကံ၏ အကျိုးကိုလည်းယုံကြည်တဲ့ သဒ္ဓါတရားအပြည့်အ၀ဖြင့် ဗုဒ္ဓဘာသာဝင် တဦးဖြစ်ခဲ့လေပြီ။
     အမေ့နို့ဖိုးကို ကျေအောင်ဆပ်နိုင်သော သားထူးသားမြတ်ဖြစ်လေပြီ။မယ်တော်ကြီးနဲ့ တနွယ်ငင် တစင်ပါဆို သလို  နှစ်မတော်နဲ့ ယောက်ဖ၊ တူ/တူမ များအပြင် မိတ်ဆွေအချို့နဲ့ အနည်းငယ်သောယူဂန်ဒါ နိုင်ငံသားတွေ ဟာ သရဏဂုံ သုံးပါးနဲ့ ငါးပါးသော သီလတို့ကို တည်ဆောက်သူ ဗုဒ္ဓရဲ့တပည့်သာဝကများ ဗုဒ္ဓဘာသာဝင်များ ဖြစ်လာကြပါ၏။
        အခုတော့အာဖရိကတိုက်ရဲ့ ဗဟိုချက်မဖြစ်သော ယူဂန်ဒါနိုင်ငံတွင် ဗုဒ္ဓဘာသာစတင်ထွန်းကားလာခြင်း ဖြစ်၏။ဗုဒ္ဓသာသနာ အာဖရိက ဗဟိုချက်မ၌ ဖြစ်ပေါ်လာခြင်းသည် ဗုဒ္ဓဘာသာအတွက် အတိတ်ကောင်း နိမိတ် ကောင်းဟု ဆိုရမှာဖြစ်၏ ထိုယူဂန်ဒါနိုင်ငံတွင်the pearl of Africa မှာ ဗုဒ္ဓဝါဒဟာ အုတ်မြစ်ချခဲ့ပါပြီ။ ထိုနိုင်ငံ၌ ထိုလူမျိုးတို့ သာသနာဘောင်ရောက်ပြီဆိုလျှင် ထိုနိုင်ငံတွင် သာသနာတည်ပြီဟု ဆိုရပါ၏။     
   ဆရာတော်ဟာ ဂျပန်နိုင်ငံမှာ ကျင်းပတဲ့၊ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာညီလာခံကြီးကိုလည်း၊ ယူဂန်ဒါနိုင်ငံ တော် ကိုယ်စားပြုအနေနဲ့၊ပထမဆုံးတတ်ရောက်ခွင့်ရခဲ့ပါ၏။ယူဂန်ဒါနိုင်ငံ၏ ပထမဆုံး ဗုဒ္ဓဘာသာ ကိုယ်စလှယ် ဖြစ်ပါ၏။ King Oyo of Tooro ယူဂန်ဒါနိုင်ငံက Tooro ဒေသရဲ့ဘုရင်လေး Oyo ဟာလည်း၊ ဆရာတော်နဲ့အတူ အစည်းအဝေးကို တတ်ရောက်ခဲ့ပါ၏။
    မကြာသေးခင်က မြန်မာနိုင်ငံမှာ၊ သီတဂူဆရာတော်ဘုရားကြီး ဦးဆောင်ကျင်းပခဲ့တဲ့၊ ထေရဝါဒဗုဒ္ဓဘာသာ တက္ကသိုလ်ပေါင်းစုံ၊ အစည်းအဝေးကြီးကိုလည်း တတ်ရောက်ခဲ့ပါ၏။  ယူဂန်ဒါနိုင်ငံ Kampalaမြို့တော်က University of Makere ရဲ့ဖိတ်ကြားချက်ကြောင့်၊ ဟောပြောပွဲတစ်ခုကိုလည်း ဆရာတော်သည် မွေးရပ်မြေ၌ ဗုဒ္ဓဘာသာ၏အကြောင်းကို ဟောပြောခဲ့ပါ၏။ မိမိနိုငံ မိမိလူမျိုးရှေ့၌ မိမိယုံကြည်သော ဘာသာအယူဝါဒတခု ကို တင်ပြဆွေးနွေးရခြင်းသည် အရသာရှိလှပါ၏။
    အမေရိကန်နိုင်ငံ မဆာချူးဆက်တက္ကသိုလ်မှာလည်း၊ အခါအားလျော်စွာ၊ ဟောပြောမှုတွေ ပြုလုပ်ခဲ့၏။ အဲဒါ တွေကတော့ဆရာတော်ရဲ့၊ အောင်မြင်မှုတွေပါပဲ။ဆရာတော် ဗုဒ္ဓရက္ခိတမထေရ် ယူဂန္ဓာနိုင်ငံတွင်၊ ထေရ၀ါဒဗုဒ္ဓ သာသနာ ထွန်းကားအောင် ဆောင်ရွက်နိုင်ပါစေ၊ အာဖရိက ဗဟိုချက်မ နေရမှစတည်သော မြတ်ဗုဒ္ဓ သာသနာ သည်၊ အာဖရိကတတိုက်လုံး သင်္ကန်းရောင်တွေ ဖုံးလွှမ်းလိမ့်မည်ဟု မျှော်လင့်မိပါ၏။

 



Type your summary here. Type the rest of your post here.

No comments: