ကမ္ဘာမီးငြိမ်းသော အခါ မီးလောင်ရာအရပ်ဝယ် ရေ
မြေ လေ တို့၏ အောက်က ကောင်းကင်နှင့် အထက်ကောင်းကင်မှာ ဘာဆို
ဘာမှမရှိတော့ဘဲ ဟာလာဟင်းလင်း အတိသာဖြစ်တော့၏။ နေကြောင့် မီးလောင်၍
ကမ္ဘာပျက်ပုံဖြစ်၏။
၂၀၁၀-မြန်မာပြည်ရာသီဥတုသည်၊
အပူလှိုင်းကြရောက်မှုကြောင့်၊အပူဒီဂရီတွေမြင့် တက်ကာ၊ ရေတွင်းရေ ကန် ချောင်းမြောင်းတွေခန်းကုန်လို့၊
ပြည်သူတွေ ရေအခက်အခဲနဲ့ကြုံရသလို၊ အပူရှိန်ကြောင့်လဲ လူသေမှု သေ ခင်းတွေ ကြားနေရ၏။
အပူလှိုင်း ကြရောက်လာပုံကလည်း၊ ဒုတိယနေတစင်း ထွက်လာသလားလို့တောင် ထင် ယောင်မိ၏။
နေတစင်းထဲတောင် အပူချိန် ဒီလောက်မြင့်နေလျှင်၊နေနှစ်စင်းဆိုလျှင် အပူချိန်သည်
ဆိုဖွယ်ရာမရှိ တော့ပြီိ သဘောပေါက်သင့်၏။
ရေကြောင့်ကမ္ဘာပျက်ပုံ
နေကြောင့် ကမ္ဘာမီးခုနှစ်ကြိမ်လောင်ပြီးနောက်၊
ရှစ်ကြိမ်မြောက်ကမ္ဘာဝယ်၊ ရေဘေးကြောင့် ကမ္ဘာပျက်ကိန်း ကြုံလာပြန်၏။
သူတော်ကောင်းနတ်တွေလဲ ရှေးကလို ကြွေးကြော်ပြီးနောက်၊ ဒုတိယနေပေါ်ချိန်ဝယ် နေမပေါ် ဘဲ၊
ဆားငန်မိုးကြီးရွာသဖြင့်၊ စကြ၀ဠာတံတိုင်း မြင်းမိုရ်တောင်ကြီးများမှ စ၍ မွမွကြေကာ၊ ဒုတိယဈန် ဗြဟ္မဘုံ တိုင်အောင် လွှမ်ခြုံ
ရေစားသဖြင့်၊ ကမ္ဘာကြီး ဘာတခုမှ မကျန်အောင်၊ ပျက်ရပြန်၏။
လေကြောင့်
ကမ္ဘာပျက်ပုံ
မီးခုနှစ်ကြိမ် ရေတကြိမ်အားဖြင့်
အဆက်ဆက်ဖြစ်ပြီးနောက်၊ ၆၄-ကြိမ်မြောက်မှာ လေဖျက်ကိန်းကြုံပြန်၏။ လေပြင်းမုန်တိုင်းကြီးကျသဖြင့်၊
မြေမုန် သဲမုန် ကျောက်ခဲတို့ကို အစပြု၍၊ သစ်ပင် အိမ် ကျောက်တောင်များပါ အခြေပါ ကျွတ်အောင်
တိုက်လွှင့်ဆောင်ယူလေရာ၊ မြင်းမိုရ်တောင် စကြ၀ဠာတံတိုင်တို့ အပိုင်းပိုင်းပြတ်လျှက်၊
ကုဋေတသိန်းအတွင်းရှိတောင်ကြီးများ အခြင်းခြင်းရိုက်ခတ်မှု ပြင်းထန်လွန်းသောကြောင့်၊
တတိယဈန်ဗြဟ္မာ့ဘုံ နှင့်တကွ၊ အောက်တခွင်တွင်ရှိသမျှ ကမ္ဘာ့ အဆောက်အဦးတွေ၊ ဘာတခုမျှ
မကျန်အောင် ပျက်စီးလေတော့၏။
ကမ္ဘာပြုမိုးရွာသွန်းဖြိုးပြီးကမ္ဘာကြီး
စဖြစ်လာပုံ
ကမ္ဘာကြီး မဟာကပ် လေးပုံတပုံခန့်
ပျက်သည့်အတိုင်း၊ ဟာလာဟင်းလင်းတည်ပြီးနောက်၊ ကမ္ဘာကြီး ဖြစ် ပေါ်လာချိန်
ရောက်လတ်သော်၊ ကမ္ဘာပြုမိုးဖွဲလေးများကြလာပြီး၊ တစ်စ တစ်စ မိုးကြီးသီးထန်စွာရွာသွန်းလေ၏။
အဆက်မပြတ်ရွာသွန်းသောကြောင့်၊ စကြ၀ဠာ ကမ္ဘာတသိန်းလုံး၊ ရေအယဉ်တွေပြည့်လာ၏။
ထိုရေကို
အောက်သို့ လျှောမကြရအောင်၊ အဇဋာကာသ ဟုခေါ်အပ်သော အောက်ကောင်းကင်မှ၊ လေဟုန် ထလျှက်
အထက်သို့ပင့်တိုက်ထားရုံမက၊ ကုဋေတသိန်းအပြင်ဘက်က၊ စကြ၀ဠာများသို့လည်း၊ ရေအယဉ်မစီး သွားရအောင်၊
နံပါး လေးဘက်မှ တိုက်ခိုက်လျှက်၊ ဆီးကာထားလေ၏။ ကမ္ဘာပြုမိုးရေသည်၊ အောက်သို့လည်း မကျ ဘေးသို့လည်း မစီးဘဲ၊
ဟင်းလင်းပြင်တွင် တည်နေတော့၏။
ထိုကမ္ဘာပြုမိုးရေများ လေအဟုန်ကြောင့်
တဖြေးဖြေးလျှောကြပြီး၊ ခန်းခြောက်လာသောအခါ၊ ရှေးကပျက် သွားသောဗြဟ္မာပြည်
နတ်ပြည်များ အစဉ်အတိုင်း ပထမဆုံး ပြန်လည်ပေါ်ထွန်းလာ၏။ ရေအယဉ်များ တဖြေး ဖြေးလျှောကြ၍၊ ခန်းခြောက်လာသောအခါ၊
ရှေးတုန်းက မြေကြီးတည်ရာအရပ်သို့ရောက်လေသော် အလွန်အား ကောင်းသော လေအဟုန်က
ထိန်းချုပ်ထားသဖြင့်၊ အောက်သို့ မလျှောကြဘဲ ရေပြင်ကြီးတန့်နေ၏။
(ဒါလဲ ယ္ခုအာကာသတက်သော ဂြိုလ်တု
ဒုံးပျံစသည်များ ကမ္ဘာပတ်လမ်းမှထွက်ခွာသွားလျှင် လေမရှိတော့ ကြောင်း၊ အာကာသအကြောင်း
လေ့လာကြည့်ရှုလျှင် တွေ့မြင်နိုင်ပါ၏။ ကမ္ဘာကြီးကို လေစွဲငင်ဓါတ်ဖြင့်ထိမ်းချုပ်
ထားသည်ဆိုတာ သိသာထင်ရှားလေ၏။)
အချိန်ကာလ ကြာလာသောအခါ၊ တဖြေးဖြေးခန်းခြောက်လာ၍၊ ရသပထ၀ီဟု ခေါ်အပ်သော၊ မြေဆီအဖြစ် သို့ ရောက်လာ၏။
ထိုပထမဆုံးဖြစ်လာသော ရသပထ၀ီမြေအဆီသည်၊ နွားနို့ကြိုသောအခါ အပေါ်ယံတက်
လာသော မလှိုင်ကဲ့သို့၊ အလွန်
မွေးကြိုင်၍ ချိုမြန်သော အရသာရှိလေ၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment