အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Thursday, October 16, 2014

နို့ကြွေးဆပ်သူ-အာဂလူ(၁၄)





      နိုင်ငံခြားသားတယောက်ကလဲ မြန်မာပြည်ရဲ့ ဘာသာရေးကို ဝေဘန်ပြောဆိုတဲ့ စာဖတ်ဘူး၏ မြန်မာတွေ ဗုဒ္ဓဘာသာ ကိုယ်းကွယ်တာ အမည်ခံသက်သက်ပါတဲ့ အဓိကကိုယ်းကွယ်တာက နတ်ဖြစ်တယ် အိမ်တိုင်းအိမ် တိုင်း နတ်နဲ့မကင်းတာကို တွေ့ရ၏ဆိုထား၏။ တခြားနိုင်ငံသားတွေ  ပြောမယ်ဆိုလျှင်လဲ  ပြောဆိုလောက်ပါ၏။   မြန်မာအိမ်အများစုကလဲ နတ်အုန်းသီးနဲ့ မကင်းတဲ့အိမ်က အများစုဖြစ်နေတာကိုး။
     ဗုဒ္ဓဘာသာအမည်ခံပြီး၊ တခြားကိုးကွယ်စရာတွေများလှသော မြန်မာတွေ၊ ကိုယ့်ကိုယ်ကို သဒ္ဓါတရားကော
အစစ်အမှန်ရှိရဲ့လားလို့ တွေးမှတွေးမိပါစ။မသိချင်ယောင်ဆောင်၍ ဖြစ်ချင်ရာဖြစ်ဆိုပြီး၊ကိုယ်းကွယ်နေတာလား။ မိမိရိုးရာစဉ်လာမပျက်ရအောင် မှားမှန်းသိရက်နဲ့၊ ဆက်မှားနေတာလား၊ မြန်မာတို့ရဲ့  ပြည်တွင်းဖြစ်နတ်တွေ၏။ ရာဇ၀င်ကို ပြန်လည်လေ့လာကြည့်တော့လည်း၊ သေချာရေရာသည့် အကြောင်းအရာမတွေ့ရ။ ဇွတ်နတ်ဖြစ်ခိုင်း လိုက်သည့် ပုံစုံမျိုးတွေလည်း များစွာတွေ့မြင်ရ၏။ ဘုရင်စတေးခံရလို့ နတ်ဖြစ်သွားတဲ့ ပုဂ္ဂိုလ်က အများစုဖြစ်၏။ စဉ်းစားချင့်ချိန်ရန်ဖြစ်၏။
     မြန်မာပြည်တွင်ရှိကြသော မိဘအများစုသည်၊ ဇဝေဇ၀ါ မရေမရာ ရောင်ချာချာ သဒ္ဓါတရားနဲ့၊ဘာသာတရား အပေါ်မှာ၊ စမ်းတ၀ါးဝါးနဲ့ ကိုယ်းကွယ်သူတွေက၊ တော်တော်များမယ်ထင်၏။ မိဘတွေ သဒ္ဓါတရား အစစ်အမှန်   ဖြစ်ပေါ်လာဖို့ဆိုတာလဲ၊ သားသမီးများဖြစ်ကြတဲ့၊   မိမိတို့ကိုယ်တိုင်က၊ ရောင်ချာချာ၊ ဇဝေဇ၀ါ ၊မဖြစ်ဖို့ အတွက် ရှေးဦးစွာ မှန်မှန်ကန်ကန် သုံးသပ်ပြီး၊ သဒ္ဓါတရား အစစ်မှန်ဖြစ်ဖို့ ပိုအရေးကြီးပါ၏။
     သားသမီးတွေက သဒ္ဓါတရားအစစ်အမှန်ဖြစ်ပေါ်လာမှ။ အမှားကြာလို့ အမှန်ဟုယူဆနေသော မိဘများ၏ ရောင်ချာချာ ဇဝေဇ၀ါ သဒ္ဓါတရားကို၊ အစစ်အမှန် ဖြစ်အောင်လုပ်ပေးနိုင်မှာဖြစ်၏။  မိဘအချို့သည် သူတို့ရိုးရာ အစဉ်အလာအရ ကိုယ်းကွယ်လာသော နတ်တွေ ၊ဘိုးတော် မယ်တော်တွေ ၊ဗေဒင် ယတြာ ဓါတ်ရိုက် ဓါတ်စင် တွေ၊ နှစ်လုံး သုံးလုံးပေးပြီး ရိုက်စားလုပ်စားတဲ့ ပုဂ္ဂိုလ်တွေ၊ နတ်အုန်းသီးတွေ များပြားလှသော ကိုယ်းကွယ်ရာ တွေနဲ့ ပျော်မွေ့နေတတ်ပါ၏။
   အဲဒီလို ယုံကြည်မှု အမှားသံသရာထဲမှာ၊ချာချာလည်နေသော မိဘအချို့ကို၊ ဆွဲထုတ်နိုင်ဖို့ဆိုတာ အတော်ကို ကြိုးစားရမှာဖြစ်၏။ ရိုးရာဆိုသည့် အစွဲစိတ်ကလဲ မိဘတွေမှာ အစွဲသန်လှ၏။ တော်ရုံတန်တန် ချွတ်ဖို့မလွယ်၊ အဲဒီအစွဲတွေကို ချွတ်ဖို့ ဆိုတာ၊ ဇွဲကောင်းကောင်းနဲ့ ကြိုးစားရမည်။ သီးခံစိတ်နဲ့  နားဝင်အောင်ဖျောင်းဖြတတ်ရ မည်၊ လက်တွေ့ဆန်ဆန် သဘာဝ အမှန်တရားတွေနဲ့ နှုင်းယှဉ်ပြပြီး အမှားအမှန်ကို ခွဲခြားဝေဘန်ပြတတ်ရမည်။
      ဥပမာအားဖြင့် မိမိတို့မြန်မာရာဇ၀င်တွင်   အနော်ရထာဘုရင်သည်   စံတင်လောက်သော  ပုဂ္ဂိုလ်ဖြစ်၏။ အနော်ရထာ ဘုရင်သည် သူ၏ကျေးဇူးရှင်မိဘများကို ဓမ္မပူဇာဖြင့် အမေ့နို့ဖိုးကြေအောင် ကျေးဇူးမဆပ်နိုင်ခဲ့။ မိဘတွေအပေါ် ကျေးဇူး မဆပ်နိုင်ခဲ့သော်လည်း၊ မိမိထက်သက်ရွယ်ကြီးရင့်သူများကို၊  ပြည်သူသည်သာအမိ၊  ပြည်သူသည်သာအဖဟု၊ မိမိ-မိဘကဲ့သို့ သဘောထား၍သော်လည်းကောင်း၊  မိမိအောက် ငယ်ရွယ်သူများကို    မိမိရင်ဝယ်သားကဲ့သို့၊  သဘောထား၍လည်းကောင်း၊ တိုင်းသူပြည်သားတွေ၊ သဒ္ဓါတရားအစစ်အမှန်ရောက် အောင်၊ ဆောင်ရွက်ပေးခဲ့ပါ၏။
      ပထမမြန်မာနိုင်ငံကို၊ စတင်တည်ထောင်ခဲ့သော၊ အနော်ရထာဘုရင်၏၊ မိဘ ဘိုးဘွား အစဉ်အဆက်သည်၊ မှားယွင်းစွာ ကျင့်နေသော အရည်းကြီးဝါဒနှင့်၊ နတ်မျိုးစုံကို ကိုယ်းကွယ်ကြ၏။တိုင်းသူပြည်သားတွေလဲ အရည်း ကြီးဝါဒကိုယ်းကွယ်သူ၊နတ်ကိုယ်းကွယ်သူ၊ မိရိုးဖလာကိုယ်းကွယ်မှုတွေနှင့်၊ မျိုးစုံလှ၏။ အရည်းဝါဒ၏ ပန်းလွတ် ပူဇော်ပွဲသည်၊ ပုဂံရာဇ၀င်တွင် အကြည်းတန်လှသော ပြယုဂ်တခုဖြစ်၏။
 အနော်ရထာဘုရင်မင်းဖြစ်လာတော့ ဤ၀ါဒဆိုးတွေကို၊ စက်ဆုပ်ရွံရှာလှ၏။ မိမိတိုင်းသူပြည်သားတွေမှားယွင်း သော အယူအဆတခုကို၊ လက်ခံကျင့်သုံးနေတာ တွေ့ရတော့ ရင်ထဲမှာ မချိလှပါ။ မှန်ကန်သော တရားဓမ္မတွေ ကို ဟောပြောပို့ချပေးမည့် ပုဂ္ဂိုလ်တွေမရှိတာနှင့်၊ မိဘဘိုးဘွားများ အစဉ်အဆက်  ကိုယ်းကွယ်ခဲ့သော ဤ၀ါဒ ဆိုးတွေကိုသာ စိတ်လက် မကြည်မသာဖြင့်သည်းခံကိုယ်းကွယ်နေရ၏။ စိတ်ထဲမှာတော့ လုံးဝဘ၀င်မကျလှပါ။
 


Type your summary here. Type the rest of your post here.

No comments: