အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Wednesday, October 29, 2014

နို့ကြွေးဆပ်သူ-အာဂလူ(၂၄)





   လောကမှာ၊သူတော်ကောင်းလိုကျင့်ရင်လည်း၊ရိုးသားဖြောင့်မတ်သောကြောင့်၊ပေါင်းသင်းရတာအစဉ်ပြေ၏။
သူယုတ်မာလိုကျင့်ရင်လည်း၊ လူမိုက်ဟုထင်ရှားသောကြောင့်၊ ရှောင်ရတိမ်းရလွယ်ကူ၏။ လူလိမ်မာ၊ သူတော် ကောင်းနှင့်၊ လူမိုက် သူယုတ်မာသည်၊ သူတို့အကျင့်တွေကို၊ ထင်ရှားစွာပြတတ်သောကြောင့်၊ ရိုးသားသည်ဟု ဆိုရမှာဖြစ်၏။
     သူတော်ကောင်းယောင်ဆောင်ပြီး၊ သူယုတ်မာအကျင့်ကို၊ ကျင့်နေသူတွေသာလျှင်၊ လောကအတွက်၊ အန္တ ရာယ် အရှိဆုံး၊ ပုဂ္ဂိုလ်တွေဖြစ်၏။ ဤလို အယောင်ဆောင် ပရဟိတသမားတွေ များလာလျှင်၊ ပရဟိတဆိုတဲ့ စကားလုံးကို၊ အရောင်ဆိုး ခံရတော့မှာဖြစ်၏။ ပရဟိတ စကားလုံးကို၊ လူတွေရွံလာတော့မှာဖြစ်၏။
      သတ္တ၀ါတွေအသက်ရှည်ရေးဆိုတဲ့၊ ပါဏာတိပါတကို၊ အနှစ်သာရပိုင်းဆိုင်ရာ၊ အထူးကျင့်မည့် သူတွေရဲ့၊ သဏ္ဍာန်မှာ၊ တလောကလုံးကို ရန်သူမိတ်ဆွေမခွဲဘဲ၊ချစ်နိုင်တဲ့ စိတ်ထားနိုင်သူ။ တလောကလုံးကို သနားကျင် နာတတ်တဲ့ စိတ်ထားနိုင်သူ။ တလောကလုံးကို မြတ်နိုးတဲ့ စိတ်ထားနိုင်သူ။ တလောကလုံးကို ခွင့်လွှတ်တတ် တဲ့ စိတ်ထားနိုင်သူ။ ဤလို မွန်မြတ်တဲ့စိတ်ရှိသူသာလျှင်၊ ပါဏာတိပါတကို အနှစ်သာရအားဖြင့် အထူးကျင့်နိုင် သူဟု ဆိုရမှာဖြစ်၏။
   ကမ္ဘာ့မီဒီယာကို ကြည့်မယ်ဆိုလျှင်လည်း၊အီရတ်မှာ အိုက်စစ်တွေ၏ တိုက်ခိုက်မှုကြောင့်၊ဇာဒီယာနှင့် ကဒ်မျိုး နွယ်စုတွေ၊ ထောင်သောင်းချီပြီး၊ တောတောင်တွေထဲ ထွက်ပြေးနေရတဲ့အတွက်၊စားရမဲ့၊ သောက်ရမဲ့၊ ဖြစ်နေတဲ့  ဒုက္ခသည်တွေကို၊ အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ စသောနိုင်ငံတွေက ၊လေယဉ်ပေါ်မှ ၊စားသောက်ဖွယ်တွေ၊ ချပေးနေတာလဲ၊ သတ္တ၀ါတွေအသက်ရှည်အောင်၊အသက်နဲ့ရင်းပြီး၊ကျိုးစားအားထုတ်ပေးတာလည်း၊မီဒီယာမှာ တွေ့နေရပါ၏။
     ငတ်မွတ်ခေါင်းပါးဘေးနဲ့၊ ကြုံတွေ့နေရတဲ့အာဖရိကမှ၊အီသီယိုပီးယား၊ကညာ၊ဆိုမာလီယာလို ၊နိုင်ငံမျိုးတွေ ကိုလည်း၊ အငတ်ဘေးမှ၊ လွှတ်မြောက်အောင်ဆိုပြီး၊ ဘာမျှော်လင့်ချက်မှမပါဘဲ၊ အကူအညီတွေ၊ ရက်ရက်ရော ရော၊ ပေးကြတာကိုလည်း၊ ၀မ်းမြောက်ဖွယ်တွေ့မြင်ရ၏။
    သူတို့လည်း၊ပါဏာတိပါတသိက္ခာပုဒ်ကို၊အနှစ်သာရပိုင်းဆိုင်ရာ၊ထူးခြားသောအကျင့်ကို၊ကျင့်နေကြသည်ဟု ဆိုရမှာဖြစ်၏။ ဒါပေမဲ့၊ သူတို့တတွေ တကယ်ဘဲ၊ ပရဟိတစိတ်နဲ့ ကူညီနေတာလား၊ ဆိုတာကိုတော့၊ သုံးသပ်ရ မှာပါ။ ကိုယ့်ဘာသာကြောင့် ကူညီနေတာလား၊ကိုယ့်လူမျိုးမို့ ကူညီနေတာလား၊အားနဲသူကို၊ အားကြီးသူတွေက နှိပ်ဆက်လို့၊ကူညီနေတာလား ဆိုတာကိုတော၊့ သုံးသပ်ရမှာဖြစ်၏။
     ကိုယ့်ဘာသာ ကိုယ့်လူမျိုးမို့ ကူတာဆိုလျှင်တော့၊ သူတို့ကူညီတာလည်း၊ ပါဏာတိပါတကို၊အနှစ်သာရပိုင်း ဆိုင်ရာ၊ ကျင့်သုံးသည်ဟု မဆိုသာ၊ သူလိုကိုယ်လို၊ ရိုးရိုးသာမန်ကျင့်နိုင်လောက်ရုံသာဖြစ်၏။ လောကကြီးကို သာမန်လောက်၊ချစ်တတ်၊ ကျင်နာတတ်၊ မြတ်နိုးတတ်၊ ခွင့်လွှတ်တတ်၊သူတွေဟာ လောကအတွက်၊ သာမန် လောက်ဘဲ ကျင့်နိုင်မှာဖြစ်၏။
   အငတ်ဘေးနဲ့ ကြုံတွေ့နေရတဲ့၊ နိုင်ငံတွေကို၊ ဘာနှောင်ကြိုးမှမပါဘဲ၊ ရက်ရက်ရောရော၊ လှူဒါန်းသူတွေက တော၊့ လောကကြီးကို၊ထူးထူးခြားခြား၊ ချစ်တတ်၊ ကျင်နာတတ်၊ မြတ်နိုးတတ်၊ ခွင့်လွှတ်တတ်၊ သူတွေဖြစ်တာ ကြောင၊့် ပါဏာတိပါတကို၊ အနှစ်သာရပိုင်းဆိုင်ရာဖြင့်၊ ကျင့်သုံးနိုင်သူတွေဟု၊ ဆိုရမှာဖြစ်၏။
 


Type your summary here. Type the rest of your post here.

No comments: