မထေရ်မြတ်တွေသည် သုဝဏ္ဏဘူမိဘုရင်နှင့်တကွ၊
တိုင်းသူပြည်သားတွေ အားထားကိုယ်းကွယ်ရာအစစ် အ မှန်ဖြစ်သွားတော့၏။ အဲဒီအချိန်တွင်
ဘီလူးမသည် ဘုရင်၏မိဖုရားမှ သားတော်မွေးဖွားကြောင်းသိရ၍၊ ဘုရင့် သားတော်ကိုစားရန်၊ပင်လယ်ထဲမှ ကမ်းပေါ်သို့တက်လာလေ၏။
ဘီလူးမကိုတွေ့မြင်ကြသော သုဝဏ္ဏဘူမိ ပြည် သူပြည်သားတွေသည်၊ ဆရာသခင်မထေရ်ရှင်တို့အား၊
ဘုရင့်သားတော် ဘီလူးမစားမည့်ဘေးရန်မှ၊ ကာကွယ်
ပေးပါရန်၊ တောင်းပန်လျှောက်ထားလေတော့၏။
မထေရ်မြတ်တို့သည်၊ မနုဿီဟရုပ်ဖန်ဆင်းကာ၊ လေဟုန်ခွင်း၍၊
ဘီလူးမအား တိုက်ခိုက်မည့်ဟန်ဖြင့်၊ ချိန်းခြောက်
လိုက်သောအခါ။ ဘီလူးမကြောက်လန့်ပြီး
ပင်လယ်ထဲသို့ ဆင်းပြေးလေတော့၏။ မော်လမြိုင် ဘီလူးကျွန်းချောင်းဆုံသည်။
ဒီဘီလူးမနှင့်များ ဆက်စပ်နေသလားဟု တခါတလေ
စဉ်းစားဆင်ခြင်မိ၏။
ရုပ်ပလီ မနုဿီ ဖင်နှစ်ခွရယ်နဲ့
ယုံရမှလား----------ဟု ရှေးစာဆိုတွေ စပ်ဆိုခဲ့ကြ၏။ စာရဲ့အဓိပ္ပါယ်ကတော့ ရုပ်ကလဲ
လူလိုလို နတ်လိုလို ပလီပလာနဲ့၊ နောက်မှာလဲ ဖင်ကနှစ်ခွ တိရစ္ဆာန်နဲ့တူတယ်၊
ဒီလိုမနုဿီဟရုပ်မျိုး လောကတွင် တကယ် ရှိခဲ့သလားဟု မေးထားခြင်းဖြစ်၏။
ဟို---ရှေးယခင်
သထုံ ဘီလူးဝင်စဉ်က၊ ထေရ်အရှင် ဖန်လာပြတယ်
ယုံကြစေသား-------ဟု စာဆိုရှင်ကဘဲ ပြန်လည် ဖြေဆိုထားခြင်းဖြစ်၏။ ဒီ-မနုဿီဟရုပ်ဆိုတာ
လောကမှာတကယ်ရှိသော သတ္တ၀ါမဟုတ်ဘူး၊သုဝဏ္ဏ ဘူမိခေါ် သထုံကို ဘီလူး ၀င်စဉ်က၊ မထေရ်မြတ်တွေ ဖန်ဆင်းပြီး၊ဘီလူးမကို
ချိန်းခြောက်နှင်ထုတ်လိုက်သော
ဖန်ဆင်းရှင်ပုံသဏ္ဍာန်သာဖြစ်တယ်။လောကတွင်တကယ်မရှိဟုဖြေဆိုထားခြင်းဖြစ်၏။ဒီဇတ်လမ်းကိုအကြောင်း
ပြုပြီး၊ ယ္ခုခေတ်ဘုရားတည်သောအခါ၊ မနုဿီဟရုပ်တွေ ဘုရားယင်ပြင်တည်ထားပြီး၊ ဘီလူးအန္တရာယ်ကာ
ကွယ်ရအောင် ထုထားဟန်တူပါ၏။
သုဝဏ္ဏဘူမိ သထုံပြည်တွင်၊ သာသနာ့ အဦးအမွန်တွေဖြစ်သော၊
မြန်မာပြည်တွင်၊ သံဃံ သရဏံ ဂစ္ဆာမိ ဟ၊ု မြန်မာပြည် သားတွေ၊ ပထမဆုံးဆိုခွင့်နှင့် ပထမဆုံး ကိုယ်းကွယ်ခွင့်ရရှိသော၊ အရှင်သောနနှင့် အရှင်ဥတ္တရ မထေရ်မြတ်ကြီးတွေ၏။
အဆက်အနွယ် တပည့်သာဝကဖြစ်သော၊ အရှင်ဓမ္မဒဿီ(ခ)ရှင်အရဟံမထေရ်မြတ် သည်၊ သက်တော်ငယ်ငယ်ရွယ်ရွယ်နှင့်ပင်၊ ရဟန်းကိစ္စပြီးနေသော
ရဟန်းတော်တပါးဖြစ်၏။
အနာဂတံသ ဥာဏ်တော်ဖြင့်၊ သာသနာတော်
တည်တန့်ပြန့်ပွာရေးကို၊ ကြည့်ရှုတော်မူသောအခါ၊
ပုဂံပြည်ရှိ အနော်ရထာဘုရင်နှင့်၊ သာသနာပြုဘက်ဖြစ်ကြောင်းသိရှိရ၏။အနော်ရထာဘုရင်နှင့်၊
လက်တွဲသာသနာပြုလျှင်၊ ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကြီး၊မြန်မာပြည်အနှံ့၊
ထွန်းလင်းတောက်ပလာမည်ဆိုတာ သိတော်မူသည့်အတွက်၊ ရှင်အရဟံမထေရ်မြတ်သည်၊
နောက်ပါသံဃာတော်တွေနှင့်၊ ပုဂံပြည်သို့၊ သာသနာပြုခရီး ကြွတော်မူလာ၏။
မှန်ကန်သော ဓမ္မကို လိုလားတောင်းတနေသော
အနော်ရထာဘုရင်နှင့်၊ လောကသဘာဝ အမှန်သစ္စာတရား ကို၊ ဝေနေယျတို့အား ထင်ရှားစွာသိစေလိုသော
ရှင်အရဟံမထေရ်မြတ်တို့၊ ပုဂံပြည်တနေရာတွင် ဆုံကြလေရာ၊ တနည်းအားဖြင၊့် အမှန်လိုလားသူနှင့်၊
အမှန်ပြတတ်သူတို့ တွေ့ဆုံကြသောပွဲသည်၊ လရောင်ဆမ်းမှ၊ ပွင့်ချပ်လွှာ တို့၊
တလွှာခြင်းပွင့်လာသော ကုမုဒြာကြာပန်းကဲ့သို့လည်းကောင်း၊ ဘာသာဆိုးတွေအောက်တွင်၊အေးချမ်းသည့်
အမှန်တရားလရောင်တွေ မဆမ်းနိုင်သော၊ ပုဂံပြည်ကြီးသည်၊ ယ္ခုတော့
ရှင်အရဟံတည်းဟူသော လမင်းကြီး အောက်တွင၊် ကြာပန်းနှင့်တူသော ပုံဂံပွင့်ချပ်လွှာတို့သည်၊
တလွှာခြင်း ပွင့်လာပါတော့မည်။
အနောရထာဘုရင်သည်၊ ရှင်အရဟံမထေရ်မြတ်ကို၊
မြင်မြင်ခြင်းပင်၊ အားကိုးချင်စိတ်တွေ ပေါ်ပေါက်လာ၏။ ရှေးရေစက်က စေ့ဆော်မှုကြောင့်လဲ၊
ရင်းနှီးခင်မင်စိတ်တွေ ဖြစ်ပေါ်နေ၏။ ဒကာတော်မင်းမြတ်၊ ဒို့ကို သမဏလို့ ခေါ်တယ်၊ သမဏဆိုတာ၊
အိမ်ထောင်မပြု၊ သူ့သက်မသတ်၊ လိမ်မပြော၊ ညစာမစား၊ အရက်မသောက်၊ စသော အကျင့်များကို
ကျင့်သုံးသူများ ဖြစ်တယ်ဟု။ အနည်းငယ်သောအကျင့်ကိုပြောလိုက်သော၊် အနော်ရထာအတိုင်း ထက်အလွန်ကြည်ညိုသွား၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment