အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Thursday, October 30, 2014

နို့ကြွေးဆပ်သူ-အာဂလူ(၂၅)





   ပါဏာတိပါတကို၊ ကိုယ်တိုင်အသိထူးနဲ့သိပြီး၊ ကိုယ်တိုင်အကျင့်ထူးနဲ့၊ ကျင့်နိုင်သူတွေသည်၊ မိမိကိုယ်တိုင် လည်း၊ ကိုယ်ကျင့်တရားနဲ့ပြည့်စုံ၊ သတ္တ၀ါတွေလည်း၊ အသက်ရှည်စေသောကြောင့်၊ လောကီရေးရာဘဲ ကြည့် ကြည့်၊ လောကုတ္တရာရေးရာဘဲကြည့်ကြည်၊့ အပြစ်ကင်း၍၊ ပညာရှိသူတော်ကောင်းတွေ၊ ချီးမွမ်းအပ်သော တရားတွေသာဖြစ်၏။
     ကိုယ်တိုင်လက်တွေ့ကျင့်သုံးနိုင်သူသည်၊မိမိကိုယ်ကို၊မိမိကြည်ညိုခြင်းဆိုသည့်၊အကျိုးတရားကိုလည်း၊ ရရှိ ၏။ပတ်ဝန်းကျင်မှ၊ချီးမွမ်းစကားတွေ ပြောဆို၍၊လေးလေးစားစား၊ခင်ခင်မင်မင်၊ဆက်ဆံလာတတ်ပါ၏။ ယ္ခုဘ၀ ဖြစ်ပေါ်လာမည့်ဘေးအန္တရယ်ဆိုးတွေမှလည်း၊ ကင်းဝေးနိုင်၏။ နောင်သံသရာအတွက်လည်း၊ အလွန် စိတ်ချရ သော၊ အသိထူးနဲ့ အကျင့်ထူးတွေ ဖြစ်သောကြောင့်၊ ပရဟိတသမားစစ်စစ်တွေ၊ လိုက်နာကျင့်သုံးရမှာဖြစ်၏။
    သီလတွေ မစောင့်ထိမ်းနိုင်တဲ့ မိဘတွေကို၊သီလတွေ စောင့်ထိမ်းလာနိုင်အောင်၊ဆောင်ရွက်ပေးနိုင်တဲ့ သား သမီးတွေသာလျှင၊် အမေ့နို့ဖိုးကျေအောင်ဆပ်နိုင်သူဟု ဆိုထားသောကြောင့်၊ စာရှုသူ၏ မိဘတွေလည်း၊ ပါဏာ တိပါတနဲ့ စီးပွားရေးလုပ်ပြီး၊မိသားစုကို ရှာဖွေကျွေးမွေးနေတဲ့၊မိဘတွေ ရှိကောင်းရှိနိုင်ပါ၏။ သားတွေ သမီးတွေ စားဝတ်နေရေးအတွက်၊အကုသိုလ်နဲ့ရင်းပြီး ရှာဖွေကျွေးမွေးနေတဲ့ မိဘတွေလည်း၊လောကတွင် များစွာရှိပါ၏။
     မိဘတွေသည် သားသမီးအတွက်ဆိုလျှင်၊ ဘယ်လိုဘဲ ပေးဆပ်ရ ပေးဆပ်ရ၊ ပေးဆပ်ဝန့်သူတွေ၊ အနစ်နာ ခံဝန့်သူတွေသာဖြစ်၏၊ပါဏာတိပါတနဲ့ စီးပွားရေးလုပ်ပြီး၊မိသားစုစားဝတ်နေရေးကို၊ဖြေရှင်းနေတဲ့၊မိဘတွေ၊များ စွာရှိပါ၏။ မြန်မာပြည်မှာဆိုလျှင၊် ငါးမွေးမြူရေး၊ ပုဇွန်မွေးမြူရေး၊ ၀က်မွေးမြူရေး၊ နွားမွေးမြူရေး၊ ကြက်ဘဲမွေး မြူရေးစသည်ဖြင့်၊မွေးမြူရေးပေါင်းစုံလုပ်ပြီး၊ မိသားစုအရေးကို၊ဖြေရှင်းနေတဲ့ မိဘတွေရှိသလို၊စီးပွားဖြစ်ဆောင် ရွက်နေသော မိဘတွေလည်း များစွာရှိပါ၏။
      တောသူတောင်သားတွေဆိုလျှင်လည်း၊လယ်ယာလုပ်ငန်းလုပ်တဲ့ မိဘတွေလည်း၊မိသားစု စားဝတ်နေရေး ဖြေရှင်းဖို့၊ ငါးရှာဖားရှာ ဆောင်ရွက်နေရတဲ့ မိဘတွေလည်းရှိပါ၏။ တောင်ယာလုပ်ကိုင်တဲ့မိဘတွေလည်း၊ ဖွတ် ပဒတ်ရှာပြီး မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေရတဲ့ မိဘတွေလည်းရှိပါ၏။ တောတောင်နဲ့နီးကပ်စွာနေတဲ့ မိဘတွေလည်း၊ တောထဲတွင်၊ ရတဲ့သားကောင်ရှာဖွေပြီး၊ မိသားစုစားဝတ်နေရေးကို၊ ဖြေရှင်းနေရတဲ့၊ မိဘတွေ လည်း၊ များစွာရှိပါ၏။
     မလေးရှားရောက် မြန်မာတွေလည်း၊အကုသိုလ်အလုပ်နဲ့ စီပွားရှာနေရတဲ့၊ မြန်မာတွေများစွာရှိ၏။ မိဘနေရာ ကပါဝင်ပြီး၊ မြန်မာပြည်ရှိ သာသမီးတွေကို၊ ငွေမှန်မှန်ပို့ပြီး၊ ကျောင်းထားသင့်တဲ့ သားသမီးတွေကိုကျောင်းထား၊ စားဝတ်နေရေး အစဉ်ပြေအောင်၊ လုပ်ကိုင်ကျွေးမွေးနေရတဲ့ မိဘတွေရှိသလို။ မိဘတွေကို၊ အကုသိုလ်နဲ့ရင်းပြီး၊ စီပွားရှာနေတဲ့၊ သားသမီးတွေလည်း၊ များစွာရှိပါ၏။
     အရှင်လတ်လတ်ကို၊လက်ညိုးထိုးပြီး၊ချက်ခိုင်းတဲ့ စားသောက်ဆိုင်မှာလုပ်ရတဲ့၊ စဖိုမှုးတွေသည်၊ အကုသိုလ် နဲ့ရင်းပြီး၊ လုပ်ရတဲ့သူတွေပါ။ပင်လယ်စာတွေဖြစ်တဲ့၊ ဂဏန်းတွေ၊ ခရုတွေဆိုလျှင်၊ အရှင်လတ်လတ်ရေနွေးထဲ ထည့်ပြုတ်ရ၊ အရှင်လတ်လတ် သတ်ဖြတ်ခုတ်ထစ်ပြီး ချက်ပြုတ်ပေးရတာပါ၊ တချို့မြန်မာတွေလည်း၊ ဘုန်းကြီး ကျောင်းလာပြီး၊ ရင်ဖွင့်ကြ၏။    
     သူတို့ သတ္တ၀ါတွေ သတ်ဖြတ်ရတဲ့ အလုပ်တွေကို မလုပ်ချင်ကြပါ၊ အလုပ်မရှိခင်၊ရတဲ့အလုပ်ကို၊၀င်လုပ်နေ ရခြင်းဖြစ်၏။ အလုပ်သစ်ရှာဖွေလို့ရလျှင၊် ဒီအလုပ်မှ ချက်ခြင်းထွက်မှာပါဟုပြောပါ၏။ တချို့လည်း အလုပ်သစ် ရလို့၊ သတ္တ၀ါတွေ သတ်ရတဲ့အလုပ်က၊ ထွက်လိုက်ပြီဖြစ်ကြောင်း၊ တယ်လီဖုံးနဲ့ လျှောက်ထားကြ၏။
 


Type your summary here. Type the rest of your post here.

No comments: