အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။
Friday, November 7, 2014
နို့ကြွေးဆပ်သူ-အာဂလူ(၂၉)
    ကိုယ်တိုင်လက်တွေ့ကျင့်သုံးနိုင်သူသည် မိမိကိုယ်ကို မိမိကြည်ညိုခြင်းဆိုသည့် အကျိုးတရားကိုလည်း ရရှိ ၏။ ပတ်ဝန်းကျင်မှ ချီးမွမ်းစကားတွေ ပြောဆို၍ လေးလေးစားစား ခင်ခင်မင်မင် ဆက်ဆံလာတတ်ပါ၏။ယ္ခုဘ၀ ဖြစ်ပေါ်လာမည့်ဘေး အန္တရယ်ဆိုးတွေမှလည်း ကင်းဝေးနိုင်၏။ နောင်သံသရာအတွက်လည်း အလွန် စိတ်ချရ သော အသိထူးနဲ့ အကျင့်ထူးတွေ ဖြစ်သောကြောင့် ပရဟိတသမားစစ်စစ်တွေ လိုက်နာကျင့်သုံးရမှာ ဖြစ်၏။
      သီလတွေ မစောင့်ထိမ်းနိုင်တဲ့ မိဘတွေကို သီလတွေ စောင့်ထိမ်းလာနိုင်အောင် ဆောင်ရွက်ပေးနိုင်တဲ့ သားသမီး တွေသာလျှင် အမေ့နို့ဖိုးကြေအောင်ဆပ်နိုင်သူဟု ဆိုထားသောကြောင့် စာရှုသူ၏ မိဘတွေလည်း အဒိန္နဒါနနဲ့ စီးပွားရေး လုပ်ပြီး မိသားစုကို ရှာဖွေကျွေးမွေးနေတဲ့ မိဘတွေ ရှိကောင်းရှိနိုင်ပါ၏။ သားတွေသမီး တွေ စားဝတ်နေရေးအတွက် အဒိန္နာဒါနနဲ့ရင်းပြီး ရှာဖွေကျွေးမွေးနေတဲ့ မိဘတွေလည်း လောကတွင် များစွာ ရှိပါ၏။
  ဘယ်လိုမိဘတွေလည်းဆိုလျှင် နိုင်ငံတော်၏ အဆင့်မြင့်မြင့် ပုဂ္ဂိုလ်ကြီးတွေ ရာထူးက နှုတ်ထွက်ခြင်း အဖြုတ်
ခံရခြင်း၏ နောက်ကွယ်တွင် ငွေကျေးအလွဲသုံးစားမှု လဘ်ပေးလပ်ယူမှု တိုင်းပြည်ဘဏ္ဍာတွေကို အဓမ္မယူမှု တွေနဲ့ တနည်း တဖုံ စက်ဆပ်နေတာ တွေ့မြင်ရ၏။ ထိုလူကြီးတွေကို အရေးယူမှုတွေ သတင်းစာဂျာနယ်တို့တွင် မပြတ်ပါနေ တာတွေ့မြင်ရ၏။
    နိုင်ငံဝန်ထမ်းအချို့လည်း ဤလိုလပ်ပေးလပ်ယူကိစ္စတွေနဲ့ မကင်းတာကို ဋ္ဌာနတိုင်း နေရာတိုင်းမှာ တွေ့မြင် နိုင်၏။ လခမလောက်လို့ ယူရတာပါဟု အကြောင်းပြချက်ကိုလည်း နေရာတိုင်းမှာ ကြားရ၏၊ အစိုးရကိုဘဲ အပြစ်ဆိုရမှာလား ၀န်ထမ်း တွေကိုဘဲ အပြစ်ဆိုမှာလား။
     မကောင်းတာကတော့ အားလုံးမကောင်းတာပါဘဲ အစိုးရလည်းလူတွေဘဲ ၀န်ထမ်းလည်းလူတွေဘဲ ကိုယ် ကျင့်သိက္ခာ ဆိုသည့် စာရိတ္တပျက်ပြားခြင်းသည် တိုင်းပြည်အတွက် အဆိုးဆုံးရလတ်ဖြစ်၏။ ဤအဆိုးရလတ် ကို တိုင်းပြည်၏မျိုးဆက် ဘယ်နှစ်ဆက်တိုင်တိုင် ပျက်ဆီးနေအုံးမလဲဆိုတာ ရင်လေးစရာပါ။
     စာရှုသူ၏မိဘတွေလည်း ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ အကျင့်ပျက်မှုထဲပါနေမယ်ဆိုလျှင် သီလချို့ယွင်းတဲ့ မိဘတွေ ဖြစ်နေ၏။ ထိုမိဘတွေ ချို့ယွင်းနေတဲ့သီလတွေကို စဉ်ကြယ်အောင် ပြန်လည်ထိမ်းသိမ်းစောင့်ရှောက် နိုင်အောင် ဆောင်ရွက်ပေးနိုင်တဲ့ သားသမီးတွေသည် အမေ့နို့ဖိုးကြေအောင်ဆပ်နိုင်မှာဖြစ်၏။
   စီးပွားရေးနဲ့ ပတ်သက်ပြီး လုပ်ကိုင်ဆောင်ရွက်နေတဲ့ မိဘတွေလည်း တိုင်းပြည်မှာ မြောက်များစွာရှိပါ၏။ သမ္မာအာဇီဝကျတဲ့ စီးပွားရေးကို လုပ်ကိုင်စားသောက်နေတဲ့ မိဘတွေကို ပိုင်ဆိုင်ထားတဲ့ သားသမီးတွေသည် ကံကောင်းလှပါ၏။ မသမာသော အဓမ္မစီးပွားရေးကို လုပ်ကိုင်နေသော မိဘတွေလည်း များစွာရှိပါ၏။
     တိုင်းပြည်ဘဏ္ဍာတွေကို အာဏာရှင်တွေနဲ့ပေါင်းပြီး အဓမ္မစီးပွားရှာခြင်းသည် အဒိန္နာဒါနထဲ အကြုံးဝင်သည့် အတွက် သမ္မာအာဇီဝဟု မဆိုနိုင်ပါ။ ဤလိုမိဘမျိုးတွေလည်း တိုင်းပြည်တွင်များစွာရှိပါ၏။ ကုန်ရောင်ကုန်ဝယ် လုပ်ရာတွင်လည်း အမြတ်သည် တဆယ်ရာခိုင်နှုံးဆိုလျှင် သမ္မာအာဇီဝကျပါ၏။ ထိုထက်အလွန် အမြတ်ကြီးစား လျှင် အဓမ္မအသွင်ဆောင်သောကြောင့် အဒိန္နာဒါနသိက္ခာပုဒ်နဲ့ ငြိစွန်းနိုင်ပါ၏။ ဤလိုမိဘမျိုးလည်း တိုင်းပြည်
တွင် များစွာရှိပါ၏။
Type your summary here. Type the rest of your post here.
No comments: