သို့သော်
ဘာမှမဆိုင် ဘာမှနားမလည်တဲ့ အလုပ်သမားတွေကို ထောင်ချတယ်ဆိုတာ မတရားမှုကို ကျူးလွန် တာသာဖြစ်၏။
ဤလို မသမာသောနည်းဖြင့် ရိုးသားသော တောသူတောင်သားတွေကို လှည့်ပတ်ပြီး ငွေကြေး တွေ အဓမ္မတောင်းကာ
လူလိမ် လူညာ သူခိုးကြီးတွေဖြစ်တဲ့ လူပွဲစား
အေးဂျင့်တွေအဖြစ် လုပ်ကိုင်စားသောက် နေသော အဒိန္နာဒါနမှုကို ကျူးလွန်နေသော မိဘတွေလည်း
ရှိနိုင်ပါ၏။
ကြွားခြင်း
လိမ်ခြင်း ခိုးခြင်း ဓါးပြတိုက်ခြင်းသည် တနည်းနည်းနဲ့ ဆက်စပ်လျှက်ရှိပါ၏။ ပထမဆုံးကြွားတယ်
အကြွားသန်လာသောအခါ ကြွားစရာမရှိတော့ လိမ်လည်လှည့်ပတ်ပြီး ကြွားမှုကိုပြုလုပ်လာတာတွေ့၏။အကြွား
လွန်မှုသည် လိပ်လည်မှုရဲ့ အစဖြစ်လာတွေ့ရ၏။ လိမ်လည်မှုသည် ခိုးခြင်း၏ အစဖြစ်လာပြန်၏။ ခိုးလို့
အစဉ်မ ပြေလျှင် ဓါးပြတိုက်မှု အဓမ္မမှုတွေ ဆက်တိုက်ကျူးလာလွန်လာကာ သူခိုးကြီးတော့ ဓါးပြဟုတွင်လာခြင်း
ဖြစ်၏။
အဒိန္နာဒါ ၊ ခိုမိပါမူ ၊ ဥစ္စာနဲမွဲ ၊ဆင်းရဲငတ်ဘိ ၊ လိုရှိမရ ၊ ဘောဂပျက်စီး ၊
ရေမီးသူခိုး ၊ မွေခံဆိုးနှင့် ၊ မင်းဆိုးအပြား ၊ ရန်မျိုးငါးကြောင့် ၊ ပျက်ပြားဥစ္စာ
၊ ပြစ်များစွာသည် ၊ ရှောင်ခါအပြန် ၊အကျိုးတည်း။
အဒိန္နမှုကိုကျူးလွန်မိသူသည်၊
၁။ ဘဝအဆက်ဆက် လူဖြစ်လျှင်
ဥစ္စာနည်းပါးပြီး မွဲတတ်ခြင်း။
၂။မနားမနေ
ပင်ပန်းဆင်းရဲကြီးစွာ အလုပ် လုပ်ရပြီး ဆင်းရဲမွဲတေခြင်း။
၃။။မိမိအလိုရှိသောအရာကို
ဘယ်သောအခါမှ မရရှိခြင်း။
၎။ ဥစ္စာစည်းစိမ်များ ကြံဖန်၍ ပျက်စီးတတ်ခြင်း။
၅။ မိမိပိုင်ဆိုင်သော
ဥစ္စဓနတွေလည်း ဘေးတခုခုနဲ့ ကြုံတွေ့ပြီး ပျက်စီးခြင်း။
၆။ ရန်သူမျိုးငါးပါးဘေးနှင့်ကြုံတွေ့ရခြင်း။
Type your summary here. Type the rest of your post here.
No comments:
Post a Comment