၁။ မာတုရက္ခိတ- အမိအုပ်ထိန်းသော မိန်းမ၊ ၂။
ပိတုရက္ခိတ- အဖအုပ်ထိန်းသော မိန်းမ၊ ၃။ မာတာပိတု ရက္ခိတ- မိဘ နှစ်ပါးအုပ်ထိန်းသော
မိန်းမ ၄။ ဘာတုရက္ခိတ- မောင်ကြီးမောင်ငယ် အုပ်ထိန်းသော မိန်းမ၊ ၅။ ဘဂိနိရက္ခိတ-
အစ်မကြီး အစ်မငယ် အုပ်ထိန်းသော မိန်းမ၊ ၆။ ဉာတိရက္ခိတ- ဆွေမျိုးအုပ်ထိန်းသော
မိန်းမ၊ ၇။ ဂေါတ္တရက္ခိတ- အမျိုးနွယ်တူ
အုပ်ထိန်းသော မိန်းမ၊ ၈။ ဓမ္မရက္ခိတ- အတူနေသီတင်းသုံးဖော် စောင့်ရှောက်
အုပ်ထိန်းသော
မိန်းမ။
(အထက်ပါ ၈ယောက် သော အုပ်ထိန်းသူရှိ
မိန်းမများအား အတင်းအဓမ္မ သွားလာကျူးလွန်ပါက ထိုမိန်းမများ တွင် ကာမေသုကံမထိုက်ဘဲ
သွားလာလွန်ကျူးသူ ယောက်ျားများတွင်သာ ကံထိုက်သည်ဟု ဆိုပါတယ်။)
၉။ သာရက္ခာ- ထိမ်းမြားကြောင်းလမ်းပြီးသူ၊
လက်ထပ်ပြီးသူ အုပ်ထိန်းသော မိန်းမ၊ ၁၀။ သပရိဒဏ္ဍာ- မင်းတို့ ကောက်ယူရန် သတ်မှတ်လျက်
ဒဏ်ထားပြီးအုပ်ထိန်းသော မိန်းမ၊၁၁။ ဓနတ္ထီတာ-ဥစ္စာဖြင့်ဝယ်ယူလျက် မယား အဖြစ်ထားသော
မိန်းမ၊ ၁၂။ ဆန္ဒ၀ါသိနီ- သဘောတူအလိုတူ၍ ညားနေသောမိန်းမ၊ ၁၃။ ဘောဂ၀ါသိနီ- စည်း စိမ်ပေး၍
ပေါင်းဖော်သော မိန်းမ၊ ၁၄။ ၀ဋ၀ါသိနီ- ပုဆိုးပေး၍ (ပုဆိုးတန်းတင်ပြု၍) နေသောမိန်းမ၊
၁၅။ သြဒ ၀တ္တကိနီဓရ- ခွက်လက်ဆုံချ၍ မိဘ နှစ်ပါး ထိန်းမြားပေးသော မိန်းမ၊ ၁၆။
သြဘဋစုမ္ဗဋာ- ခေါင်းခုကိုချ၍ လင် မယားဖြစ်နေသော မိန်းမ၊ ၁၇။ ဒါသီစဘရိယာစ-
ကျွန်လည်းဖြစ် မယားလည်းဖြစ်သော မိန်းမ၊ ၁၈။ ကမ္မကာရီစ ဘရိယာစ- အမှုလုပ်လည်းဖြစ်
မယားလည်းဖြစ်သော မိန်းမ၊ ၁၉။ ဓဇာဟဋာ- စစ်မြေပြင်မှ ဆောင်ယူခဲ့သော မိန်းမ၊ ၂၀။
မုဟုတ္တိကာ- တစ်ခဏမျှ ပေါင်းဖော်ရန် ငှါးရမ်းထားသော ခေတ္တမယားဖြစ်သူ မိန်းမ။
(အထက်ပါ ၁၂ယောက်သော မိန်းမတို့တွင်
သွားလာကျူးလွန်ပါက ယောက်ျားရော မိန်းမပါ နှစ်ဦးလုံး ကာမေ သု မိစ္ဆာစာရ
ကံထိုက်သည်ဟု ဆိုထားပါ၏။)
ယောင်္ကျားလေးများအတွက် ကာမေသုအင်္ဂါ ၄ ပါး
ပြည့်စုံလျှင် ကံထိုက် (အကုသိုလ်ကံ ဖြစ်) သော်လည်း မိန်း ကလေးများအတွက်မူ
အုပ်ထိန်းသူရှိသော အမျိုးသမီး ၉ မှ ၂၀ အတွင်း ဖြစ်ပြီး မှီဝဲလိုစိတ်ရှိခြင်း
အစရှိသည့် ကျန်အင်္ဂါ ၃ ပါး ပြည့်စုံပါမှ ကံထိုက်ပါသည်။ အရပ်စကားနှင့် လွယ်လွယ်
ပြောရလျှင် ပထမ ၈ မျိုးမှာ ပိုင်ရှင်မရှိ သေးသော မိန်းမများဖြစ်ပြီး ဒုတိယ ၁၂
မျိုးမှာ ပိုင်ရှင် ရှိလတ္တံ့၊ ရှိဆဲ ဖြစ်သော မိန်းမများဖြစ်ကြပါ၏။
တနည်းပြောရလျှင် ယောက်ျားလေးများအဖို့ မိမိမယားမဟုတ်လျှင်
ကာမေသုမိစ္ဆာကံ ထိုက်မည်ဖြစ်ပြီး မိန်းကလေးများအဖို့ မိမိလင်မဟုတ်လျှင် ကာမေသုမိစ္ဆာစာရကံ
ထိုက်မည်ဖြစ်၏။
“မိစ္ဆာစာရ၊
ကျူးလွန်ကလည်း၊ မုန်းကြသူများ၊ ရန်သူပွါး၍၊ ရှားပါးလာဘ်တိတ်၊ ချမ်းသာဆိတ်၏၊ ဣတ္ထိ
ပဏ္ဍုတ် မျိုးယုတ်ခါခါ၊ မျက်နှာမလှ အရှက်ရလျှက်၊လက္ခဏ ဣနြေ္ဒ ယွင်းသွေချို့သိမ်၊
စိုးရိမ်များစွာ၊ ချစ်သူ ကွာသည်၊ ရှောင်ခါ အပြန်အကျိုးတည်း။ ကာမေသုမိစ္ဆာစာရ ကံကျူးတဲ့သူတွေဟာ-
(၁) လူမုန်းများခြင်း၊
(၂) လူမုန်းများရုံတင်မကပဲ ရန်သူတွေလည်း ၀ိုင်းဝိုင်းလည်နေခြင်း၊
(၃) စီးပွါးရေး ဘယ်လောက်ရှာရှာ တိုးတက်မလာပဲနေခြင်း၊
(၄) စိတ်ချမ်းသာ ကိုယ်ချမ်းသာ မရှိပဲဖြစ်နေခြင်း၊
(၅) ဘ၀တိုင်းဘ၀တိုင်း မိန်းမသာဖြစ်ရခြင်း၊
(၆) မိန်းမမဟုတ်ယောင်္ကျားမဟုတ် အခြောက်ဖြစ်ရခြင်း၊
(၇) တကယ်လို့ ယောင်္ကျားဖြစ်ရင်လည်း ယုတ်ညံ့တဲ့ အမျိုးတွေထဲမှာ ဖြစ်ရခြင်း၊
(၈) မျက်နှာပျက်ပြီး အရှက်တကွဲအကျိုးနဲတဲ့ ကိစ္စတွေကြုံတွေ့ရခြင်း၊
(၉) ခြေလက်အင်္ဂါ နွဲ့နွဲ့နှောင်းနှောင်းနဲ့ ဖြစ်ရခြင်း၊
(၁၀) စိုးရိမ်ကြောင့်ကြ စိတ်များနေရခြင်း၊
(၁၁) ကိုယ်ချစ်တဲ့သူနဲ့ ကွဲကွာကာ အသည်းနာရခြင်း၊
Type your summary here. Type the rest of your post here.
No comments:
Post a Comment