အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Monday, November 24, 2014

နို့ကြွေးဆပ်သူ-အာဂလူ(၄၀)





  ကာမေသုမိစ္ဆာစာရကံ၏ အကျိုးဆက် ထိပ်လန့်စရာပါ
    တစ်ခါတုန်းက ဣသိဒါသီဆိုတဲ့ ထေရီမတစ်ပါးဟာ ဗောဓိထေရီဆိုတဲ့ ထေရီမတစ်ပါးနဲ့အတူ ဂင်္ဂါမြစ်ကမ်း နားက သဲသောင်ပေါ်မှာ စကားပြောရင်း ထိုင်နေကြပါတယ်။ နှစ်ပါးလုံး အရဟတ္တဖိုလ်ရပြီး ရဟန္တာမတွေပါ။ စကားပြောနေကြရင်း ဗောဓီထေရီက ဣသိဒါသီကို သတိထားကြည့်လိုက်တော့ အသက်ကလည်းငယ် ရုပ်ရည် ကလည်း အထူးလှပနေတာကို တွေ့လိုက်ရတဲ့အခါ စိတ်ထဲမှာ ဒီအရွယ်ဒီရုပ်ရည်နဲ့ ရဟန်းပြုတာAlign Left အကြောင်း တော့ရှိရမယ်လို့တွေးမိလိုက်၏။  
     ဒါကြောင့်မေးကြည့်တဲ့အခါ...ဣသိဒါသီဟာ သီလနဲ့ပြည့်စုံတဲ့ သူဌေးကြီးတစ်ယောက်ရဲ့ တစ်ဦးတည်း သောသမီးပါ။ အရွယ်ရောက်လာတော့ ပထမတန်းစား သူဌေးသားတစ်ယောက်နဲ့ပေးစားလိုက်၏။ ယောက္ခမ အိမ်ရောက်တဲ့အခါ မိဘလို သဘောထားပြီး ရိုရိုကျိုးကျိုး ဆက်ဆံခဲ့၏။လင်သားကိုလည်း လိုအပ်တာထက် ပိုဂရုစိုက်ခဲ့၏။    
     သို့သော်တစ်ပတ်လောက်ကြာတော့ လင်လုပ်သူက မပေါင်းချင်တော့ဘူး။ မိဘများက ဘာဖြစ်လို့လည်း သားကို ဂရုမစိုက်လို့လား စသည်ဖြင့်မေးတဲ့အခါ... ဂရုစိုက်ပါတယ်။ မယားဝတ္တရားလည်းကျေပါတယ်။ ဘာ ကြောင့်ရယ်မသိ သားစိတ်ထဲမှာ မုန်းတဲ့စိတ်တွေဖြစ်နေပါတယ်လို့ဆိုသဖြင့် ဣသိဒါသီကို မိဘတွေဆီ ပြန်ပို့ လိုက်ရပြန်၏။
     အိမ်ပြန်ရောက်တော့ မိဘတွေက ဒုတိယတန်စား သဌေးတစ်ယောက်ရဲ့သားနဲ့ပေးစားပြန်၏။ဒါပေမဲ့ တစ် လလောက်မှာ ဒုတိယလင်က ကွာပစ်သွားပြန်၏။ အိမ်ပြန်ရောက်ပြီးမကြာခင်ပဲ အိမ်ရှေ့ကို ရုပ်ရည်သင့်တင့်တဲ့ သူတောင်းစားတစ်ယောက် လာတောင်းပါတယ်။ သူတောင်းစားကိုမြင်တော့ ဖခင်သူဌေးကြီးက ပစ္စည်းရှိတဲ့ သူဌေးသားတွေက သားပစ္စည်းမာန်နဲ့ ငါ့သမီးကို ကွာပစ်တာ၊ သူတောင်းစားကတော့ ပစ္စည်းကော ရုပ်ကောရှိ တဲ့ ငါ့သမီးကို တစ်သက်လုံးပေါင်းမှာပဲဆိုပြီး သူတောင်းစားနဲ့ပေးစားလိုက်ပြန်၏။
      ဒါပေမဲ့ ၁၅ရက်လောက်ကြာလာတော့ သူတောင်းစားက ဆက်မပေါင်းလိုတော့ကြောင်းပြောလာပြန်၏။ ယောက္ခမ လုပ်သူတွေက တားပေမဲ့ ကျွန်တော်ဟာ ကျွန်တော်ပဲတောင်းစားတော့မယ် ဆိုပြီး ထွက်သွား၏။ ဣသိဒါသီ ဟာ ကိုယ့် အဖြစ်ကိုရှက်လွန်းလို့ ဒါ အတိတ်က မကောင်းမှုကံကြောင့်ပဲ ဆိုပြီး ရဟန်းပြုလိုက်ခြင်း ဖြစ်၏။    
      တရားကို ကြိုးကြိုးစားစား အားထုတ်လိုက်တာ ၇ရက်မြောက်မှာ အရဟတ္တဖိုလ်ရသွားပါ၏။ သူတောင်း စားကတောင် မချစ်နိုင်ဘဲ စွန့်ပယ်ရလောက်အောင် ဆိုးခဲ့တဲ့ သူ့ရဲ့ အကုသိုလ်ကံကို ပြန်ဆင်ခြင်ကြည့်လိုက် တော့ အတိတ်ဘ၀ တစ်ခုက ရွှေပန်းထိမ်သည် သားဘ၀မှာ ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်ခဲ့တာရယ်. ဘ၀ တစ်ခုမှာတော့ သူဌေးသားရဲ့ မယားငယ်ဘ၀မှာ မယားကြီးနဲ့ လင်သားအကြား ကုန်းချောစကားပြောခဲ့ခြင်းရဲ့ အကျိုးဆက်တွေကြောင့်ဖြစ်၏။
   ဣသိဒါသီဟာ...ထိုအကုသိုလ်တစ်ခု၏ အကျိုး ဆက်ကြောင့် ထိုကဲ့သို့ ဖြစ်ရခြင်း ဖြစ်သည်ဆိုတာ ဆင်ခြင် မိသွားပါ၏။ ကာမေသု ကျူးလွန်ခဲ့သမျှ ပြန်လည်ပေးဆပ်ရမယ်ဆိုတာ ထင်ရှားလှပါ၏။ ထိုကြောက်စရာ ကောင်းသော ကာမေသုကို လူသားတိုင်း ရှောင်ကြဉ် သင့်လှပါ၏ ရှောင်ကြဉ်နိုင်ကြပါစေ။
 


Type your summary here. Type the rest of your post here.

No comments: