ထိုပါဏာတိပါတဆိုတဲ့ အကုသိုလ်ကံသည် ယခုတော့
တိဿမထေရ်ထံ စိုက်စိုက်မြိုက်မြိုက် ရောက်ရှိ
လာပါပြီ
တိဿမထေရ် ရှောင်လွှဲ၍ ရမည်မဟုတ်ပါ။ ထိုမထေရ်လောင်း ငှက်သတ်မုဆိုးသည် အကုသိုလ် အလုပ်ဖြင့်
အသက်မွေးရသော်လည်း ရတနာသုံးပါးကို ကြည်ညိုတတ်သူတဦးဖြစ်၏။
ထိုငှက်မုဆိုးဘ၀က ရဟန္တာအရှင်မြတ်တပါးအား
ဆွမ်းကပ်လှူဘူး၏။ နိဗ္ဗာန်ကိုရရန်ဆုတောင်းဘူး၏။ ထိုကောင်းမှုကြောင့် ထိုတိဿမထေရ်
ရဟန္တာဖြစ်ပြီး နိဗ္ဗာန်ရမှာသေချာ၏။ သို့သော် ထိုတိဿမထေရ်၏ ယခုပစ္စက္ခဘ၀သည် မြင်ရသူတိုင်း
စိတ်မချမ်းမြေ့ဖွယ် သံဝေဂရဖွယ်အတိသာဖြစ်၏။
တိဿမထေရ်သည် အိပ်ယာထဲ၌
သွေးပြည်အလိမ်းလိမ်းဖြင့် လဲလျှောင်းနေ၏။ တိဿမထေရ်၏ အရိုး များလည်း
ကျိုးနေပြီဖြစ်သဖြင့် ၊ ဟိုဘက် သည်ဘက် လှည့်ရန်ပင် အခက်အခဲရှိနေ၏။ တိဿမထေရ် သည်
စိတ်ဓာတ်ကျလျှက်ရှိ၏ စိတ်ဓာတ်ကျသောအခါ တည်ငြိမ်သည့် သမာဓိကိုမရနိုင်တော့ပါ။
သမာဓိကို မရခြင်းသည် မျက်စိအမြင်ကို
မရခြင်းနှင့်အတူတူပင်ဖြစ်၏။ မျက်စိအမြင်ကိုမရလျှင် မြင်စရာ များကို
ကြည့်သော်လည်း မမြင်သကဲ့သို့ သမာဓိကိုမရလျှင် ၀ိပဿနာဥာဏ်ဖြင့် မြင်စရာ
ရုပ်နာမ်များကို ကြည့် ၍မမြင်နိုင် ရုပ်နာမ် ကိုမမြင်လျှင် ရုပ်နာမ်တို့၏
ဖြစ်ခြင်းပျက်ခြင်းကို အဘယ်သို့လျှင် မြင်နိုင်တော့မည်နည်း။ ထိုသို့တွေးပြီး
တိဿမထေရ် အားငယ်နေခြင်းဖြစ်၏။
မြတ်စွာဘုရားသည် ကျွတ်ထိုက်သူ
ဝေနေယျတို့အား ကြည့်တော်မူရာ တိဿမထေရ် အရဟတ္တဖိုလ်သို့ ရောက်နိုင်သော
ဥပနိဿယအကြောင်းကို မြင်တော်မူ၍ ဂန္ဓကုဋီမှ တိဿမထေရ် ကျောင်သင်္ခမ်းသို့ ကြွတော်
မူလာပြီး ကိုယ်တော်တိုင် သူနာပြုလုပ်ငန်းကို လုပ်တော်မူ၏။
မြတ်စွာဘုရားရှင်ရဲ့ မဟာဂရုဏာတော် မေတ္တာကတော့
အင်မတန်မှကြည်ညိုဖွယ်ကောင်းလှပါ၏။ ဘာလို့ လဲဆိုတော့ ပုပ်စော်နံပြီး မည်သူမှ
မကပ်ချင်တဲ့ ဂိလာနရဟန်းတော်ကို ကိုယ်တော်တိုင်ပြုစုနေတော့။ထိုအခါမှ အခြားရဟန်းတွေက
ဝိုင်းအုံလာပြီး ဂိလာန ရဟန်းရဲ့ ကိုယ်ပေါ်မှာရှိတဲ့ သင်္ကန်းတွေကို လျှော်ဖွပ်လဲလှယ် ပေးကြ၏၊
အရည်တရွဲရွဲ ဖြစ်နေသော အနာလုံးကြီးများကို
ဖန်ရည်ဖြင့်ဆေးကြောပေးကြ၏၊ ဆေးထည့်ပေးခြင်း စတဲ့ သူနာပြုလုပ်ငန်းများကိုလည်း လုပ်ဆောင်ပေးကြ၏။
အဲလိုပြုစုပေးလိုက်တော့မှ ထိုတိဿရဟန်း သက်သာရာ ရကာ ငြိမ်သက်တည်ကြည်လာပါ၏။
ရှင်တော်မြတ်ဘုရား၏ ယုယကျင်နာမှုကို
ခံယူရသောအခါ တိဿမထေရ်သည် သူ့ဘ၀အပေါ် သူကြေနပ် လာ၏။ အားတက်လာ၏။ထိုအခါ နှစ်သက်ခြင်း
ပီတိသည်ဖြစ်၏။ ထို့နောက် ငြိမ်းအေးခြင်း ပဿဒ္ဓိသည်ဖြစ်၏ ထို့နောက် ချမ်းသာခြင်း
သုခသည်ဖြစ်၏။ ထို့နောက် တည်ကြည်ခြင်း သမာဓိသည်ဖြစ်၏။ သမာဓိရလျှင် ၀ိပဿနာ
ရှုလို့ရလေပြီ။
ထိုအခါ ရှင်တော်မြတ်ဘုရားသည် တိဿမထေရ်၏
ဦးခေါင်းရင်း၌ ရပ်တော်မူ၍ ချစ်သား တိဿ ဤခန္ဓာ ကိုယ်သည် ၀ိညာဉ်ကင်း၍ စွန့်ပစ်ရလျှင်
ဘာမှအသုံးမကျသော ဖွဲကဲ့သို့ပင် ဖြစ်လိမ့်မည်။ ဤခန္ဓာကိုယ်သည် မကြာမီကာလတွင် မြေအပြင်၌
လဲလျှောင်းရပေလိမ့်မည်။
ဤဒေသနာတော်ကို ဟောကြားတော်မူသောအခါတွင်
တိဿမထေရ်သည် အားကောင်းသော သမာဓိကို ရရှိပြီး ဖြစ်သဖြင့် သူ၏ခန္ဓာကိုယ်ကို
ဝိပဿနာဥာဏ်ဖြင့်ကြည့်၏။ ထိုအခါ မြတ်စွာဘုရား ဟောကြားတော်မူ သည့်အတိုင်းမြင်လေ၏။
ထိုအခါ တိဿမထေရ်သည် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာအဖြစ်သို့ ရောက် တော်မူ၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment