ကာမေသုမိစ္ဆာစာရကံကို လွန်းကျူးရင်
ရရှိမဲ့အပြစ်တွေပါ၊ ကာမေသုမိစ္ဆာစာရသည် လူသားတွေ အထိမ်းရ ခက်ပုံရ၏ များသောအားဖြင့်
လွန်ကျူးတတ်၏။ အပြစ်တွေပြောပြတော့လည်း ကြောက်စရာကောင်းလောက် အောင် တုံလှုတ်တာ
တွေ့ရ၏။ သို့သော် တကယ်လက်တွေ့ မလိုက်နာသူက အများစုဖြစ်၏။
မလေးရှားရောက်လာတဲ့ မြန်မာတွေလည်း
ဒီကာမေသုကိစ္စကို မလွန်ဆန်နိုင်ကြ မြန်မာပြည်မှာ သားကြီး မ ယားကြီး ရှိသူတွေလည်း
သိသိကြီးနဲ့ ဖေါက်ပြန်နေတာကိုလည်း တွေ့မြင်ရ၏။ မြန်မာပြည်မှာ လက်ထပ်လာတဲ့
စုံတွဲတွေလည်း မလေးရောက်မှ ကွဲကြပြဲကြ ဇာတ်လမ်းတွေဖြစ်ကာ လင်သစ်မယားသစ်တွေနဲ့
တွေ့မြင်ကြရ၏။
တချို့လည်း လင်ကြီးငုတ်တုတ်ရှိနေပါလျှက်နဲ့
လင်ငယ်နောက်လိုက်ပြေးတာတွေကိုလည်း တွေ့မြင်ရ၏။ သူ ငယ်ချင်းလိုလို အမျိုးလိုလို
ညီမလိုလိုနဲ့ ပေါင်းသင်းနေထိုင်ကြတာကိုလည်း တွေ့မြင်ရ၏။ တခါတလေ ဘုန်းကြီး ကျောင်း
လှူဖွယ်ပစ္စည်းတွေနဲ့ စုံတွဲတွေတက်လာကြ၏။ဘုန်းကြီးလည်း ဘာအတွက်လှူတာလည်းဟုမေးတော့
စပ်ဖြဲဖြဲနဲ့ ရီနေကြ၏ သူတို့ အဖြေရကြပ်နေပုံရ၏ ဘုန်းကြီးလည်း ထပ်မမေးတော့ဘဲ
ရေစက်ချပေးလိုက်၏။
တကယ်တော့ အတူနေဖို့ အထိမ်းအမှတ်အနေနဲ့
ဘုန်းကြီးထံ ပစ္စည်းတွေ လာလှူပုံရ၏။ ဘုန်းကြီးကလည်း အကျိုးအကြောင်းသိမှရေစက်ချပေးရတာ
အစဉ်ပြေမှာလေ သို့သော်သူတို့ကိစ္စနဲ့သူတို့မို့ ပြောချင်ပုံမရ ဘုန်းကြီး လည်း
သင်္ခန်းစာရပြီး နောက်စပ်ဖြဲဖြဲ တက်လာတဲ့ စုံတွဲတွေ ဘာမှမမေးတော့ဘဲ
အစဉ်ပြေသလိုသာရေစက်ချ ပေးလိုက်၏။
တခါက စုံတွဲတတွဲ လှူဖွယ်တွေနဲ့ တက်လာပြန်၏
ဘုန်းကြီးလည်း ထုံးစံအတိုင်း အစဉ်ပြေသလို ရေစက်ချ ပေးလိုက်၏ ရေစက်ချပြီးမှ တပည့်တော်အမေသေလို့
လာလှူတာပါဘုရားဟု လျှေက်ထားမှ ရေစက်ချမှားလေ ပြီဟု အသိဝင်ကာ စောစောက
ကြိုတင်မလျှောက်တော့ မှားကုန်ပြီး နောက်တကြိမ် နာရေးရေစက်ချပြန်ချပေး လိုက်ရ၏။
မေးတော့လည်း အစဉ်မပြေ မမေးဘဲ ရေစက်ချပြန်တော့ မှားတာနဲ့လည်း ကြုံဘူးပါ၏။
မလေးရှားတွင် ဘုန်းကြီးနှင့် ရင်းနှီးသော
မိသားစုတစုရှိ၏ မြန်မာဆိုင်ဖွင့်ကာ စီးပွားရေးအစဉ်ပြေသော မိသားစုဖြစ်၏
မြန်မာပြည်ပြည်တွင် သားသမီးတွေနှင့် ဆိုတော့ ဒီမိသားစု ဆက်လက်အစဉ်ပြေလိမ့်မည်ဟု
ထင်မိထား၏။ သို့သော် ထင်သည့်အတိုင်းဖြစ်မလာဘဲ
မကောင်းသတင်းတွေ ကြားလာရ၏။
စီးပွားရေး တိုးတက်လာတာကို
ကုသိုလ်-စာရိတ္တနှင့် မထိမ်းဘဲ အပျော်တွေနှင့် နွဲလိုက်တော့ ဖေါက်ပြန်မှု တွေ ဖြစ်လာပါတော့၏။
ကာမေသုမိစ္ဆာစာရကို လွန်ကျူးကုန်ကြ၏။ နာမည်ပျက်တွေဖြစ်လာကာ အိမ်ထောင် ရေးလည်း
ပြိုကွဲသွား၏။ စီပွားရေးလည်း ပျက်စီးကာ တယောက်တကွဲ မြန်မာပြည်ကို
ပြန်ရောက်သွားကြ၏။
ကာမေသုမိစ္ဆာစာရကို ကျူးလွန်ရင် စီးပွားဥစ္စာပျက်စီးတတ်သည်ဆိုတာ
လက်တွေ့မျက်မြင်ပါဘဲ မိသားစု တွေလည်း တယောက်တကွဲ ဖြစ်ကုန်၏။ ကာမေသုမိစ္ဆာစာရသည်
လူသားတွေအတွက် အလွန်အန္တရာယ်များ လှ၏။ ဒီအကျင့်ဆိုးကို လူသားတွေ
ရှောင်ကြဉ်နိုင်အောင် ကျိုးစားသင့်ပါ၏။
စာရှုသူအဆွေ သင်တို့မိဘတွေလည်း
ကာမေသုမိစ္ဆာစာရကို လွန်ကျူးမယ်ဆိုလျှင် သီလတွေစင်ကြယ် တော့မည် မဟုတ်ပါ ထိုကဲ့သို့
သီလမစင်ကြယ်သော မိဘတွေကို သီလစင်ကြယ်အောင် လုပ်ပေးနိုင်မှသာလျှင် အမေ့နို့ဖိုး ကြေအောင်ဆပ်နိုင်သူဟု
ဆိုရမှာဖြစ်၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment