ဆိုလိုချင်တာကတော့ ထိုတိဿရဟန်း ဘာဖြစ်လို့အခုလို
ဆိုးရွားတဲ့ရောဂါဝေဒနာကို ခံစားရတာလဲ ဆိုတာ ကို ပြောပြချင်တာဖြစ်၏။ လောကမှာ
တရားသဘောအရ အကြောင်းရှိမှ အကျိုးဖြစ်၏။ အကြောင်းကင်းပြီး အကျိုးဖြစ်လို့မရဘူး။ ဒီတိဿရဟန်းဘာကြောင့်
အခုလို ရောဂါဆိုး ဝေဒနာဆိုး အကျိုးတွေကိုခံစားရတာလည်း ဆိုတော့ ကဿပဘုရား လက်ထက်တော်အခါက
ထိုတိဿရဟန်း  ငှက်မုဆိုးဘ၀ဖြင့်
မိမိပြုလုပ်ခဲ့တဲ့ ပါဏာတိ ပါတ အကြောင်းတွေသည် ယခုဘ၀မှာ
လာရောက်အကျိုးပေးခြင်းဖြစ်၏။
     ပါဏာတိပါတမှုကို ကျူးလွန်သူမှန်သမျှ
ရှင်တော်မြတ်ဘုရားလက်ထက်တော်အခါက တကယ်ဖြစ်ခဲ့တဲ့ ဤ ဇာတ်တော်ကို သင်္ခန်းစာယူပြီး
လူ့ဘ၀ရရှိခိုက်လေး အသက်ရှိသောသတ္တ၀ါတို့ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ် ကြောင်း
ပါဏာတိပါတ အမှုကို ကိုယ်တိုင်လည်း မပြုလုပ်သလို မိမိနှင့် ပတ်သက်ရာ
ပတ်သက်ကြောင်းတွေကို လည်း မပြုလုပ်မိရန် မိမိမှာတာဝန် အပြည့်ရှိပါ၏။
     လောကတွင် ပါဏာတိပါတလို သီလချို့ယွင်းနေတဲ့ မိဘတွေများစွာရှိပါ၏။
ထိုမိဘတွေကို ထိုသီလချို့ယွင်း 
မှုတွေက ကယ်တင်ပြီး သီလပြည့်စုံအောင် ပြန်လည်ဆောင်ရွက်ပေးနိုင်တဲ့
သားသမီးတွေသည် အမေ့နို့ဖိုးကြေ အောင် ဆပ်နိုင်သူတွေဖြစ်၏။
    အဒိန္နာဒါနဟူသည် သူတပါး၏ ဓနဥစ္စာတွေကို မတရားလိုချင်ခြင်းနှင့်
မသိအောင်ခိုးယူခြင်းဖြစ်၏။ 
   လူပီသသော
လူသားတွေ မလုပ်သင့် မလုပ်ထိုက်သော ရွံရှာဖွယ်ကောင်းသော မသတီစရာကောင်းသော ရှက်ဖွယ်ကောင်းသော
အကျင့်ဆိုးတခုဖြစ်၏။ ထိုအကျင့်ဆိုးမှ ရှောင်ကြဉ်ခြင်းသည် ကိုယ်ခြင်းစာတရား အပြည့် အ၀ရှိသော
သူတော်ကောင်းတွေ ကျင့်အပ်သော အကျင့်ထူးဖြစ်၏။
    သူတပါးပစ္စည်းကို
မခိုးယူခြင်းဆိုသည့် ရှောင်ခြင်းအသိသည် သာမာန်လူသားတွေ ရိုးရိုးသိသည့် အသိတမျိုး သာဖြစ်၏
ထိုအသိစိတ်တိုင်း ကိုယ်တိုင်ကျင့်ခြင်းသည်လည်း သာမန်ရိုးရိုးအကျင့်တခုသာဖြစ်၏ ထိုအကျင့်ကို
သွင်ပြင်လက္ခဏာအားဖြင့် စောင့်ထိမ်းခြင်းသဘောဖြစ်၏။
     အဒိန္နာဒါနသိက္ခာပုဒ်မှာ
ရိုးရိုးသာမန်အသိ သာမန်အကျင့်ထက် အနှစ်သာရပိုင်းဆိုင်ရာ စောင့်ထိမ်းစရာတွေ လည်း ရှိပါသေး၏။
သူတပါးပစ္စည်းကို မတရားမယူနှင့်ဟု ရိုးရိုးသာမန်အသိနှင့် သာမန်အသိတို့ နောက်ကွယ် တွင်
ထူးထူးခြားခြား အသိနှင့် ထူးထူးခြားခြားအကျင့်ထူးသည် မိမိပိုင်ဥစ္စာဓနတွေကို လှူလိုက်ပေးလိုက်
စွန့်ကြဲ လိုက်ဟု နက်နဲတဲ့ အဓိပ္ပါယ်တွေ ပါဝင်နေပါ၏။
    ဒါနဆိုတဲ့ လှူဒါန်း ပေးကမ်း စွန့်ကြဲချင်သည့် ပုဂ္ဂိုလ်တို့၏
သဏ္ဍာန်တွင် အဒိန္နာဒါနဆိုတဲ့ သူတော်မကြိုက် သူယုတ်သာ ကြိုက်သည့်အမှုမျိုးကို ဘယ်တော့မှ
လုပ်ချင်သည့် ဆန္ဒမျိုးဖြစ်ပေါ်လာမည်မဟုတ်ပါ။ အဒိန္နဒါန သိက္ခာပုဒ်ကို မလွန်ကျုးရုံတင်မဟုတ်
ထိုသူ့သဏ္ဍာန်တွင် လောကကြီးကို ချစ်တတ် သနားတတ် မြတ်နိုးတတ် ခွင့်လွတ်တတ်တဲ့ စိတ်တွေလဲ
ရှိနေမှသာလျှင် အသိထူး အကျင့်ထူးဖြစ်တဲ့ အနှစ်သာရပိုင်းဆိုင်ရာ ကျင့်သုံး သည်ဟု ဆိုရမှာဖြစ်၏။
     ကိုယ်မပိုင်သည့်
ဓနဥစ္စာတွေကို မသိအောင်ယူတာကတမျိုး သိသိကြီးနဲ့ အဓမ္မ မတရားယူတာမျိုးတွေ လောကတွင် မသိချင်
မမြင်ချင်မှအဆုံး သိနေ မြင်နေ ကြားနေရပါ၏။      
    အဒိန္နဒါနကို
ကိုယ်တိုင်အသိထူးနဲ့သိပြီး ကိုယ်တိုင်အကျင့်ထူးနဲ့ ကျင့်နိုင်သူတွေသည် မိမိကိုယ်တိုင်လည်း
ကိုယ်ကျင့် တရားနဲ့ပြည့်စုံ သတ္တ၀ါတွေလည်း အသက်ရှည်စေသောကြောင့် လောကီရေးရာဘဲကြည့်ကြည့်
လောကုတ္တရာရေးရာ ဘဲကြည့်ကြည့် အပြစ်ကင်း၍ ပညာရှိသူတော်ကောင်းတွေ ချီမွမ်းအပ်သော တရားတွေသာဖြစ်၏။
 
Type your summary here. Type the rest of your post here.
No comments:
Post a Comment