မလေးရှားရောက်မြန်မာတွေ၊
ဘာသာရေးအာသာဖြေဖို့၊ ဘုန်းကြီးကျောင်းတွေနဲ့ကလည်း၊ ကင်းလို့မရနိုင်၊
မိမိတို့ အကုသိုလ်အလုပ်ကို၊ ဘုန်းကြီးတွေသိမှာလည်းစိုးရိမ်ကြ၏။
တချို့မြန်မာတွေလည်း၊ တပည့်တော်တို့၊ အလုပ်မရှိခင်၊ မလွှဲသာလို့ လုပ်နေရတာပါဟု၊ အားနာပါးနာ
လျှောက်ထားကြ၏။
မိမိနိုင်ငံခြားမှာ
ရပ်တည်နိုင်ရေးအတွက်၊ ရရာအလုပ်ကို၊ လုပ်ရသလို၊ မြန်မာပြည်ကမိသားစုအတွက၊် မျက်စိ မှိတ်ပြီး၊
မလုပ်သင့်တဲ့ အလုပ်တွေကိုလည်း၊ လုပ်နေရပါ၏။ မြန်မာပြည်က မိသားစုစိတ်ချမ်းသာအောင်၊ အလုပ်
အစဉ်ပြေပါသည်ဟုသာ၊ ဖုံးဆက်ပြောနေရ၏၊တချို့မြန်မာတွေ၊မိမိတို့ကတော့၊ချို့ချို့တဲ့တဲ့နေပြီး၊မြန်မာပြည်က
သားသမီးတွေ၊ မိဘတွေထ၊ံ ပိုက်ဆံပို့နေတာကို၊ မြန်မာပြည်က၊ မိသားစုတေ၊ွ သိမည်မဟုတ်ပါ။
ထိုထိုမိဘတွေသည်၊
ပါဏာတိပါသိက္ခာပုဒ်ကို၊ ကျူးလွန်မိသူတွေဖြစ်၏။ အချို့သောသူတို့၏ သဏ္ဍာန်တွင်၊
ဒီလိုအကုသိုလ်အလုပ်ကို လုပ်ရလို့၊ နောင်တပူပန်တဲ့စိတ်တွေ
သိပ်မတွေ့ရ၊ သားသမီးဇောကပ်နေလို့လား၊ လောဘဇောကပ်နေလို့ လားတော့မသိပါ။ တချို့ကြတော့လည်း၊
မလွှဲသာလို့ လုပ်နေရတာ၊ ပါဏာတိပါတ အလုပ်ကို၊ မလုပ်ချင်ကြပါ။ဤလိုလူမျိုးတွေလည်း၊ များစွာတွေ့ရပါ၏။
မလေးရှားတွင်
ဘုန်းကြီးကို စီပွားဥစ္စာတိုးတက်ဖို့ မေတ္တာပို့ခိုင်းတာ မေတ္တာပို့လို့ မဖြစ်တဲ့နေရာတခုနဲ့
ကြုံတွေ့ခဲ့ရဘူး၏ အကြောင်းကတော့ မလေးရှား ပူချုန် ၆-မိုင်ခွဲ ဆေးခန်းတခုတွင် အလုပ်
လုပ်နေသော မြန်မာများမှ ဆေးခန်းတွင် သရဲခြောက်လို့ ပရိတ်ရွတ်လာပင့်၏။
ဘုန်းကြီးလည်း
ပရိတ်ရွတ်ပေး၏ ဆေးခန်းပိုင်ရှင်ကတော့ အိန္ဒိယနွယ်ဖွားဆရာဝန်ဖြစ်၏ ဆေးခန်းမှာ အလုပ် လုပ်နေ
သူတွေကတော့ မြန်မာတွေများပါ၏။ ဘုန်းကြီးလဲ မြန်မာတွေကို သရဲဘယ်လိုခြောက် သလဲ မေးကြည့်တော့
ကလေးသရဲ ခြောက်တာဟုပြောကြ၏။ ကလေးသရဲ ဘယ်လိုခြောက်သလဲလို့မေးတော့ နောက်ကနေ လက်သဲနဲ့
လိုက်ဆိတ်သလို ခံစားရတယ်လို့ ပြောပြကြ၏။
သေသေချာချာ
မေးကြည့်တော့ ကိုယ်ဝန်ဖြတ်ချတဲ့ ဆေးခန်းဖြစ်နေ၏ ဆေးခန်းပိုင်ရှင် အိန္ဒိယဆရာဝန်က လည်း
ဘုန်းကြီးကို ပရက်ဆင့်အဖြစ် ဆေးစစ်ပေး၏ ဆီးချိုလက္ခဏာရှိသည်ဟု ပြောဆိုပြီး ဆေးတွေပါလှူလိုက်
၏။ သူတို့ဆေးခန်းကိုလည်း စီပွားတိုးတက်အောင် မေတ္တာပို့ပေးဖို့ လျှောက်ထားလာ၏။
စာရှုသူအဆွေ
ဘုန်းကြီးဘယ်လိုလုပ် မေတ္တာပို့လို့ရမှာလည်း မေတ္တာပို့ပေးလျှင်တော့ ဘုန်းကြီးလည်း အလို
တူအလိုပါ ပါဏာတိပါတအမှုကြီး ကျူးလွန်သလိုဖြစ်နေမှာပေါ့ ဘုန်းကြီးမေတ္တာပို့လို့ မရသောဆေးခန်းဖြစ်၏။
ဆရာဝန်လို ပညာရှင်တွေလည်း ပါဏာတိပါတအမှုကို လွန်ကျူးမိပြီး စီးပွားရှာနေကြပါ၏။
ပါဏာတိပါတ်၊
သူ့အသက်သတ်က၊ချို့တဲ့အင်္ဂါ၊ မွဲပြာရုပ်သွင်၊အားအင်ချို့ယွင်း၊
လျှင်ခြင်းလည်းဝေး၊ ဘေးကိုကြောက်တတ်၊ အသတ်ခံရာ၊ အနာများလျှက် ၊ ခြွေရံပျက်၍ ၊ အသက်တိုလျှ
၊ ပြစ်များစွသည် ၊ ရှောင်ကအပြန်၊ အကျိုးတည်း။
ပါဏာတိပါတကို ကျူးလွန်မိသည့် လူသားတွေ အကျိုးခံစားရမှာတော့--------
၁။ကိုယ်လက်အင်္ဂါချို့ယွင်ခြင်း။
၂။ခန္ဓာကို
အရောင် မွဲခြောက်ခြောက် ပြာနှမ်းခြင်း။
၃။ခန္ဓာကို
အင်အားချိနဲ့ခြင်း။
၎။ ခန္ဓာကို
လေးလံထိုင်းမှိုင်းခြင်း။
၅။အမြဲကြောက်နေရခြင်း။
၆။သူတပါးအသတ်ခံရခြင်း။
၇။အနာရောဂါများခြင်း။
၈။အခြွေအရံပျက်ခြင်း။
၉။အသက်တိုခြင်း။
Type your summary here. Type the rest of your post here.
No comments:
Post a Comment