အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။
Tuesday, November 4, 2014
နို့ကြွေးဆပ်သူ-အာဂလူ(၂၇)
        ဤအကျိုးတွေကို ကျူးလွန်သူတွေ ခံစားရမှာဖြစ်၏ ဗုဒ္ဓလက်ထက်တော်က ပါဏာတိပါတကို ကျူးလွန်မိ
တဲ့ အမျိုး သားတယောက်ရဲ့မသေခင်က ပုပ်နေတဲ့ ရဟန်းတပါးရဲ့အကြောင်းကလည်း သံဝေဂရစရာ ထိန့်လန့် စရာ ကြောက်စရာ အလွန်ကောင်းသော ပါဏာတိပါတရဲ့ အကျိုးဆက်တွေကို စာရှုသူများခံစားကြည့်ပါ။
                    မသေခင်က ပုပ်နေသော တိဿရဟန်း
         ရှင်တော်မြတ်ဘုရား သာဝတ္ထိပြည် ဇေတ၀န်ရွှေကျောင်းတော်ကြီးမှာ သတင်းသုံးစဉ်အခါကဖြစ်၏။ သာဝတ္ထိပြည် သားအမျိုးကောင်းသားတယောက် ဗုဒ္ဓသာသနာ၌ သက်ဝင်ယုံကြည်လာကာ ရဟန်းပြုလိုက်၏။
ထိုရဟန်း၏ အမည်နာမည်ကို တိဿ ဟု ခေါ်ဝေါ်သမုတ်ကြ၏။
     ထိုရန်းတော်တိဿသည် စာပေကိုလည်း သင်ကြားတတ်မြောက်၏ တရားကိုလည်းအားထုတ်၏ သို့သော် သစ္စာလေးပါး မြတ်တရားကို ထိုးထွင်း၍ မသိရှိသေးသောကြောင့် အရိယာပုဂ္ဂိုလ်တော့ မဖြစ်သေးပါ ထိုရဟန်း တော်သည် ဗုဒ္ဓသာသနာကို သဒ္ဓါတရားရှိရှိဖြင့် သက်ဝင်ယုံကြည်လာခြင်းဖြစ်၏။
     သို့သော် တရားထူးကို မရခြင်းဟူသည်မှာ အိနြေ္ဒတို့နှင့် ပြည့်စုံညီညွတ်မှု မရှိသေးသောကြောင့်ဖြစ်၏။ သဒ္ဓါ နှင့်ပညာ၊ ၀ိရိယနှင့်သမာဓိတို့ အစုလိုက်မျှဖို့လို၏။ ထိုသို့ဖြစ်ရလေအောင် သတိကလည်း ခဏမလပ် စောင့် ကြပ်ဖို့လို၏။ ထိုအဆင့်သို့ တိဿမထေရ် မရောက်သေးသဖြင့်တရားထူးကို မရသေးခြင်းဖြစ်၏။
     တိဿမထေရ် စာပေလေ့လာပြီး တရားအားထုတ်ရင်း ထိုမထေရ်၏ ခန္ဓာကိုယ်၌ အဖုငယ်တခုပေါက်လာ ၏။ ထိုအဖုငယ်သည် တဖြေးဖြေးကြီးလာရာ ဆီးသီးခန့်၊ ဆီးဖြူသီးခန့် ပမာဏရှိတဲ့ အနာလုံးကြီးများ သွေးတ စိုစို ပြည်တရွှဲရွှဲ ဖြစ်လာပြီး တစ်ကိုယ်လုံး အပ်ချစရာ နေရာမကျန်အောင် အနှံ့အပြားပေါက်လာကာ ထိုအနာ လုံးကြီးများ ပေါက်ကွဲ၍ တကိုယ်လုံး ပုတ်လေ၏။ ပုတ်ရုံသာမက အရိုးများလည်း ကျိုးပဲ့ကုန်ကြ၏။
   ထိုတိဿမထေရ်၏ အတူနေတပည့်များလည်း တိဿမထေရ်ကို ပြုစုရန် မတတ်နိုင်သဖြင့် မလွှဲသာမရှောင် သာ စွန့်ပစ်ထားကြကုန်၏။ ထိုအခါ တိဿမထေရ်သည် အာကိုးရာမဲ့ဖြစ်ကာ တပါးတည်း အိပ်ယာပေါ်၌သာ လဲလျှေင်းလျှက် နေရတော့၏။ ထိုတိဿမထေရ်သည် ထိုဘ၀၌ပင် ရဟန္တာဖြစ်မည့် ပါရမီရှင်ဖြစ်၏။ သို့သော် ထိုမထေရ်၏ အတိတ်ဘ၀တခု၌ ပါဏာတိပါတကို ကျူးလွန်ခဲ့သော အကုသိုလ်ကံတွေ ရှိနေပါ၏။
  ထိုပါဏာတိပါတကို ကျူးလွန်ခဲ့သော အကုသိုလ်ကံကို တိဿမထေရ်လောင်းအမျိုးသား ကဿပဘုရားရှင် လက်ထက်က လွန်ကျူးခဲ့ခြင်းဖြစ်၏။ထိုဝဋ်ကျွေးသည် ထိုမျှလောက်ကြာနေပါသော်လည်း အရိပ်ပမာလိုက်၍ နေ၏။ အကျိုးပေးခွင့်ကို စောင့်မျှော်နေခြင်းဖြစ်၏။ ယခုမှ အကျိုးပေးခွင့်ရ၍ အကျိုးပေးခြင်းဖြစ်၏။
  ထိုတိဿမထေရ်သည် ကဿပဘုရားရှင် လက်ထက်တော်အခါက ငှက်သတ်မုဆိုးဖြစ်ခဲ့ဘူး၏။ ထိုတိဿ အ လောင်း ငှက်မုဆိုးသည် ငှက်များကိုအရှင်လတ်လတ် ခြေများကိုချိုးခဲ့ဘူး၏။အတောင်များကိုလည်း ချိုးခဲ့ဘူး၏။ ထိုသို့ခြေများ အတောင်များကို ချိုးထားခြင်းမှာ မပြန်နိုင်အောင် လုပ်ထားခြင်းဖြစ်၏။ သတ်ပြီးထားပါက လည်း ပုပ်ကုန်မည် စိုးရိမ်သောကြောင့် ယ္ခုကဲ့သို့ အရှင်လတ်လတ် ခြေများ အတောင်များကို ချိုးထားခြင်းဖြစ်၏။
Type your summary here. Type the rest of your post here.
No comments: