အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Monday, November 17, 2014

နို့ကြွေးဆပ်သူ-အာဂလူ(၃၇)





       ကာမေသုမိစ္ဆာစာရကံရဲ့ အကျိုးဆက်တွေကြေင့်၊ ယောင်္ကျားဘ၀တော့ရရှိပါရဲ့ ခွန်အားဗလကြီးကလည်း တောင့်ပါရဲ့  ဒါပေမဲ့ သွားပုံလာပုံကြတော့ နွဲ့တဲ့တဲ့နဲ့လေ၊ ဒါဆိုသေချာပြီ အတိတ်ဘ၀က ကာမေသုမိစ္ဆာစာရ ကံတွေကို ကြူးလွန် ချင်တိုင်း ကြူးလွန်လာသူတွေဆိုတာ ထိုမိန်းမစိတ်ပေါက်နေသော မိန်းမရှာတွေကို ဆိုလို ခြင်းဖြစ်၏။
   ထိုကာမေသုမိစ္ဆာစာရကံရဲ့အကျိုးဆက်ကြောင့် ဘယ်သူကမှလည်းသူကို ဘာမှမလုပ်ပဲ မပြောပဲနဲ့ စိုးရိမ်စိတ် တွေ များနေတတ်ပါ၏၊ထိုမိန်းမရှာတွေသည် သူတို့အကုသိုလ်ကံ၏ စေ့ဆော်ပေးမှုကြောင့်ထင်ပါ၏။ ယောင်္ကျား မြင်တိုင်း ပေးဆပ်ခြင်သည့် သဘောထားပြတတ်၏။ မူယာမျိုးစုံ လုပ်ဆောင်ကာ ဟန်ရေးပြတတ်၏။
      
ကာမေသုမိစ္ဆာစာရကံကြောင့် အမျိုးသမီးများ ငရဲခံရပုံကို  နေမိဇာတ်တော်ကြီးတွင် ထိုကဲ့သို့ပြထားပါ၏။
     နတ်၏ ရထားမှူးဖြစ်သော မာတလိနတ်သားသည်၊ သံလုံးကြိတ်ငရဲသို့ ရှေးရှု၍ ရထားကိုမောင်းပြန်၏ ထို ငရဲ၌ ခံစားရသူ ငရဲသူ အမျိုးသမီးတို့ကို နေမိမင်းကြီးအားပြလေ၏ ထိုငရဲသူ အမျိုးသမီးတို့ကို မြင်သဖြင့် နေမိ မင်းကြီးသည် ကိုယ်တိုင် ခံစားရဘိသကဲ့သို့ အလွန်ထိပ်လန့်တုံလှုပ်ခြင်း ရှိသည်ဖြစ်၍ မာတလိနတ်သား အား သို့ကလိုမေးမြန်းလေ၏။
  နတ်၏ရထားမှုးဖြစ်တော်မူသော မာတလိနတ်သား ကြောက်မက်ဖွယ်ရှိသော ဤငရဲ၌လည်း တကွဲတပြားပင် ယောက်ျား တယောက်မျှ မခံရ၊ ဤမိန်းမအများတို့သည် နွားသတ်ရာအရပ်တို့၌ ခေါင်းပြတ်၍ သွေးလိမ်းကျံ သော နွားတို့ကဲ့သို့  အချို့သောကိုယ်လည်း အပြတ်ပြတ်အပိုင်းပိုင်း၊ အချို့လည်း အယွင်းယွင်းအပေါက်ပေါက်၊ ခါးအောက်ကိုယ်အနေလည်း သံမြေထဲသို့ မြှုပ်သိပ်လျက်ရှိ၏။
    ထို့ပြင် ခြေထိတ်ခတ်နှင့်အတူ၊ ပြင်းထန်သော ဝေဒနာအဟုန်တို့ကြောင့် လက်နှစ်ဘက်ကို ဦးခေါင်းတွင် တင် ထား၍ အော်ဟစ်ကာကိုးကွယ်ရာမဲ့သကဲ့သို့ ဖြစ်နေတုံးမှာပင် တောင်လုံးကြီးများကဲ့သို့ ရဲရဲတောက်သော သံလုံး ကြီးများ လိမ့်လာသကဲ့သို့ လေးဖြာသောအရပ်က အထပ်ထပ် အဖန်ဖန် လိမ့်လာတတ်သဖြင့် လှည်းကြိတ်ခံရ ကာ ခြောက်သွေ့သော မုန်ညင်းစေ့ကို မွှေနင်း၍ ကြိတ်သကဲ့သို့ အစိတ်စိတ်အမှုန့်မှုန့် တစစီ ပြန့်ကြဲရရှာပြီ။
     မသေဘဲ ရှင်ပြန်ကလဲ နောက်ထပ်တဖန် ထပ်တလဲလဲ ခံရပြန်၏၊ ထိုမိန်းမ ငရဲသူအပေါင်းတို့၌ မကောင်း သော ဒုက္ခဝေဒနာ ပြင်းလှစွာ၏တကား-ဟု မိန့်ကြား၍ ဤအမျိုးသမီးတို့ ဤငရဲ၌ အဘယ်အကုသိုလ်ကံကို ပြုခဲ့လို့ ဒုက္ခကြီးစွာ ခံစားရပါသနည်းဟု နေမိမင်းကြီးက မေးတော်မူ၏။
     မာတလိ နတ်သားက ဤမိန်းမတို့သည် လူ့ဘ၀က မိမိလင်မှတပါး အခြားယောက်ျားတို့နှင့် မှားယွင်းသော အကျင့်ကို ကျင့်မိခြင်းကြောင့် ဤသို့ ငရဲခံနေရကြောင်း လျှောက်ထား၏၊ ထိုငရဲ၌ နှစ်ပေါင်း သိန်းပေါင်းများစွာ ငရဲခံရ၍ ငရဲမှလွတ်သော် အရေပြားမရှိ၊ အသားအတိ သွေးသံရဲရဲကိုယ်ဖြင့် ပြိတ္တာမများဖြစ်၍ ဆူးတောထဲတွင် နေရပုံ၊ မှက်ခြင်ရဲတို့ ကိုက်ခဲ၍ လွန်ကဲပြင်းပြစွာ ဒုက္ခခံရပုံ စသည်တို့ များစွာရှိပါသေး၏၊  
 


Type your summary here. Type the rest of your post here.

No comments: