မလေးရှားကို
ဒုတိယအကြိမ် အလယ်လာစဉ်က မအူမလယ်မို့ ခိုးခံရဘူး၏ ဘုန်းကြီးနှင့် ဘုန်းကြီးသူငယ်ချင်း
တို့နှစ်ပါး မလေးရှားကို ရောက်လာခဲ့၏ ဘုန်းကြီးသူငယ်ချင်းနဲ့ ရင်နှီးတဲ့ ဒကာတယောက်မှ
သူ့အိမ်တွင်တည်းခို ဖို့လျှောက်ထားတာနှင့် ဘုန်းကြီးလည်း ထိုဒကာအိမ်ကို လိုက်လာမိ၏။
ဒကာသည်
အလွန်လူရည်လယ်သောဒကာဖြစ်၏။ သူ့အိမ်တွင် ဘုန်းကြီးတွေကို ဆွမ်းချက်ကပ်၏။ မြန်မာ
ဆိုင်ကိုလည်း သူပြောထားသောကြောင့် နေ့စဉ် နေ့ဆွမ်းပို့တာတွေ့ရ၏။
နေ့ဆွမ်းကတော့ သူတို့အိမ်သားတွေ ပါ စားဖို့ဖူလုံတာ တွေ့ရ၏။ ဘုန်းကြီးတွေ ကြွနေကြောင်း
သူကနှိုးဆော်ထားတာနှင့် ဆွမ်းစားပင့်တဲ့လူတွေ တနင်္ဂနွေတိုင်းရှိတာတွေ့ရ၏။
ဘုန်းကြီးလည်း
ရောက်ခါစဆိုတော့ ဒီဒကာ သာသနာကို အတော်ကြည်ညိုသားဘဲဟု ချီးမွမ်းပြောဆိုမိ၏။ သူ့အကြောင်းသေသေချာချာမသိတော့
သူခိုးကို သူတော်ကောင်းဟု ထင်မိခြင်းဖြစ်၏။ ဘုန်းကြီးတွေ ဆွမ်းစား ကြွရာတွင် သူ့ကားနဲ့လိုက်ပို့ပေး၏
ကပ္ပိယသဘောမျိုးလုပ်ဆောင်တာလည်း တွေ့ရ၏။
အလှူငွေတွေ
သူကိုယ်တိုင်ယူလာကာ အိမ်ရောက်ရင် သူ့အခမ်းထဲဝင်သွားပြီး ဘုန်းကြီး ၂-ပါးဆိုတော့ စာအိပ်
၂-အိပ်ခွဲကာ လာကပ်၏။ ဘုန်းကြီးတို့လည်း သဘောရိုးထင်ပြီး လှူတာသာ ယူထားလိုက်၏။ ဘာမှ
မမေးပါ ဘုန်းကြီး သူငယ်ချင်းဒကာဆိုတော့ ပြောလို့လည်း မကောင်းတာနဲ့ မပြောပါ။
ဒီဒကာ
မရိုးသားဘူးဆိုတာကတော့ ဘုန်းကြီးသိနေ၏။ ရလာတဲ့ ၀တ္ထုငွေတွေကို ဘုန်းကြီးတွေရှေ့တွင်
ဘယ်တော့မှ မရေတွက်ဘဲ အခန်းထဲဝင်ပြီး ဘယ်သူမှ မသိအောင်လုပ်နေတာကိုက မရိုးသားခြင်ဖြစ်၏။
သူလုပ်နေသည်ကိစ္စတွေကိုလည်း ဘုန်းကြီးတွေ သိမှာစိုးရိမ်လို့ သူ့မျက်နှာသည် စိုးရိမ်စိတ်
အမြဲရှိနေသည့် ပုံပေါ်နေ၏။
ဘုန်းကြီးသူငယ်ချင်းကို
ဘုန်းကြီးဒကာ သိပ်မရိုးသားဘူးဟု အရိပ်အရောင်ပြောသော်လည်း သူကသိပ်မယုံ ချင် တနေ့တော့
ပရိတ်ရွတ်တခုတွင် ဘုန်းကြီးတို့၂-ပါး ကြွသွား၏ ပရိတ်ရွတ်ပြီးသွားတော့ သူတို့တတွေ ထမင်
စားခန်းတွင် ထမင်း စားနေတုံး ဘုန်းကြီးသူငယ်ချင်းကို အလှူငွေစာအိပ်ဖွင့်ပြီးပြ၏ စာအိပ်ထဲတွင်
လှူဒါန်ငွေ ၂၅၀-ရင်းဂစ်တွေ့ရ၏။
ထမင်းစားပြီး
ဒကာသည်အလှူငွေတွေ လာယူပြီး အိမ်ကိုပြန်ကြွလာ၏ အိမ်ရောက်တဲ့အခါ ထုံးစံအတိုင်း သူ့အိပ်ခန်း
ထဲဝင်သွားကာ မကြာခင်ပြန်ထွက်လာပြီး စာအိပ် ၂-အိပ်နဲ့ ဘုန်းကြီးတို့ ၂-ပါးကို လာကပ်၏
သူပြန် သွားလို့ စာအိပ်ဖွင့် ကြည့်တော့ ရင်းဂစ် ၂၀-သာတွေ့ရတော့၏။
သူငယ်ချင်းဘုန်းကြီးကို
လက်တွေ့ပြလိုက်မှ သဘောပေါက်သွားကာ ပေါက်ကွဲပါလေတော့၏။ သေသေချာ ချာ စဉ်းစား ကြည့်တော့လည်း
ဘုန်းကြီးတို့က သူ့အိမ်သွားတည်းတာကို သူကဆရာတော်လုပ်ပြီး ရသမျှတွေကို အကုန်သိမ်းယူကာ
သူပေးချင်သလောက်သာပေးနေခြင်းဖြစ်၏။
မလေးရှားမှာ ပဓာနကျောင်းထိုင်ဆရာတော်နဲ့ တွေ့ဘူးတဲ့
အတွေ့အကြုံလေးမို့ နောင်နိုင်ငံခြား အလည်သော် လည်းကောင်း သာသနာပြုသော်လည်းကောင်း ကြွမည့်ရဟန်းတော်တွေအတွက်
သတိပြုစ၇ာအချက်ပါ ဘုန်းကြီးကို ခုတုံးလုပ်ပြီး သူခိုးကြီးတွေ နိုင်ငံတကာတွင် ရှိနေပါကြောင်း
အသိပေးလိုက်ခြင်းဖြစ်၏။
ဤလို
သီလကင်းမဲ့ပြီး ကိုယ်ကျင့်သိက္ခာပျက်စီးနေသော မိဘမျိုးကို ပိုင်ဆိုင်ထားတဲ့ သားသမီးတွေသည်
မိမိ တို့မိဘတွေ သီလစင်ကြယ်အောင်လုပ်ပေးနိုင်မှသာလျှင် အမေ့နို့ဖိုးကြေအောင်ဆပ်နိုင်မှာဖြစ်၏။
ကိုယ့်နိုင်ငံတွင်
အစဉ်မပြေလို့ မလေးရှားတွင် အေးဂျင့်အားကိုးပြီး အလုပ်လာလုပ်သော မြန်မာတွေ အေးဂျင့်
အလိမ်နဲ့ တွေ့ပြီး ဗီဇာအတုတွေကပ်လာသောကြောင့် လေဆိပ်တွင်အဖမ်းခံရကာ ထောင်တနှစ်အချခံ
လိုက်ရ ပါ၏။ အမှန်မှာ အေးဂျင့်တွေနှင့် ၀ိုင်းဝန်းလိမ်ညာကာ ရိုက်စားလုပ်တတ်သော ပတ်သက်ရာ
ပက်သတ်ကြောင်း လူကြီးတွေကို ဖမ်းစီးပြီး အရေးယူရမှာဖြစ်၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment