အဒိန္နာဒါနကံကို
ကျူးလွန်ခြင်းကြောင့် ရရှိလိုက်သောအကျိုးဆက် ပြိတ္တာမတယောက်အကြောင်း။
တိုင်းပြည်တပြည်တွင် ပြည့်တန်ဆာမတစ်ယောက် ရုပ်ရည်ကလည်းချောမောလှပသလို
မြတ်နိုးစရာ ဆံပင်ကလည်း မည်းမှောင်ပြောင်လက်ပြီး အလွန်ရှည်လျားလျှက် အလွန်လှပသော
အမျိုးသမီးငယ်တယောက် ရှိ၏။ ထိုကဲ့သို့ ရုပ်ရည်အဆင်းလှပသော အမျိုးသမီးငယ် ပြည့်တန်ဆာမလေးကို
တခြားအမျိုးသမီးတွေက မနာ လိုဖြစ်ကြ၏။
ထိုအမျိုးသမီးငယ်
ပျက်စီးရာ ပျက်စီးကြောင်းကို အမြဲကြံစီလျှက်ရှိ၏။ တနေ့တော့ ထိုအမျိုးသမီးငယ် ခေါင်းလျှော်မည့် ခေါင်လျှော်ရေထဲ့သို့
ဆံပင်ကျွတ်စေတဲ့ဆေးတွေကို ထိုအမျိုးသမီးငယ်မသိအောင် ခိုးထည့် ထားလိုက်၏။ ထို ပြည့်တန်ဆာမ
အမျိုးသမီးလေး ခေါင်းလျှော်သည့်အခါ ဆံပင်တွေအားလုံးကျွတ်ခါ ခေါင်းတုံး ပြောင်ဘဝကိုရောကရှိသွားပါ၏။
ထိုပြည့်တန်ဆာမအမျိုးသမီးလေးလည်း
အင်မတန်မှ ရှက်လှသဖြင့် မြို့ထဲမှာမနေရဲတော့ဘဲ မြို့ပြင်ကို ထွက်ပြီး
အရက်ဆိုင်ဖွင့်လျှက် အသက်မွေးဝမ်းကျောင်းပြုနေရပါ၏။ တစ်ရက်တော့ အရက်မူးသမား
သုံးလေး ယောက် အရက်မူး လွန်းပြီး အိပ်ပျော်သွားတဲ့အခါ။ ထိုပြည့်တန်ဆာမလေးက
ထိုအမူးသမားများရဲ့ အဝတ်များ ကို ချွတ်ယူကာ ခိုးယူထားလိုက်၏။ ထိုကဲ့သို့ခိုးထားခြင်းကြောင့် မြို့ပြင်မှာ
မနေဝံ့ပဲ တောရွာလေးတစ်ခုကို ပြောင်းရွှေ့ကာ လုပ်ကိုင်စားသောက်နေ၏။
ထိုရွာလေးမှာ
လုပ်ကိုင်စားသောက်စဉ် ဆွမ်းခံကြွလာသော ရဟန္တာမထေရ်မြတ်တစ်ပါးကို ဖူးမြင်ရပြီး ကြည်
ညိုလွန်းလှသည့်အတွက် မိမိအိမ်သို့ပင့်ဆောင်ပြီး နှမ်းညက်မုန့်တွေကို
လှူဒါန်းဆက်ကပ်လိုက်၏။ ထိုကုသိုလ် ကံကြောင့် ဆံပင်မရှိသော မိမိဦးခေါင်းပေါ်တွင်
နူးညံ့ပျော့ပျောင်းပြီး နက်မှောင်တောက်ပ၍ ရှည်လျှားပြော့ ပျောင်းသော ဆံကေသာများ
ပေါက်ရပါလို၏ဟု ဆုတွေတောင်းလိုက်၏။
ထိုအမျိုးသမီးလေး
ကွယ်လွန်သည့်အခါ သမုဒ္ဒရာကြီး၏ အလယ်တွင် ရွှေဗိမ္ဗာန်မှာအငြိမ့်သား ခံစားစံစား ရတဲ့အခါ
ခံစားစံစားရသလို၊ ငရဲမှာ ခံရသည့်အခါလည်းဝေမာနိကပြိတ္တာအဖြစ်နဲ့ခံရပါ၏။
ရွှေဗိဗ္မာန်မှာ လေးလ ခံစားစံစားရသလို ငရဲမှာ လေးလခံစားရပါ၏။ ရွှေဗိဗ္မာန်မှာ
စံစားရသော်လည်း အဝတ်ခိုးခဲ့သည့် အကုသိုလ်ကံ ကြောင့် အဝတ်မရှိပဲ ကိုယ်လုံးတီးနေရ၏။
ရဟန္တာအရှင်မြတ်ကို နှမ်းညက်မုန့်လှူဒါန်းခဲ့ပြီး ဆုတောင်း ခဲ့တဲ့ ကုသိုလ်ကောင်းမှုကြောင့်
ရှည်လျား ပြော့ပျောင်းပြီး နက်မှောင်သံမာသော ဆံပင်များဖြင့် အရှက်လုံ အောင်
ဖုံးကွယ်ထားရ၏။
ထို အဖြစ်အပျက်တွေကို သုံးသပ်ကြည့်မည်ဆိုရင်
ပြိတ္တာမ အဝတ်မရှိခြင်းနှင့် ငရဲခံရခြင်းသည် အဝတ်ခိုး ခြင်းလို့ဆိုတဲ့ အဒိန္နာဒါန-ကိုကျူးလွန်ခြင်းကြောင့်
ခံစားရတာဖြစ်ပြီး၊ ရှည်လျှားပြော့ပျောင်းလှပ၍ နက်မှောင် သော ဆံကေသာအလှနှင့်
ရွှေဗိဗ္မာန်မှာ ခံစားစံစားရခြင်းသည် ရဟန္တာမထေရ်မြတ်ကို နှမ်းညက်မုန့်ကို ရိုရို သေသေ
လှူဒါန်းခဲ့တဲ့ ကုသိုလ်ကံကြောင့် ခံစားစံစာရခြင်းဖြစ်ပါ၏။
အဒိန္နာဒါန အကုသိုလ်ကံကား
ကြောက်လန့်ဖွယ်ကောင်းလှပါ၏။ ထိုဝတ္ထုထဲက ပြိတ္တာမရဲ့အဖြစ်ကို မှတ်ယူ ပြီး သူတစ်ပါး မပေးသော
ဥစ္စာကို ခိုးယူခြင်း၊ တိုက်ယူခြင်း၊ အတင်းအကြပ်ယူခြင်း၊ နှိုက်ယူခြင်း၊ မသိအောင် ယူခြင်း
၊ မတရားယူခြင်း၊ ပရိယာယ်တစ်ခုခုနဲ့လှည့်ပတ်ပြီးယူခြင်း စတဲ့ အဒိန္နာဒါနကံကို
လွန်ကျူးသူတွေသည် ထိုကဲ့သို့ ခံစား စံစားရမည်ကို ကြိုတင် သဘောပေါက်ထားလျှင်
ပိုကောင်းမည် ထင်ပါ၏။
အမေ့နို့ဖိုး ကြေအောင်ဆပ်ချင်သည့်
သားသမီးတွေ မိမိတို့အမေတွေကို အဒိန္နာဒါနမှုမှ ရုံးထွက်နိုင်အောင် ကျိုးစားနိုင်မှသာလျှင်
သီလမရှိသောမိဘတွေကို သီလရှိအောင် လုပ်ပေးရာရောက်သဖြင့် အမေ့နို့ဖိုး ကျေ အောင်ဆပ်နိုင်တဲ့
သားကောင်း သမီးကောင်းတွေ ဖြစ်လာမှာပါ စာရှုသူ သင့်မိဘတွေကို သီလရှိအောင် လုပ် ပေးနိုင်ပါစေ။
Type your summary here. Type the rest of your post here.
No comments:
Post a Comment