မိမိထုတ်ကုန်တွေအပေါ်
မသမာသောနည်းဖြင့် စွဲဆောင်မှုရှိအောင် မရောသင့်တာတွေရော မစပ်သင့်တာတွေ စပ်ပြီး လူတွေကို
လိမ်ညာပြီး ရောင်းတဲ့ ဈေးသည်မိဘတွေလည်း များစွာရှိပါ၏။ တချို့ဈေးသည်တွေသည် ၀ယ် သူတွေမသိအောင်
အလေး တင်းတောင်း ကတ္တား စသည်ဖြင့် ပညာမျိုးစုံပြကာ မလိမ့်တပါတ်နဲ့ အဒိန္နာဒါနမှု တွေကို
လက်ရဲဇက်ရဲ ကျူးလွန်ရဲတဲ့ မိဘတွေလည်း များစွာရှိပါ၏။
ကြက်သား ၀က်သား-အမဲသား-စသော အသားငါး ရောင်းသူတွေလည်း
မိမိအတ္တကိုရှေ့တန်းတင်ပြီး ဘယ်စား သုံးသူ၏ မျက်နှာကိုမှ မကြည့်ဘဲ လောဘဇောတိုက်ကာ ရေးထိုးပြီး
စားသုံးသူကို လိမ်ညာရောင်းတာလည်း စားသုံးသူထံမှ မလိမ့် တပါတ် ငွေကြေးကိုရအောင်ယူတတ်သောကြောင့်
ခိုးမှုမြောက်သည်ဟု ဆိုရမှာဖြစ်၏။ ထိုစီးပွားရေးကို လုပ်ကိုင်နေတဲ့ မိဘတွေလည်း ရှိနိုင်ပါ၏။
ချဲထီ
နှစ်လုံးထီနဲ့ ဖြတ်လမ်းလိုက်ပြီး လောဘဇောတိုက်ပြီး ချမ်းသာချင်တဲ့ မိဘတွေရှိသလို ချဲဒိုင်
နှစ်လုံးဒိုင် ကိုင်တဲ့ လောဘသားကောင် အတ္တသမားတွေလည်းရှိပါ၏။ထိုသူတွေသည် မိမိချမ်းသာရေးအဓိကထားပြီး
တိုင်း ပြည်လူမျိုးကို အကျင့်စာရိတ္တတွေပျက်စီးအောင် မလိမ်တပါတ်နဲ့ စီးပွားရှာသူတွေဖြစ်တာကြောင့်
လောကကြီး
ပျက်စီးအောင် အဓမ္မမှုများ ကျူးလွန်သည့်အတွက် မတရားမှုဖြင့်
စီးပွားရှာနေသော မိဘတွေလည်း ရှိနိုင်ပါ၏။
ဈေးရောင်းရာတွင်
ကိုယ်ရောင်းနိုင်သည့်ဈေးကို ပြောဆိုလျှက် ရောင်းဝယ်ခြင်းကိုပြောဆိုခြင်းသည် ကောင်း
ပါ၏. သို့သော် ၀ယ်ဈေးကို တင်ပြီးပြောဆို၍ မလိမ့်တပါတ်ပြောဆိုပြီး ရောင်ဝယ်ခြင်းသည်
ဝယ်သူ့ထံမှ အဓမ္မမှု ဖြင့် ဖြားယောင်းယူ လိုက်သလိုဖြစ်သွားသည့်အတွက် ခိုးမှုမြောက်သွားနိုင်ပါ၏။
ဤလိုမိဘတွေလည်း များစွာရှိ ပါ၏။
စက်ရုံအလုပ်ရုံမှာ
အလုပ် လုပ်သောအုပ်သမားတွေသည် နိုင်ငံတကာစံချိန်နဲ့ဆိုလျှင် တနေ့ကို အလုပ်ချိန် သည်
(၈)နာရီသာဖြစ်၏။ ထိုအလုပ်ချိန်(၈)နာရီထဲတွင် အလုပ်သမားက အချိန်(၁)နာရီလောက် အချောင်ခို လိုက်မယ်ဆိုလျှင်
အချိန်ခိုးတာဖြစ်သောကြောင့် ခိုးမှုထဲပါနိုင်ပါ၏။ သူဋ္ဌေးကလည်း (၈)နာရီခိုင်းရမဲ့ အလုပ်
သမားကို (၉)နာရီ(၁၀)နာရီခိုင်းမယ်ဆိုလျှင် သူဋ္ဌေးလည်း အလုပ်သမားတွေရဲ့ လုပ်အားခကို အဓမ္မယူသော
ကြောင့် အဒိန္နာဒါနမှုမြောက်ပါ၏။ ထိုအမှုတွေကို လွန်ကျူးနိုင်သော မိဘတွေလည်း ရှိကောင်း
ရှိနိုင်ပါ၏။
တရားသူကြီးများ၊
ဥပဒေအရာရှိ ရှေ့နေကြီးများသည် အမှုလာအပ်သော အမှုသည်များထံမှ လာဘ်စားပြီး ငွေများမှ
တရားနိုင်ပေးခြင်းသည် ခိုးယူခြင်းပင်ဖြစ်၏။ ပေတဝတ္တု ပါဠိတော်တွင်
တရားသူကြီးပြိတ္တာဟူ၍ ထူး ထူးခြားခြား ပါရှိတာ တွေ့ရ၏။ ထိုပြိတ္တာသည် အိုးပမာဏလောက်
ကြီးမားသော မိမိ၏ဝှေးစေ့ကြီးကို ထမ်းပြီး လှည့်လည်သွားလာနေရ၏။
ငှက်ဆိုးမျာဖြစ်သော ဠင်းတများ၊ ကျီးငှက်များက
သူ၏ဝှေးစေ့ကြီးကို လိုက်လံကိုက်ဖောက် စားသောက်နေ ကြသောကြောင့် သက်သက်သာသာနေရသည်မရှိဘဲ
ပြေးလွှားအော်ဟစ်၍သာနေရ၏။ သူသည် အတိတ်ဘဝ တရားသူကြီး ဖြစ်စဉ် အခါက အမှုသည်များထံမှ
မတရားလာဘ်စားခဲ့ဖူးသော အကုသိုလ်ကြောင့် ယခုလိုဒုက္ခ ကို ခံစားနေရခြင်း ဖြစ်၏။
မလေးရှားတွင်
အလုပ် လုပ်နေသောမြန်မာတွေလည်း စက်ရုံနှင့် စားသောက်ဆိုင်တွေမှာ လုပ်တာကများပါ ၏။ အလုပ်ရှင်တွေဘက်ကသာလျှင်
အချိန်တွေပိုဆင်းခိုင်းကာ ကျူးလွန်နေတာအများဆုံးတွေ့ရ၏။ အလုပ်သ မားတွေဘက်က ကျူးလွန်တာတော့
ရှိကောင်းရှိနိုင်ပါ၏။ သူဋ္ဌေးမရှိတဲ့အခါ အချိန်ပြည့်မလုပ်မှုတွေ အချိန်ခိုးမှု တွေတော့ရှိပါ၏။
အလုပ်သမားဘက်ကလွန်စွာနဲပါ၏။ အလုပ်သမားတွေ အနှိမ်ခံဘက်ကသာ များစွာတွေ့ရ၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment