ကာမေသုမိစ္ဆာစာရ
ဆိုသည်မှာ
ကာမေသု-ကာမမှုတို့၌၊
မိစ္ဆာစာရော-ယုတ်ယုတ်မာမာ ကျင့်ခြင်းသည်၊ ကာမေသုမိစ္ဆာစာရော-ကာမေသုမိစ္ဆာ စာရမည်၏၊
ယောင်္ကျားတို့သည်လည်း မိမိပိုင် မယားနှင့် ပျော်ပါးခြင်းသည် ကာမေသုမိစ္ဆာစာရ
မဖြစ်ပါ၊ မိန်းမ တို့သည်လည်း မိမိယောင်္ကျားနှင့် ပျော်ပါးခြင်းသည်
ကာမေသုမိစ္ဆာစာရမဖြစ်ပါ၊
ကာမေသုမိစ္ဆာစာရ ဆိုသည်မှာ အုပ်ထိမ်းသူရှိသော
အမျိုးသမီးများကို မှောက်မှောက်မှားမှား လွန်ကျူးခြင်း ဟု အဓိပ္ပါယ်ပြန်ဆိုနိုင်ပါ၏။
အမျိုးသားသည် မိမိအမျိုးသမီးမှ ကျန်အမျိုးသမီးကို မှားမှားယွင်ယွင်း ဖေါက်ပြန် ခြင်းနှင့်။
အမျိုးသမီးသည် မိမိအမျိုးသားမှတပါး ကျန်အမျိုးသားတွေနှင့် ဖေါက်ဖေါက်ပြန်ပြန်
ကျင့်ခြင်းဖြစ်၏။
ထိုကဲ့သို့ လွန်ကျူးကြခြင်းသည်
သွင်ပြင်လက္ခဏာအားဖြင့် သာမာန်အသိနှင့် သာမာန်အကျင့်မျှသာဖြစ် ၏။ ထူးခြားသောအသိနှင့်
ထူးခြားသောအကျင့်ဟုဆိုအပ်သော အနှစ်သာရပိုင်းဆိုင်ရာ စောင့်ထိမ်းစရာတွေ လည်း
ကာမေသုမိစ္ဆာစာရတွင် ရှိပါသေး၏။
ထူးခြားသောအသိနှင့် ထူးခြားအကျင့်ဟုဆိုအပ်သော အနှစ်သာရပိုင်းသည်
ကာမေသုမိစ္ဆာစာရကို မိမိ ကိုယ်တိုင် စောင့်ထိမ်းရုံနဲ့မပြည့်စုံသေး မိမိရွာ
မိမိမြို့ မိမိတိုင်း မိမိနိုင်ငံမှာ ဒီလို ကာမမှုကျူးလွန်သော မုဒိန်း သမားတွေ
မပေါ်ပေါက်လာဖို့ ၀ိုင်းဝန်းထိမ်းသိမ်းစောင့်ရှောက်ရမှာဖြစ်၏။
ကာမေသုမိစ္ဆာစာရကို အနှစ်သာရပိုင်းဆိုင်ရာပါ
ဝိုင်းဝန်းထိမ်းသိမ်း စောင့်ရှောက်နိုင်ဖို့အတွက် လူတိုင်း လူတိုင်းမှာ ချစ်တတ်
ကျင်နာတတ် မြတ်နိုးတတ် ခွင့်လွတ်တတ်တဲ့ အသိထူးတွေ အကျင့်ထူးတွေကို သိနိုင်
ကျင့်နိုင်မှသာလျှင် လောကကြီးငြိမ်းချမ်းလာမှာဖြစ်၏ လောကကြီးငြိမ်းချမ်းလာလျှင်
နိုင်ငံလည်းငြိမ်းချမ်းမှာ ဖြစ်၏။
ကာမေသုမိစ္ဆာစာ အကြောင်းတွေကိုလည်း နားမလည်သူတွေ နားလည်အောင် နာလည်ပြီးသားသူတွေ လည်း
ထပ်ပြီးနားလည်အောင် တင်ပြလိုက်ပါ၏။
ကာမေသု မိစ္ဆာစာရကံ မြောက်ရန် အင်္ဂါ ၄ ပါး
ပြည့်စုံရပါ၏။
၁။ အုပ်ထိန်းသူရှိသော မိန်းမ ၂၀ ဖြစ်ခြင်း။၂။ မှီဝဲလိုသည့်စိတ်ရှိခြင်း။ ၃။ မှီဝဲရန် အားထုတ်ခြင်း။ ၄။ သာယာခြင်းတို့ဖြစ်ကြ၏။ မှီဝဲလိုသည့်
စိတ်ရှိခြင်း၊ မှီဝဲရန် အားထုတ်ခြင်းနှင့် သာယာခြင်းတို့မှာ ထပ်ဆင့် ရှင်းလင်းဖွယ်
မလိုသော်လည်း မသွားလာထိုက်သည့် မိန်းမ ၂၀ ကို ရှင်းလင်းရန် လိုသည့် အားလျော်စွာ
ထေရ၀ါဒ ဗုဒ္ဓကျမ်းဂန်တို့တွင် အောက်ပါအတိုင်း ရေးသားထားတာ တွေ့ရပါ၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment