အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Monday, December 8, 2014

နို့ကြွေးဆပ်သူ-အာဂလု(၄၆)





      သိက္ခာပုဒ်ကို အနှစ်သာရအားဖြင့် စောင့်ထိန်းရာ ရောက်ပါမှလည်း လောက၌ ငြိမ်းချမ်းသာယာမှု ဖြစ်ထွန်း
ခြင်းသည် လောက၌ အဓမ္မအပေါ် ဓမ္မက အောင်နိုင်အောင် ဆောင်ရွက်ခြင်း မည်၏။ အမှန်အားဖြင့် လောက၌ အဓမ္မအပေါ် ဓမ္မက အောင်နိုင်အောင် ဆောင်ရွက်ဖို့ရန် လူတိုင်း၌ တာဝန်ရှိ၏။ တာဝန်ရှိသည်ဟု သိရုံနှင့်လည်း မပြီးသေး။တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ဖို့လည်း လိုသေး၏။ တာဝန်ကိုကျေအောင် ဆောင်ရွက်ပါမှ ရတောင့်ရခဲ ရလာသော လူ့ဘဝကို ရကျိုး နပ်ပေလိမ့်မည်။
       မုသ၀ါဒသည် ဈေးသည်တွေ ကုန်သည်ပွဲစားတွေ အလွန်ကျူးဆုံးဖြစ်၏။ သူတို့တတွေသည် မုသားစကား ကို ထုံးလိုမွှေ ရေလိုနောက်အောင်ပြောတတ်ကြ၏။ မုသာဝါဒ၏ ဆိုးကျိုးတွေကို သူတို့သိပုံမပေါ် ”မုသားမပါ လင်္ကာမချော“ ဆိုကာ မုသာဝါဒ ပြောရာ၌လည်း လင်္ကာရွတ်သလို ပြောဆိုနေကြ၏။ အဖြူရောင်မုသားဆိုပြီး ခေတ်မှီတယ်ဆိုတဲ့ သူတွေက တစ်မျိုးထွင်ကြပြန်၏။ မုသား (လိမ်ညာ) တယ်ဆိုကတဲက ဘယ်လိုမှအဖြူရောင် မထွက်နိုင်ပါဘူး၊ အမည်းရောင်သာဖြစ်နိုင်၏၊ အောက်ထစ်ဆုံး မီးခိုးရောင်လောက်တော့ ဖြစ်မှာသေချာ၏။
  
       မုသာဝါဒကံမြောက်ဖို့ အင်္ဂါ လေးပါးရှိ၏။
၁။ မဟုတ်မမှန်တဲ့စကားဖြစ်ခြင်း၊
၂။ လှည့်စားလိုတဲ့စိတ်ရှိခြင်း၊
၃။ လှည့်စားလိုတဲ့စိတ်အားလျော်စွာလုံ့လပြုခြင်း၊
၎။ ကိုယ်ပြောသည့်အတိုင်း တစ်ပါးသူက နားလည်သွားခြင်း။

  ကိုယ်က လိမ်ညာချင်တဲ့စိတ် အမှန်တကယ်မရှိပဲ သူအကျိုးရှိအောင် လိမ်ညာပြောဆို ရခြင်းမျိုး။ ဥပမာ။ ဆရာ ၀န်တစ်ဦး အနေနဲ့ လူနာကို ကျန်းမာလာဖို့ လိမ်ညာပြောဆိုရခြင်း၊ စိတ်ဓါတ်ကျပြီး ရောဂါပိုဆိုးမှာစိုး၍ ကင်ဆာ မဟုတ်ပါ၊ ရောဂါပျောက်သွားမှာပါလို့ ပြောရတာမျိုး။ တစ်ခါတစ်ရံ လူတစ်ဦး တစ်ယောက်က အခြားသူ တစ်ဦး ကို စိတ်ဆိုးမည့် ကိစ္စများ ကြုံလာပါက စိတ်မဆိုးဖို့ ကြားဝင်လိမ်ညာပြောပေးရခြင်းမျိုး။ ကိုယ့်ဥစ္စာမပေးလိုလို့ လိမ်တာမျိုး၊ အပျော်အပျက် နှောက်ပြောင်ပြောဆိုတာမျိုး၊ သူတစ်ပါး အကျိုးစီးပွါးမပျက်စေပဲ မိမိ အပြစ်မပေါ် 


Type your summary here. Type the rest of your post here.

No comments: