အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Wednesday, December 3, 2014

နို့ကြွေးဆပ်သူအာဂလူ(၄၃)





      ထိုမကောင်းမှုများကြောင့် သေလွန် သည့်အခါ လောဟကုမ္ဘီငရဲသို့ကျရောက်ပြီး ဆင်းရဲဒုက္ခများခံစားရ၍ နောင်တတရားရရှိကြောင်းထုတ်ဖော်ပြောကြားတဲ့ စကားသာဖြစ်ကြောင်း၊ သူတို့ပြောလိုတဲ့ စကားကို အပြည့် အဝ ဆုံးအောင် မပြောနိုင်ရှာပဲ အစတစ်လုံးစီသာပြောဆိုနိုင်ပြီး ငရဲအောက်သို့ပြန်ပြီး နစ်မြုပ်သွားကြကြောင်း ဖြစ်၏။၊
    ငရဲသားလေးဦးတို့အနက် ပထမဆုံးတစ်ဦးမှာ "ဒုဇ္ဇီဝိတ မဇီဝိမှ" သူဌေးသားဘဝက မကောင်းသော အသက် မွေးမှု ပြုခဲ့မိခြင်းကို ပြန်လည်ပြောဆိုလိုသော်လည်း  ရှေ့ဆုံး(ဒု)ဆိုတဲ့ စကားတစ်လုံးကိုသာ ပြောနိုင်ပြီး ငရဲ အောက်သို့ပြန်လည် နစ်မြုပ် သွားကြောင်းဖြစ်၏။၊
     ဒုတိယငရဲသားက "သဋ္ဌိဝဿသဟဿနိ" နှစ်ပေါင်းခြောက်သောင်းတိုင်အောင် ငရဲ၌ ကျခံရပုံကို ညည်းညူ ပြောဆိုခြင်းသာဖြစ်ကြောင်း ထိုသို့ပြောဆိုသော်လည်း စကားဆုံးအောင်မပြောနိုင်ပဲ (သ)တစ်လုံးထဲသာပြော ဆိုပြီး အောက်သို့ နစ်မြုပ်သွားကြောင်းဖြစ်၏၊
       တတိယ ငရဲသားက "နတ္ထအန္တော ကုတောအန္တော" ငရဲဒုက္ခ၏ အဆုံးအဆမထင်ပုံကိုညည်းညူလိုသော် လည်း(န)တစ်လုံးသာညည်းညူနိုင်ခြင်းသာဖြစ်ကြောင်း၊
        စတုတ္ထငရဲသားအနေနဲ့ ကျွန်နုပ်သည် နောင်ဘဝတွင်ကောင်းသော အလုပ်ကိုသာ အားထုတ်မည်ဟူ သော အဓိပ္ပါယ်ဖြင့် သောဟံနူန ဣတော ဂန္တွာ စသော ဂါထာကို ရွတ်ဆိုလျက်(သော)ဟူသော အစ တစ်လုံး သာပြောဆိုနိုင်ပြီးအဆုံသတ် သွားကြောင်းဟောတော်မူပါ၏။
         မြတ်စွာဘုရားရဲ့ (ဒု၊သ၊န၊သော) ဟူသော အဓိပ္ပါယ်ကိုနားကြားပြီးတဲ့အခါမှာတော့ ကောသလမင်းကြီး အင်မတန် ကြောက်လန့်တုန်လှုပ်သွားပြီး နောက်နောင် သူတစ်ပါး မယားများအား ပြစ်မှားခြင်းမှ လုံးဝ ရှောင် ကြဉ်ပါတော့မည်ဟု ဆုံးဖြတ်ချက်ချမှတ်လိုက်၏ ၊
  ထိုအခိုက်တန့်မှာပင် ကြာပန်းသွားယူသော မင်းလုလင်လည်း မြတ်စွာဘုရားရှင်ထံကိုရောက်လာတော့ ကာယ ကံရှင်များ စုံညီနေချိန်တွင် မြတ်စွာဘုရားရှင်က ထပ်မံပြီး"အိပ်မပျော်ဘဲ နိုးကြားနေသူအား ညတာသည် ရှည် ၏" "ခရီးပန်းသူအား တစ်ယူဇနာခရီးသည် ရှည်လျား၏""တရားကိုမသိသော လူမိုက်တို့အား သံသရာသည် ရှည်ကြာလှပေ၏" ဟူသော တရား ဒေသနာတော်ကိုဟောကြားတော်မူလိုက်၏။
   တရားအဆုံးမှာ မင်းလုလင်သည် သောတာပန်အဖြစ်သို့ ရောက်ရုံမျှမက မင်းပြစ်မင်းဒဏ်မှလည်း ကင်းလွတ် သွားပါ၏။ ကောသလမင်းကြီးလည်းယဇ်ပူဇော်ရန်ဖမ်းဆီးထားသော သတ္တဝါအားလုံးကို ချက်ချင်းလွှတ်ပေးရန် အမိန့်ပေးလိုက်၏။ အသက်ဘေးမှ လွတ်ကင်းသွားတဲ့သူများလည်း မလ္လိကာမိဖုရားကြီးကို ကျေးဇူးတင်၍ မဆုံး နိုင်အောင်ရှိနေပါတော့၏။
     ဒီဒေသနာတော်အရ (ဒု၊သ၊န၊သော)ဆိုတဲ့အပြစ်သည်အင်မတန်ပင်ကြောက်မက်ဖွယ်ရာ၊သံဝေဂယူဖွယ်ရာ ပင်ဖြစ်၏။အားလုံးသော သူများလည်း သူဌေးသားလေးဦးရဲ့ အဖြစ်ဆိုးနဲ့ မကြုံအောင် ကိုယ်ကျင့်သီလကိုစောင့် ထိန်းကြပါလို့ အသိပေးနှိုးဆော်လိုက်ပါ၏။
    စာရှုသူအဆွေ သင်တို့မိဘတွေလဲ ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်ခဲ့သည်ဆိုလျှင် သီလကင်မဲ့နေသော မိတွေဖြစ်နေ၏။ ထိုသီလကင်းမဲ့နေသော မိဘတွေကို သီလရှိအောင် ဆောင်ရွက်ပေးနိုင်ခြင်းသည် အမေ့နို့ဖိုး ကြေအောင်ဆပ်သူဖြစ်ပါ၏။
 


Type your summary here. Type the rest of your post here.

No comments: