အမှန်အားဖြင့် မုသာဝါဒါ ဝေရမဏိ သိက္ခာပုဒ်အရ
အပြောနှင့် အလုပ် ရှေ့နောက်ညီညွတ်လျှင်ပင် သိက္ခာပုဒ် ၏ ဆိုလိုရင်းအနက်သည် ပြီးပြည့်စုံ၏။သို့ရာတွင်
အနှစ်သာရအားဖြင့်မူ သိက္ခာပုဒ်ကို စောင့်ထိန်းရာမရောက် သေးချေ။ အနှစ်သာရ အားဖြင့်
မုသာဝါဒါ ဝေရမဏိသိက္ခာပုဒ်ကို စောင့်ထိန်းမည် ဆိုပါလျှင် စိတ်၏စွမ်းအား
ပါဝင်ဖို့လို၏။ အမှန်အားဖြင့် လောက၏ ကောင်းကျိုးဆိုးပြစ်ကို ဖန်တီးသည်မှာ စိတ်သာဖြစ်၏။
ထို့ကြောင့် မုသာဝါဒါ ဝေရမဏိ သိက္ခာပုဒ်ကို တကယ်တမ်း အနှစ်သာရအားဖြင့်
စောင့်ထိန်းမည်ဆိုပါက စိတ်စွမ်းအား ပါဝင်ဖို့လိုခြင်း ဖြစ်သည်ဟု ဆိုခြင်း ဖြစ်၏။
ဤလောက၌ စိတ်က တကယ်တမ်းမပါဘဲ နှုတ်က
ပြောပြီး ပြောသည့်အတိုင်း လုပ်ကိုင်ခြင်းများသည် ရှိတတ် ပါ၏။ စိတ်ထဲကမူ
ဆန့်ကျင်ဘက် ဖြစ်ချင်ဖြစ်နေတတ်၏။ သို့မဟုတ် လုံးလုံးစိတ်မပါဘဲလည်း ဖြစ်ချင်ဖြစ်နေ တတ်၏။
ဤသို့ဖြစ်နေပါက မုသာဝါဒါ ဝေရမဏိအရ သိက္ခာပုဒ်ကို လုံသည်ဆိုရုံမျှ စောင့်ထိန်းရာရောက်၏။
ထိုသို့ စောင့်ထိန်းရုံမျှနှင့် လောက၌
ငြိမ်းချမ်းသာယာမှု ဖြစ်ထွန်းပေါ်ပေါက်ဖို့ ခက်ပါ၏။ အမှန်အားဖြင့် လော က၌ ငြိမ်းချမ်းသာယာမှုဟူ၍
မရှိဘဲ မိမိတို့၏ ဘဝလုံခြုံမှုဟူသည် တကယ်တမ်း ဖြစ်ကောင်းသော အရာမဟုတ် ချေ။ထို့ကြောင့်
လုပ်ငန်းများကို လုပ်ရာတွင် မည်သည့်လုပ်ငန်းကို လုပ်သည်ဖြစ်စေ၊လောက၌ ငြိမ်းချမ်း သာ
ယာမှု ဖြစ်ရေးကို ရှေးရှုပြီးလုပ်ငန်းများကို လုပ်ဖို့ လူတိုင်း၌ တာဝန်ရှိပါ၏။ လောက၌
ငြိမ်းချမ်းသာယာမှု ဖြစ်မှ မိမိတို့၏ဘ၀ လုံခြုံမှုသည်လည်း ဖြစ်ပေါ်ပေလိမ့်မည်။
သို့ဖြစ်လေရာ
မုသာဝါဒါ ဝေရမဏိအရ သိက္ခာပုဒ်ကို စောင့်ထိန်းရာတွင် ရိုးရိုးသာမန်အသိ သာမန်အကျင့်ဟု
ဆိုအပ်သော အသွင်သဏ္ဌာန်အားဖြင့် စောင့်ထိန်းရုံမျှနှင့် မကျေနပ်သေးဘဲ ထူးထူးခြားခြားအသိနှင့်
ထူးထူးခြား ခြား အကျင့်ဟု ဆိုအပ်သော အနှစ်သာရအားဖြင့်ပါ စောင့်ထိန်းနိုင်အောင်
ကြိုးပမ်းအပ်၏။ အနှစ်သာရအားဖြင့်
စောင့်ထိန်းနိုင်အောင်
ကြိုးပမ်းရာ၌ ကိုယ် ၊ နှုတ်၊ စိတ်တို့ တစ်ဖြောင့်တည်းကျဖို့ လို၏။
ကိုယ် နှင့် နှုတ်တို့ တစ်ဖြောင့်တည်း
ကျရုံနှင့် မလုံလောက်။စိတ်ပါတစ်ဖြောင့်တည်းကျဖို့ လိုခြင်းဖြစ်၏။ စိတ် ထဲကလည်း
အမှန်အတိုင်း ပြောချင်မည်။ နှုတ်ကလည်း စိတ်ထဲက ရှိသည့်အတိုင်း ပြောမည်။ ကိုယ်ကလည်း
ပြောသည့်အတိုင်း လုပ်မည်ဆိုပါမှ အလွန်ဖြောင့်မတ်ခြင်း သုဟုဇု ဂုဏ်နှင့်
ပြည့်စုံမည်ဖြစ်၏။ သုဟုဇုဂုဏ်နှင့် ပြည့်စုံအောင် ကြံစည်ခြင်း၊ ပြောဆိုခြင်း၊
လုပ်ကိုင်ခြင်းဖြစ်လျှင် မုသာဝါဒါ ဝေရမဏိအရ သိက္ခာပုဒ်ကို အနှစ် သာရအားဖြင့်
စောင့်ထိန်းရာရောက်၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment