စာရှုသူတို့မိဘတွေ မုသာဝါဒသီလတွေ
ကင်းမဲ့နေမယ်ဆိုလျှင် ထိုမုသာဝါဒတွေ စောင့်ထိမ်းနိုင်အောင် ဆောင် ရွက်ပေး
နိုင်မှသာလျှင် အမေ့နို့ဖိုး အကြေဆပ်နိုင်မှာဖြစ်၏။
မုသားစကား၊ပြောဆိုငြားမူ၊စကားမပြီ၊သွားမညီတည်း၊ပုပ်ညှီပါးစပ်၊
ခြောက်ကပ်ကိုယ်ရေ၊ ဣနြေ္ဒယွင်းနောက်၊ ပုံယွင်းဖောက်၍၊ မရောက်သြဇာ၊
နှုတ်လျှာကြမ်းထော်၊လျှပ်ပေါ်လော်လည်၊ စိတ်မတည်သည်၊ ရှောင်မည် အပြန်အကျိုးတည်း။
မုသားပြောဆိုခြင်းကြောင့်ရရှိသော
အပြစ်(၉)မျိုးရှိပါသည်။၎င်း တို့မှာ-(၁)ယခုဘ၀၌ စကားပီပီသသမပြော တတ်ခြင်း။ (၂)သွားများ
မညီမညွတ် ရှိခြင်း။(၃)ခံတွင်း ပါးစပ် ပုပ်ညှီခြင်း။(၄)ကိုယ်အရေးအသား ပူရှိန်ခြောက်
ကပ်စိုစိုဖတ်ဖတ်မရှိခြင်း ။(၅)မျက်စိ -နား စသော ဣနြေ္ဒများ နောက်ကျုကျုရှိခြင်း။(၆)ပုံဟန်မလှပဲ
ဆိုးရွားချွတ် ယွင်း ဖောက်ပြန်ခြင်း။(၇)သူတစ်ပါး အပေါ်၌ သြဇာမတည်ခြင်း။
(၈)အပြောအဆို နှုတ်လျှာများထော်လော် ကြမ်းတမ်းခြင်း။ (၉)စိတ်မတည်ပဲ လျှပ်ပေါ်လော်လီ
တတ်ခြင်းတို့ ဖြစ်တတ်သောကြောင့်ရှောင်ရှားနိုင်ကြပါစေ။
ကမ္ဘာဦးကာလမှာ လူတွေဟာ ကတိသစ္စာတည်ကြည်ကြလို့
မုသားစကားကို မကြားဖူးဘူး။ အဲဒီခေတ်က လူ တွေဟာ အစားအသောက် ကောက်ပဲသီးနှံတွေကို
မပင်မပန်းပဲ လွယ်လွယ်ကူကူ စိုက်ပျိုးလို့ ရကြပါ၏။ မိုးလေ ၀သ ရသီဥတု မှန်ကန်ပါ၏။
အဆုံးစွန် နွယ်ပင်မြက်ပင်များပင် ဆေးဖက်ဝင်သည်ဟု ဆိုထားပါ၏။
"ကတိသစ္စာ၊ တည်သောခါကား၊
သြဇာလေးနက်၊ ပေါ်ဆီတက်၍၊ နွယ်မြက်သစ်ပင် ဆေးဘက်ဝင်၏။"
အဲလို
ခေတ်ကြီးမှာ ပထမဆုံး မုသားပြောဆိုသူကတော့ စေတိယဆိုတဲ့ ရှင်ဘုရင်တစ်ပါးဖြစ်ပါ၏။
စေတိယ မင်း လိမ်ညာ ပြောမယ်ဆိုတဲ့သတင်း ပျံ့နှံ့လာတော့ နိုင်ငံတစ်ခုလုံး
လှုပ်လှုပ်ရွရွ ဖြစ်သွားပါ၏။ လိမ်ပြောတယ် ဆိုတာ ဘယ်လိုမှန်းမသိကြတော့
အားလုံးစိတ်ဝင်စားသွားကြခြင်းဖြစ်၏။။
စေတိယမင်း
ဘာကြောင့်လိမ်ပြောရသလဲဆိုတော့---သူတက္ကသိုလ်မှာ ပညာသင်ကြားစဉ်က ပုရောဟိတ်ကြီး ရဲ့ ညီဖြစ်သူ
ကောရလမ္ဗ နဲ့ချစ်ခင်ရင်းနှီးပြီး သူရှင်ဘုရင် ဖြစ်တဲ့အခါ ကောရလမ္ဗကို
ပုရောဟိတ်ရာထူးပေးမယ် လို့ ကတိပြုခဲ့ဘူး၏။ သူမင်းဖြစ်လာတဲ့အခါ လက်ရှိ
ပုရောဟိတ်ကြီးကို ရာထူးမှ မချနိုင်ပါဘူး။ ထုံးတမ်းစဉ်လာ အရ ပုရောဟိတ် ရာထူးကို
နောင်တော်ဖြစ်တဲ့ပုရောဟိတ်ကသာ ဆက်ခံခွင့်ရှိပြီး နောင်တော်က မလွှဲပြောင်း ပေးရင်
ညီတော်က ဒီရာထူးကို မရနိုင်ပါဘူး။ ဘုရင်ကလည်း အတင်းလွှဲပြောင်းပေးလို့မရပါဘူး။လက်ရှိပုရောဟိတ်ကြီးက ကောရလမ္ဗရဲ့အစ်ကို သူ့သားကြီးကို ပုရောဟိတ်ရာထူးလွှဲပေးပြီး သူကတော့ ရသေ့ဝတ်သွား၏။ ကောရလမ္ဗဟာ ပုရောဟိတ်ရာထူးကို မရတဲ့အတွက် နောင်တော်ကို မကြည်ပါဘူး၊ ဒါကြောင့် သူငယ်ချင်း ဘုရင်နဲ့ သူပုရောဟိတ်ဖြစ်ဖို့ တိုင်ပင်တော့၏။
စေတိယမင်းကလည်း ကျောင်းတုံးက ပေးထားတဲ့ ကတိစကားအရ ကူညီဖို့သဘောတူ၏။ကောရလမ္ဗ ရာထူး အတွက်မပူနဲ့၊ ငါကိုယ်တိုင် ပရိတ်သတ်အလယ်မှာ သင့်ကို အစ်ကိုကြီး၊ သင့်ရဲ့နောင်တော်ကို အငယ်လို့ လိမ် ပြောမယ်။ ဒီလိုဆိုရင် သင်ကအကြီးဖြစ်တဲ့အတွက် ရာထူးဆက်ခံခွင့်ရသွားပီ" လို့အကြံရပြီး သဘောတူ ကြ၏။
မင်းကြီး ဘယ်တော့ပြောမှာလဲလို့ မေးတော့ ဒီနေ့ကစပြီး နောက်ခုနစ်ရက်မြောက်မှာပြောမယ်လို့ မင်းကြီးက သဘောတူလိုက်၏။ ဒီသတင်းဟာ တစ်မြို့လုံးပျံ့နှံ့သွား၏ ဘုရင်ကပြောမယ့် မုသားစကားဟာ ဘယ်လိုပါလိမ့်၊ ဖြူဖြူလား၊ မဲမဲလား ဆိုပြီးစိတ်ဝင်စားလို့ အဲဒီနေ့မှာ လူတွေကြိတ်ကြိတ်တိုး စည်ကားစွာနဲ့ လာကြည့်ကြ၏။
မုသားပြောမယ့်နေ့ရောက်တော့ ရသေ့ဝတ်သွားတဲ့ ပုရောဟိတ်ဟောင်းကလည်း ဈာန်အဘိညာဉ်ရထားပြီ ဖြစ်လို့ ကောင်းကင်ခရီးဖြင့် ရောက်ရှိလာတယ်။ သူကပဲ စမေးပါတယ်။ အရှင်မင်းကြီး အငယ်ကိုအကြီး၊ အကြီး ကိုအငယ်လို့ လိမ်ပြောမယ်ဆိုတာ ဟုတ်ပါသလားလို့ မေးလိုက်၏။ မှန်ပါတယ်လို့ မင်းကြီးကိုပြောလိုက်၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment