ဘုန်းကြီးဒီဒကာတွေကို
သိပ်မသင်ကာတော့ပါ ဒါပေမဲ့ ကိုယ့်လူမျိုးတွေ စားစရာမရှိဘူးဆိုတော့ ပေးချင်နေ၏
ဆွမ်းဂျိုင့်ကပိုတဲ့ ဆွမ်း-ဆွမ်းဟင်းတွေကို ပလပ်စတိတ်အိပ်နဲ့ ထည့်ပေးပြီး
တယောက်ကို ငွေ (၃၀)စီပေးလိုက် ၏။ ကျေကျေနပ်နပ်ဘဲ ပြန်ဆင်းသွား၏။ အလုပ်အစဉ်ပြေလျှင်
ပိုက်ဆံလာစပ်မည်ဟု ပြောဆိုသွား၏။
ဒီဒကာသုံးယောက်ကို
စကားပြောရင်း လေ့လာကြည့်တော့ ဘုန်းကြီးနဲ့ စကားသိပ်မပြောတတ်တာတွေ့ရ၏
ဘုရားမရှိခိုးတဲ့ ဒကာပြောခိုင်းတိုင်း လိုက်ပြောနေတာလည်းတွေ့ရ၏။ သူတို့တတွေသည်
မရိုးသားတာကတော့ အမှန်ပါဘဲ ဘုန်းကြီးငွေမပေးလျှင်ဘယ်လိုနီးနဲ့
ငွေတောင်းမည်ဆိုတာမသိ သူတို့လွယ်ထားတဲ့ အိမ်ထဲမှာလည်း ဘာတွေပါသလည်းဆိုတာ မသိပါ
အန္တရာယ်ကောင်တွေဆိုတာတော့ စိတ်ထဲမှာ သတ်မှတ်ထားလိုက်၏။
နောက်တပါတ်လောက်ကြာတော့
ဒီဒကာ (၃)ယောက်ထပ်ရောက်လာပြန်၏။ ဘုန်းကြီးလည်းအပြင်တံခါးဖွင့် မပေးဘဲ
အတွင်းတခါးဟပြီး ဘာကိစ္စလည်းဟု မေးလိုက်၏။ ဟိုတပတ်ကပေးလိုက်တဲ့ ပိုက်ဆံကုန်သွားလို့
ငွေ ထပ်ချေးပါအုံးလို့ လျှောက်ထားပြန်၏။
မင်းတို့
ဘုန်းကြီးကိုလာလိမ်တာ မရှက်ဘူးလား တခါလောက်အလိမ်ခံရလျှင် လိမ်သူရဲ့အမှားဘဲ
နှစ်ခါအလိမ် ခံရလျှင်တော့ အလိမ်းခံရသူရဲ့အမှားဘဲကွ မင်းတို့တခါလောက်ဆိုလျှင် ကောင်းပါတယ်ကွာ
နှစ်ခါဆိုတော့ မကောင်းတော့ဘူးဟု ပြောဆိုလိုက်တော့ သဘောပေါက်ပြီး ပြန်ဆင်းသွားကြ၏။
ဘုန်းကြီးနေတဲ့
ပူချုန်း ၁၂-မိုင်သည် မြန်မာတွေများသလို ဆေးသမား အရက်သမားတွေလည်း အလွန်ပေါ သောနေရာဖြစ်၏။
ဘုန်းကြီးကျောင်းကိုလည်း နည်းမျိုးစုံနဲ့ လိမ်ညာတောင်းတာတွေ အမြဲကြုံရ၏။ နိုင်ငံရပ်ခြား
တွင် ကိုယ့်လူမျိုးတွေ စားစရာမရှိလို့ပါ သွားစရာလမ်းစရိတ်မရှိလို့ပါဟု ပြောဆိုလာလျှင်အလိုလိုကူညီချင်နေ၏။
ဒကာတယောက်သည်
လေးခေါက်တိတိ လိမ်တောင်းတာနဲ့ ကြုံဘူး၏။ တောင်းတာကလည်း သိပ်များများ မဟုတ်တော့ ဘုန်းကြီးလည်း
မသိချင်ယောင်ဆောင်ပြီး ပေးနေမိ၏။ ပထမဆုံး လာတောင်းပုံက ဘုန်းကြီး ကျောင်းက ကားဂိတ်အပေါ်
ထပ်မှာဆိုတော့ မလကာကို ပြန်စရာကားခမရှိလို့ပါဟု ပြောဆိုပြီး ကားခအတွက် ပိုက်ဆံချီးငှားပြန်၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment