ပထမဆုံးအကြိမ်ဆိုတော့
ဘုန်းကြီးလည်း လူလိမ်မှန်းမသိပါ၊ ဒကာ ကားခ ဘယ်လောက်ကြသလဲဟု မေး တော့ ၂၀- လောက်ကြပါတယ်ဘုရားဟုပြောတာနဲ့
ဘုန်းကြီးလည်း ငွေ၂၅-ရင်းဂစ်ပေးလိုက်၏။ တပည့်တော် ပြန်လာပေးပါ့မယ်ဘုရား ဟုလျှောက်ထားပြန်၏။ဘုန်းကြီးမှ
ပြန်လာပေးစရာမလိုဘူး မင်းကို တခါထည်းလှူ လိုက်တာဟု ပြောလိုက်၏။
ဒုတိယအကြိမ်
တလခန့်အကြာတွင် ဒီဒကာဘဲ ထပ်ရောက်လာပြန်၏။ ဒကာဘာကိစ္စလည်းရှိလို့လည်းဟု စရင်ဘန်း ပြန်စရာ
လမ်းစရိတ်မရှိလို့ပါဘုရားဟု လျှောက်ထားတာနဲ့ ဘယ်လောက်ကြသလဲဟုမေးတော့ ၁၅-ရင်းဂစ်လောက်ကြပါ
တယ်ဘုရားဟု လျှောက်ထားတာနဲ့ ၁၅-ရင်းဂစ်ထုတ်ပေးလိုက်၏။ ၂-ကြိမ်ရှိပြီဆိုတော့ သံသယစိတ်တော့
ဖြစ်လာ၏။သို့ သော်နိုင်ငံရပ်ခြားတွင် ကိုယ့်လူမျိုးပန့်ပိုးရတာဘဲဆိုပြီး ကြေကြေနပ်နပ်ဘဲ
ပေးလိုက်ပါ၏။
တတိယအကြိမ်
၂-လအကြာလောက်တွင် တခေါက်ရောက်လာပြန်၏။ ဒီဒကာမျက်နှာကို စီစီတီဗွီကနေ တွေ့နေရ၏ အာဂန္တုဦးဇင်းတပါးမှ
တခါးသွားဖွင့်၏။ ဆရာတော်ကိုမေး၏ ဆရာတော် မြို့ထဲကြွသွားသည်ဟု ဦးဇင်းကပြောသဖြင့် စက်ရုံမှထွက်ပြေးလာတာ
စားစရာမရှိလို့ပါဟု ပြောသဖြင့် ဦးဇင်းမှ နွားနို့ဘူးတွေ မုံ့တွေ ပေးလိုက်၏။
၂-ပါတ်ခန့်အကြာတွင်
ဒီဒကာထပ်ရောက်လာပြန်၏။ ဒီတခါ ကျောင်းဘဲခေါက်တော့ ဘုန်းကြီးတံခါးသွား ဖွင့်၏ ချရတ် ပြန်စရာ
လမ်းစရိတ်မရှိလို့ပါဟု ဘယ်လောက်လဲမေးတော့ ၅-ရင်းဂစ်ဆိုရပါတယ်ဘုရားဟု လျှေက်ထား၏။ ဒကာ
မင်းဒီကျောင်းကိုလာတောင်းတာ ဘယ်နှစ်ခေါက်ရှိပြီလည်းဟု မေးတော့ မျက်နှာပျက် သွား၏။ ဘုန်းကြီးကို
သူလိမ်နေတာ မသိဘူးထင်နေပုံရ၏။ ၂-ခါဘဲရှိပါသေးတယ်ဟု ပြန်ပြော၏။
မင်းဘာဖြစ်လို့
ဘုန်းကြီးကျောင်းကို လာလိမ်နေရတာလည်း မင်းမှာလည်း လက်ခြေအကောင်းကြီးတွေ ရှိ နေသားဘဲ
မင်းမရှက်ဘူးလား ၊ မင်းတောင်းတဲ့ ပိုက်ဆံ ၅-ရင်းဂစ်ကို ငါပေးလိုက်ပါမယ်၊ ဒီလို လိမ်ညာတောင်း
တဲ့အကျင့်ကို ငါအရမ်းရွံတယ်ဟု ပြောလိုက်ကာ ၅-ရင်ဂစ်ပေးလိုက်၏။
ဒီဒကာသည်
ပိုက်ဆံအများကြီးတောင်းပြီး လိမ်တာတော့မဟုတ်ပါ၊ ဆေးစွဲနေသလား ဒါမှမဟုတ် အရက်စွဲ နေသော
အရက်သမားလာတော့မသိပါ၊ ဘုန်းကြီးကိုတောင် ဒုက္ခပေးဝန့်သော မြန်မာအချို့ မလေးရှားတွင်
လည်း ရှိနေပါ၏၊ ဒီလို သီလမဲ့တဲ့ မိဘမျိုးကို အဖေအမေတော်ခဲ့ရတဲ့ သားသမီးတွေ သီလစင်ကြယ်အောင်
လုပ် ပေးနိုင်မှသာလျှင် အမေ့နို့ဖိုး ကြေအောင် ဆပ်နိုင်သူဟု ဆိုရမှာဖြစ်၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment