အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Tuesday, December 16, 2014

နို့ကြွေးဆပ်သူ-အာဂလူ(၅၃)





   မင်းမြတ် ... မုသာဝါဒဟာ အလွန်အပြစ်ကြီးပါ၏။ ရှိသမျှဂုဏ်ကိုဖျက်ဆီးတတ်ပါ၏၊ အပါယ်သို့လည်း ချတတ် ပါ၏။ မုသားပြောသူုကို ကိုယ်စောင့်နတ်တွေက မစောင့်ရှောက်ဖူး၊ ခံတွင်းက အပုပ်နံ့လည်းထွက် တတ်ပါ၏။ ရာထူး စည်းစိမ်မှလည်းလျှောကျတတ်ပါ၏လို့ ရသေ့က ဆုံးမစကား ပြောကြားလေ၏။
      ဒီစကားကို ရှင်ဘုရင်ကြားရတော့ နည်းနည်းတော့ကြောက်ရွံ့သွားပါ၏။ သူ့ရဲ့သူငယ်ချင်းကို လှမ်းကြည့် တော့ ကောရလမ္ဗက မကြောက်ဖို့အားပေးတယ်။ ဒီတော့မှ ဘုရင်လည်း၇ဲတင်းလာကာ အရှင်ရသေ့ အရှင်က အငယ်၊ ကောရလမ္ဗကအကြီးဖြစ်တယ် လို့ပြောချလိုက်၏။
     ဒီစကားဟာ ယခုကမ္ဘာမှာ ပထမဦးဆုံးပေါ်လာတဲ့ လိမ်ပြောတဲ့စကားဖြစ်၏။ အဲဒီလို မုသားပြောလိုက်တာ နဲ့ တစ်ပြိုင်နက် ဘုရင်ကိုစောင့်တဲ့ သက်တော်စောင့်နတ်လေးပါးတို့ဟာသန်လျှက်များကိုပစ်ချပြီး ကွယ်ပျောက် သွားကြ၏။ ဘုရင်ရဲ့ခံတွင်းမှ ကြားညိုသင်းနဲ့ဟာပျောက်ကွယ်ပြီး အပုပ်နံ့ထွက်လာ၏၊ ခန္ဓာကိုယ်ကထွက်တဲ့ စန္ဒကူးနံ့ လည်းကွယ်ပြီး အိမ်သာနံ့ကြီး ပေါ်ထွက်လာ၏။
   ဒါနဲ့ရသေ့က ဘုရင်ကို ဂရုဏာသက်ပြီး  မင်းမြတ် မုသားမပြောပါနဲ့၊ အမှန်ကိုပြင်ပြောရင် အရင်အတိုင်း တန် ခိုးများ ပြန်ရလာပါလိမ့်မယ်လို့သတိပေးပါတယ်။ရှင်ဘုရင်လည်း ကောရလမ္ဗအားပေးထားတဲ့ကတိအတိုင်းကျား မြီးဆွဲမိသူလို ၊ တစ်ခါခြံခုန်ဖူးတော့ ထပ်ခုန်ဖို့ ၀န်မလေးတဲ့သူလို မုသားစကားကို ဒုတိယအကြိမ်ပြောပြန်၏။
   အရှင်ရသေ့တို့က ကျွန်ုပ်ကို တန်ခိုးနဲ့ လှည့်ပတ်၏၊ ကျွနှုပ်နောက်ဆုတ်မှာမဟုတ်ဘူး၊ သင်ရသေ့က အငယ်၊ ကောရလမ္ဗကအကြီးဖြစ်ပါတယ်လို့ ထပ်လိမ်ပြောပြန်၏။ဒီအခါမှာတော့ ဘုရင်ရဲ့ ခြေနှစ်ချောင်းဟာ ခြေမျက်စိ အထိ မြေထဲသို့မြှုပ်ဝင်သွားကာ။ ဘုရင်ကိုမြေစမြိုနေပါပြီ။
     ရသေ့က-မင်းမြတ် မုသားမပြောပါနဲ့ မုသားပြောရင် မိုးလေ၀သမမှန်မကန်ဖြစ်ပြီး သတ္တ၀ါများဆင်းရဲတတ် ပါတယ်။ မှန်မှန်ပြောပါ၊ ဘယ်သူကအကြီးလဲ ရှင်ဘုရင်က  ငါ့နန်းငါထိုင် မခိုင်ကျိုးဟ ဆိုတဲ့သဘောနဲ့  သင်က အငယ်၊ ကောရလမ္ဗက အကြီးပဲလို့ တတိယအကြိမ်မုသားပြောပြန်၏။
   တတိယမုသားမှာ ဒူးဆစ်ထိအောင် မြေသို့ဝင်သွားလေ၏။ ရသေ့က ပြန်၍အမှန်တိုင်းပြောလျှင်အရင်တိုင်း ပြန်ဖြစ်လာနိုင်ပါသေးတယ် ပြောသော်လည်း ဘုရင်က သင်ကအငယ်၊ ကောရကသမ္ဗက အကြီး စတုတ္ထ မုသား မှာ ခါးထိအောင် မြေသို့ ၀င်လေ၏။ ပဉ္စမမြောက် မုသားအပြောတွင် ချက်ထိအောင် မြုပ်သွားလေ၏။ ဆဋ္ဌမ မြောက် မုသားတွင် သားမြတ်ထိအောင် မြုပ်သွားလေ၏။
    ဒီလိုနဲ့ စေတိယမင်းဟာ မုသားစကားကို ခုနစ်ကြိမ်မြောက် ပြောပြီးတဲ့အခါမှာတော့ အ၀ိစိကမီးတောက်တွေ တက်လာပြီး သူ့ကိုဆွဲယူသွားပါတော့၏။ အဲဒီအချိန်တုံးက တစ်လောကလုံး သန့်ရှင်းနေတဲ့အချိန်သူကျူးလွန်တဲ့ အပြစ်ဟာ ပထမဆုံး ဖြစ်တဲ့အတွက် မုသာဝါဒကံကျူးလွန်ရုံနဲ့ မြေမြိုပြီး အ၀ီစိကျခြင်းဖြစ်၏။ အဲဒီနောက်လူတွေ တစ်စ တစ်စ လူတွေကျူးလွန်လာကြလို့ သက်တမ်းတွေဆုတ်ယုတ်လာပါ၏။ ရောဂါ တွေထူပြောလာပါ၏။
   ခုဆိုရင် မုသာဝါဒကို သာမန်လိုသဘောထားပြောနေကြပါ၏ ။ဒါပေမယ့် ချက်ချင်းအ၀ီစိမကျတာကတော့ မဲညစ်နေတဲ့ လက်နှီးစုတ်မှာ ထပ်စွန်းလည်း သိပ်မသိသာသလို၊အကုသိုလ်များတဲ့သူတွေမှာ မုသာဝါဒတစ်ခုတိုး လို့ ထူးခြားစွာချက်ချင်း အကျိုးမပေးသလိုဖြစ်၏။ ဒါပေမယ့် အကြောင်းသင့်တဲ့အချိန် အကျိုးပေးဦးမှာ သေချာ ပါ၏။ဒီအကြောင်းကို အဋ္ဌကနိပါတ်၊ စေတိယဇာတ်မှာ မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့ခြင်းဖြစ်၏။
 


Type your summary here. Type the rest of your post here.

No comments: