အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Tuesday, December 23, 2014

နို့ကြွေးဆပ်သူ-အာဂလူ(၅၉)





      ကထိန်ပွဲကြီးရက်ကိုလည်း မသွားရောက်ရန် သူတို့အဖွဲ့ တိုက်တွန်းနှိုးဆော်သော်လည်း သူတို့လူအနည်း ငယ်သာ သူတို့ စည်းရုံးလို့ရပုံရ၏။ ဓမ္မရောင်ခြည်ကထိန်ကတော့ တိုးမပေါက်အောင် စည်ကားမြဲ စည်ကားစဲပါ သူတို့နဲ့ ပတ်သက်တဲ့ လူတွေလည်း တစေ့တစောင်းလာအကဲခပ်တာတွေ့ရ၏။
      တချို့လူတွေ ကျောင်းပေါ်တက်မရလို့ ဧည့်ခံကျွေမွေးတဲ့ ဆိုင်ကနေ လှည့်ပြန်သွားရတာတောင်ရှိပါ၏။ ကထိန်ပွဲကြီး တပွဲကို ပျက်စီးအောင် ကြံစီတဲ့ပုဂ္ဂိုလ်တွေ သူတို့လုပ်မိတဲ့ အကုသိုလ်ကံဟာ သူတို့ဘဲခံရမှာ သေ ချာပါ၏။ ဘုန်းကြီးကတော့ စေတနာမပျက်ပါ သူတို့တတွေကို ယ္ခင်အတိုင်းဘဲ သဘောထားကြီးကြီး ဆက်ဆံ ပေးပါ၏။
      သင်ခန်းးစာတော့ ခပ်ကြီးကြီးရလိုက်ပါ၏ နောင်ဘုန်းကြီးကျောင်းတွေတွင် ချက်ရေးပြုတ်ရေးသမားတွေကို အလှည့်နဲ့ ပေးချက်ခိုင်းတာ အကောင်းဆုံးဖြစ်၏။ စွဲစွဲမြဲမြဲ ချက်ခိုင်းလျှင် တနေ့မဟုတ် တနေ့တော့ ပြဿနာက တနည်းနည်း တဖုံဖုံ ရှိလာမှာဖြစ်၏။ အလှည့်နဲ့ချက်ခိုင်းခြင်းက ထိုပြဿနာကို ငြိမ်းစေလိမ့်မည်ဟုထင်ပါ၏။
      (၂) နှစ်လောက် လူသစ်တွေကို ချက်ခိုင်းပြီးနောက် ကထိန်ပွဲ ၀ါဆိုပွဲတွေကို နှစ်စဉ်နှစ်တိုင်းအလှူရှင်ဒကာ ပေါ်လာ၏။ ကိုသူရ ဦးဆောင်သော မီးဆိုင်းဆိုင် ပူချုန်း အင်တန်းမှ သူငယ်ချင်းများဖြစ်သည်။ သူတို့အဖွဲ့က တော့ အိမ်မှာချက်ပြီးမှ ကျောင်းကိုသယ်လာခြင်းဖြစ်၏။ သူတို့အဖွဲ့သည် အလွန်သဒ္ဓါတရားကောင်းသော အဖွဲ့ ဖြစ်၏။ မုံ့ဟင်္ခါးတွေ အများကြီးပိုချက်ကာ ကထိန်ပွဲ ၀ါဆိုပွဲ လာတဲ့သူတွေကို ပါဆယ်ပါစွဲလို့ရသည် ကြေငြာကာ ထုတ်ပေးနေသောအဖွဲ့ဖြစ်၏။
     သူတို့ရဲ့ သဒ္ဓါတရားကတော့ အံ့သြလို့မကုန်နိုင်အောင်ဖြစ်၏။ ဒီလိုပုံစံမျိုးဆိုလျှင် အကုန်အကျတွေ ဘယ် လောက်ရှိသလည်းမေးချင်လာ၏။  ဒကာသူရဦးဆောင်သောအဖွဲ့ ကျောင်းကို မုံ့ဟင်္ခါးအိုးတွေလာပို့မှ ဒကာတို့ ချက်တာပြုတ်တာတွေ အများကြီးဆိုတော့ အကုန်အကျတွေ အရမ်းများမှာဘဲနော် ဘယ်လောက်ကုန်ကျသ
လည်းလို့မေးကြည့်၏။
   ဆရာတော် ကထိန်ကျွေးရတဲ့ မုံ့ဟင်္ခါးဘိုးက သိပ်မကုန်ပါဘူးဘုရား လုပ်အားလာပေးတဲ့ လူတွေ ၀ယ်တိုက်၇ တာ ပိုကုန်တယ်ဘုရားဟု လျှောက်ထားမှ ဘုန်းကြီးလည် အတော်အံ့သြသွား၏။ ငွေကျေးကိစ္စတွေက သူတို့ အလှူနဲ့ သူတို့ဆိုတော့ ဘုန်းကြီးလည်း ပြောဆိုပိုင်ခွင့်မရှိဘူးဖြစ်နေ၏။
    မြန်မာဗုဒ္ဒဘာသာဝင်တွေ အလှူလုပ်လျှင် ဒီသေရည်ကိစ္စတွေ အမြဲပါပုံရ၏။ သေရည်လေးမတိုက်လျှင် လုပ် အားပေးမဲ့သူတွေ စိတ်မ၀င်စားကြဟု အလှူရှင်တွေကပြောကြ၏။ မပေးလှူကောင်း ပေးလှူလျှင် အပါယ်ကြစေ တတ်သည့် အထဲတွင် သေရည်လည်း ပါဝင်နေသောကြောင့် ကုသိုလ်ရမလားလို့ လှူပါတယ် သေရည်လုပ်အား ပေးတွေကြောင့် အလှူရှင်ပါ အခန့်မသင့်လျှင် ငရဲရောက်မဲ့ကိန်း ဆိုက်နေပါ၏။
  တချို့အလှူတွေလည်း အငြိမ့် ဇာတ် ဆိုင်း စသည်ဖြင့် ထည့်သွင်းကာ လှူကြ၏။ မလှူသင့်သည့် အပါယ်ကျ စေတတ်သည့် အလှူ (၁၀)မျိုးတွင် အငြိမ့် ဇာတ် ဆိုင်း စသည်တွေပါဝင်သောကြောင့် ပွဲ ဆိုင်း ၀ါသနာပါသော အလှူရှင်တွေ သတိထားစရာ အချက်ဖြစ်၏။ လှူတတ်လျှင်မြတ်၏။ မလှူတတ်လျှင် ငရဲရောက်စေတတ်၏။
    အလှူဆိုပေမဲ့ အမြတ်ရသည့်အလှူဖြစ်မလာဘဲ အရှုံးပြသောအလှူဖြစ်နေလျှင်။ အလှူရှင်တွေ ငွေကုန် လူ ပင်ပန်း ငရဲ နဲ့လည်း နီးစပ်နေမယ်ဆိုလျှင် မိမိအလှူကို မိမိသုံးသပ်စဉ်ချင်ဖို့လိုပါ၏။ ဘ၀အတွက် ရှုံးမဲ့အလှူမျိုး ကို မလှူမိစေဘဲ ဘ၀အတွက် အမြတ်ထွက်မဲ့ အလှူမျိုးကိုသာ ရွေးချယ်လှူသင့်ပါ၏။
 


Type your summary here. Type the rest of your post here.

No comments: