အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Sunday, December 28, 2014

နို့ကြွေးဆပ်သူ-အာဂလူ(၆၁)





  နောက်တော့ တိုင်းသူပြည်သားတွေပါ လိုက်သောက်တော့ တိုင်းသူပြည်သားတွေပါ အရက်စွဲကုန်ကြ၏။ အ လုပ်လည်း မလုပ်ကြတော့ ဆင်းရဲမွဲတေပြီး တိုင်းပြည်ပါ ပျက်ခဲ့၏။ မုဆိုးနဲ့ရသေ့လည်း ထွက်ပြေးကြပြီး သာ ကေတကို ရောက်လာကာ သာကေတမှာလည်း သေရည်ချက်ပြီး မင်းနှင့်ပြည်သူတွေကို သေရည်တိုက်ပြန်၏။
    သာကေတပြည်သူတွေလည်း အရက်စွဲပြီး သာကေတတိုင်းပြည်ပါ ပျက်စီးခဲ့ပြန်၏။ ရသေ့နဲ့ မုဆိုးလည်း သာ ကေတမှ ထွက်ပြေးလာပြီး သာဝတ္ထိကို ရောက်လာပြန်၏ သာဝတ္ထိမှာလည်း အရက်အိုးငါးရာ စီမံချက်ကြ ပြန်၏။ သာဝတ္ထိမင်းနဲ့ ပြည်သူတွေ အရက်သောက်ခါနီး သိကြားမင်းကိုယ်တိုင် လူ့ပြည်သို့ဆင်းလာကာ အရက်ရဲ့အပြစ် များကို ပြောပြ တရားဟောပြတဲ့အခါ သာဝတ္ထိမင်းကြီးက အမြင်မှန်ရပြီး အရက်အိုး အားလုံးကို ရိုက်ခွဲစေ၏။ ဒီကုမ္ဘဇာတကဇာတ်အရ “အရက်အစ သုရာ ၀ရုဏက“လို့ ဆိုရမှာဖြစ်၏။
   “လူကိုဖျက် အရက်“ ဆိုတဲ့ စကား ကြားဖူးမယ်ထင်၏။ မြန်မာဘုရင်တစ်ပါးအရက်ကြောင့် ဘ၀ပျက်သွား ရခြင်းဖြစ်၏။ “တပင်ရွှေထီး“ဆိုတာ ကြားဖူးကြမှာပါ။ တောင်ငူဘုရင် တစ်ပါးဖြစ်ပြီး အစက လက်ရုံးရည် နှလုံး ရည် လွန်စွာပြည့်ဝတဲ့ ရှင်ဘုရင်ဖြစ်၏။ အင်မတန် ထူးချွန် ထက်မြက်တဲ့ ရှင်ဘုရင်ဟာ ဘာကြောင့် ပျက်စီးရ သလဲဆိုရင် နယ်ချဲ့ပေါ်တူဂီတွေက အရက်နဲ့ ဖျက်ဆီးပစ်လိုက်လို့ တိုင်းပြည်ကိုလည်း မကြည့်ရှုနိုင်တော့ဘူး။ အမူးဘ၀နဲ့ပဲ နောက်ဆုံး လုပ်ကြံခြင်းခံရ၏။ တိုင်းပြည်ကိုဖျက်တာလည်း သေရည်ဆိုတဲ့ အရက်ပါဘဲ။
  ကုဋေရှစ်ရှယ် ကြွယ်ဝတဲ့ ဗာရာဏသီက သူဌေးလင်မယား အကြောင်းကိုလည်း စဉ်းစား ကြည့်ပါ။ သူဌေးဘ၀ ကနေ ဘာကြောင့် သူတောင်းစားဘ၀ ရောက်သွားရတာလဲ။ သေရည် အရက်ကို ခုံခုံမင်မင် သောက်ခဲ့သော ကြောင့် သူဋ္ဌေးဘ၀ကနေ သူတောင်းစားဘ၀ ရောက်ခဲ့ခြင်းဖြစ်၏။ အသူရာနတ်တွေ လွန်စွာပျော်မွေ့လှတဲ့ တာဝတိံသာ နတ်ပြည်ကို လက်လွှတ်ဆုံးရှုံးသွားရတာလည်း သေရည်သေရက်ကို အမူးလွန်အောင် သောက် ခဲ့ခြင်းကြောင့် တာဝတိံသာမှာဘုံပျောက်ပြီး အသုရာဘုံကို ရောက်ခဲ့ခြင်းဟာလည်း သေရည်အရက်ကြောင့် ပဲဖြစ်ပါ၏။
   အရှင်သာရိပုတ္တရာ လောင်းလျာလည်း ဘ၀တစ်ခုမှာ ရှင်ဘုရင်ဖြစ်စဉ်တုံးက အရက်မူးပြီး သားတော်လေးကို သတ်စား မိခဲ့ဘူး၏။ အရက်မူးပြေလာတဲ့အချိန် သားတော်လေးကို သတ်မိခဲ့တဲ့ နောင်တကြောင့် အရှင်သာရိ ပုတ္တရာလောင်းလျာက ဒီလို ဆုတောင်းခဲ့တယ်။ “ဒီဘ၀ကစပြီး ဘယ်ဘ၀မှ အရက်သမား လုံးဝမဖြစ်ရပါစေ
သား“ဆိုပြီး ဆုတောင်းခဲ့၏။ ရဟန္တာ မထေရ်လောင်ကြီးတွေတောင် သေရည်ကြောင့် အမှားကြီး မှားခဲ့ဘူး၏။
    စာရှုသူ သင်တို့မိဘတွေလည်း များသောအားဖြင့် သေရည်မကင်းသောမိဘတွေများပါ၏။ သောက်သူဖြစ် နိုင်သလို ရောင်းသူတွေလည်းဖြစ်နိုင်၏ သောက်သူ ရောင်းသူနှစ်ဦးလုံး သူရာမေရယကံနှင့် မလွတ်ကင်းပါ သူရာမေရယ ဆိုတဲ့ သီလတွေ လွန်ကျူးမိသူတွေဖြစ်နေပါ၏ အဲဒီလို သီလကင်းမဲ့နေတဲ့မိဘတွေကို သီလရှိ အောင်ပြန်လုပ်ပေးနိုင်မှသာလျှင် အမေ့နို့ဖိုး ကြေအောင် ဆပ်နိုင်သူဟု ဆိုရမှာဖြစ်၏။ အမေ့နို့ဖိုး ကြေအောင် ဆပ်နိုင်တဲ့ သားကောင်းသမီးကောင်းများ ဖြစ်ကြပါလို့ တိုက်တွန်းလိုက်ရပါစေ။
   
 


Type your summary here. Type the rest of your post here.

No comments: