အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။
Thursday, December 18, 2014
နို့ကြွေးဆပ်သူ-အာဂလူ(၅၅)
   သတ္ထ၀ါဏိဇ္ဇာ  =အများသေစေကြောင်း လေး၊ မြှား၊ သေနတ်စသော လက်နက် အမျိုးမျိုးကို ရောင်းခြင်းကို။ ဗုဒ္ဓမြတ်စွာသည်  ဓား၊ လှံ၊ လေးမြှားစသော လက်နက်တို့ကို။ မိမိကိုယ်တိုင် ပြုလုပ်၍ လည်းကောင်း၊ တခြား တစ်ပါးသောသူကို ပြုလုပ်ခိုင်း၍ လည်းကောင်း၊သူတစ်ပါးပြုလုပ်ပြီးသည်ကို တစ်ဆင့်ဝယ်ယူ၍လည်းကောင်း ရောင်းဝယ်ခြင်း မပြုလုပ်ရဟု တားမြစ်တော်မူ၏၊လက်နက်တို့သည် တစ်ပါးသော သတ္တ၀ါတို့ကို သတ်ဖြတ်နှိပ် စက်တတ်သောကြောင့်ဖြစ်၏။
     သတ္တ၀ါဏိဇ္ဇာ  = ဆင်၊ မြင်း၊ လူ စသော အစေခံ သတ္တ၀ါအပေါင်းကိုရောင်းခြင်းသည် ဗုဒ္ဓမြတ်စွာသည် မိစ္ဆာစာရဖြင့် အသက်မွေးသော မိန့်မပေါ့ (ပြည့်တန်ဆာ) ရောင်းဝယ်ခြင်း၊ လူများကို ကျွန်ဖြစ်စေရန်ရောင်း ၀ယ်ခြင်း၊ ဆင်၊ မြင်း တို့ကို ရောင်းဝယ်ခြင်း မပြုလုပ်ရဟုတားမြစ်တော်မူ၏။ အကြောင်းမှာ သူ့ကျွန်၏ အဖြစ်ကို ပြုတတ်သောကြောင့် ဖြစ်၏။
      မံသ၀ါဏိဇ္ဇာ  ကြက်၊ ၀က်၊ နွား စသော အသားစားကြောင်း သတ္တ၀ါ အပေါင်းကို ရောင်းခြင်းကို ဗုဒ္ဓမြတ်စွာ သည် ကြက်၊ ၀က်၊ နွား စသော ဟင်းလျာသတ္တ၀ါတို့ကို မွေးမြူ၍ သားငါးမျိုးကုန်ရောင်းခြင်းကို တားမြစ်တော် မူ၏။ အကြောင်းမှာ သတ္တ၀ါတို့ကို သတ်ဖြတ်ရခြင်း ဟူသော အကြောင်းကြောင့် ဖြစ်၏။
     မဇ္ဇ၀ါဏိဇ္ဇာ    = သေရည် အရက်အမျိုးမျိုးကို ရောင်းခြင်းကို ဗုဒ္ဓမြတ်စွာသည် သေရည် သေရက် ဘိန်း စသော ယစ်မျိုး ကုန်ရောင်းခြင်းကို တားမြစ်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် သေရည် သေရက်တို့သည် ရတနာသုံးပါး ကုသိုလ် တရားတို့၌ မေ့လျော့ကြောင်း၊ အကျိုးစီးပွားပျက်ကြောင်း ဖြစ်သောကြောင့် ဖြစ်၏။
    ယင်းငါးမျိုးသော ကုန်စည်တို့ကို ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ကူးသန်းရောင်းဝယ်ခြင်း မပြုဘဲ ရှောင်ကြဉ်သင့် ပါ၏။ ထိုသို့ ရှောင်ကြဉ်မှသာလျှင် နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော သုစရိုက်တရားတို့ကို ကျင့်ကြံနိုင်မည်ဖြစ် ၏။ သို့မှသာ ကောင်းမြတ်သော စိတ်ထား ပြည့်ဝပြီး သင့်တင့်ညီညွှတ် မျှတသော ကုန်သွယ်မှုကို ပြုလုပ်နိုင် မည်ဖြစ်၏။ ကောင်းသော အသက်မွေးမှုပြုခြင်း၊ သမ္မာအာဇီဝဖြင့် အသက်မွေးခြင်း ဖြစ်နိုင်ပါ၏။
     အပါယ်ကြစေတတ်သောအလှူ(၁၀)ပါး
၁။သမဇ္ဇဒါန-ကချေအလှူ(အငြိမ့် ဇာတ် ဆိုင်း အလှူ)
၂။မဇ္ဇဒါန-သေရည် သေရက်အလှူ။
၃။တ္ထိဒါန-မိန်မအလှူ။
၎။ဥသဘဒါန-နွားလားဥသဘအလှူ။
၅။စိတ္တကမ္မဒါန- ကာမဂုဏ်ကို နှိုးကြွစေတတ်သော ပန်းချီဆေးရေးအလှူ။
၆။သတ္တဒါန-လက်နက်ခဲယမ်းမီးကျောက်အလှူ။
၇။ဝိသဒါန-အဆိပ်အလှူ။
၈။သင်္ခလိကဒါန-လက်ထိပ် သံခြေကျင်း နှောင်ကြိုးအလှူ။
၉။ကုက္ကုရ သုကရဒါန- ကြက် ၀က် သားကောင်အလှူ။
၁၀။တုလာကူဋ မာနကူဋ -ချိန်စဉ်းလဲ တင်းစဉ်းလဲ အလှူ။
       ဤအလှူ(၁၀)ပါးသည် လှူသည့်ပုဂ္ဂိုလ်တွေ အပါယ်ကြစေတတ်ပါ၏။ လှူတယ်ဆိုတာ အလကားပေးတာ ပါ။ အလကား ပေးတာတောင် အပါယ်ကြစေလျှင် ရောင်းဝယ်ဖေါက်ကားတဲ့လူတွေအတွက်တော့ အပါယ်တံခါး ကြီး ပွင့်လျှက်ရှိနေပါပြီ အပါယ်ဘေးမှ ရှောင်ကြဉ်နိုင်အောင် ကြိုးစားဆောင်ရွက်နိုင်ကြပါစေ။
Type your summary here. Type the rest of your post here.
No comments: