သေရည်သည် ကုသိုလ်ရေးတွေပါ
လိုက်ပြီးနှောက်ယှက်ဟန့်တားနေ၏။ ထိုသေရည်ကို လူတွေ အလွန်နှစ် သက်တာ တွေ့ရ၏။
ထိုသေရည် ဘယ်တုံးက စခဲ့သလဲဆိုလျှင် သာဝတ္ထိမြို့၏ နက္ခတ်ပွဲ နေ့တစ်နေ့တွင် ၀ိသာခါ
ကျောင်းအမကြီးရဲ့ အမျိုးသမီးး အပေါင်းအဖေါ်တွေက အရက်ခိုးသောက်ပြီး ၀ိသာခါနဲ့အတူ
ဇေတ၀န်ကျောင်း ကို ရောက်လာကြ၏။
ဝိသာခါကတော့ သောတာပန် ဆိုတော့ အရက်သောက်တဲ့
အထဲမှာမပါဘူး။ အရက်မူး ကျွဲခိုးပေါ် ဆိုသလို ဒီအမျိုးသမီး ငါးရာဟာ မူးရူးပြီး
ဘုရားရှင်ရှေ့မှာ အရှက်မရှိ ဆူဆူညံညံ လက်ခုပ်လက်ဝါးတီးကာ ကခုန်သီချင်း ဆိုနေကြ၏။
ဘုရားရှင်က သူတို့တတွေ သံဝေဂရပြီး ထိတ်လန့်စေလိုတဲ့အတွက် မျက်ခုံးတော်မှ ညိုမောင်း
သော ရောင်ခြည်တော်ကို လွှတ်လိုက်တဲ့အခါ လောက တစ်ခုလုံး အမှောင်ကျသွား၏
အမှောင်ထုထဲမှာ ကြောက်အားလန့်အားနဲ့ အားကိုးရာ
ရှာနေကြတဲ့ အချိန်မှာ မြတ်စွာဘုရားက ဥဏ္ဏလုံ နဖူး ခလယ်မှ မြင့်မြတ်တဲ့ အမွေးဖြူမှ
ဖြူဖွေးလင်းလက်တဲ့ ရောင်ခြည်တော် လွှတ်ပြီး တရားဟောတဲ့အခါ မူးနေ သော အမျိုးသမီး ငါးရာစလုံး
သောတာပန် တည်သွားကြ၏။ ၀ိသာခါကျောင်းအစ်မကြီး မေးလျှောက်ချက်အရ ဘုရားရှင်က သေရည်သမိုင်းကို
ထိုကဲ့သို့ ဟောပြတော်မူ၏။
ရှေးအခါ ဗာရာဏသီတိုင်းပြည် ဗြဟ္မဒတ်မင်း အုပ်စိုးတဲ့အချိန် ကာသိတိုင်းနေ သုရာ အမည်ရှိတဲ့ မုဆိုးဟာ ဆင်စွယ်နဲ့ စာမရီသားမြီးကို ရှာရန် တောထဲသို့ ထွက်ခဲ့၏။ တောတွင်း တစ်နေရာမှာရှိတဲ့ သစ်ပင်ကြီး တစ်ပင် ဟာ သဘာဝအတိုင်း ပင်စည်မှ အကိုင်း သုံးခု ဖြာထွက်ပြီး ခွကြီးဖြစ်နေ၏။ မိုးရွာတဲ့အခါ မိုးရေတွေ သစ်ပင်ခွမှာ ရေအိုင်သဖွယ် တင်နေ၏။

ငှက်တွေက တောထဲမှာ ပေါက်နေတဲ့ သလေးဆန်တွေကို
ချီလာပြီး သစ်ပင်ပေါ်မှာ လာစားကြရင်း တချို့ သလေးဆန်တွေ သစ်ပင်ခွထဲကျကုန်၏။
တချို့ငှက်တွေက သစ်သီးတွေ ချီလာပြီး သစ်ပင်ပေါ်မှာလာစားရင်း အချို့သစ်သီးတွေလည်း သစ်ပင်ခွထဲ
ပြုတ်ကျကုန်၏။
အဲဒီလိုနဲ့ ကြာလာတဲ့အခါ သစ်ပင်ခွမှာရှိတဲ့
အရည်တွေဟာ နေရောင်ခြည်ကြောင့်လည်းကောင်း၊ သလေး ဆန်နဲ့သစ်သီး တွေကြောင့် လည်းကောင်း
စိမ်ရည် အရက်ဖြစ်သွား၏။ ငှက်ကလေးတွေ ရှဥ့်ကလေးတွေ မျောက်ကလေးတွေ ရေလာသောက်တဲ့အခါ သစ်ခွထဲက
ရေကို သောက်ရင်း မူးကြ၏။ မူးပြီး သစ်ပင်အောက် ကို ပြုတ်ကျကြ၏။ အမူးပြေတဲ့အခါ ကောင်းကောင်းမွန်မွန်ပဲ
ပြန်သွားကြပြန်၏။
တစ်နေ့တော့ သုရာမုဆိုးဟာ အဲဒီ သစ်ပင်အနားကို ရောက်လာ၏။ သစ်ခွရေကို သောက်ထားတဲ့ တိရစ္ဆာန် လေးတွေ သစ်ပင်အောက် ပြုတ်ကျနေတာကို တွေ့ရ၏။ အချိန်တန်တော့ ထပျံသွားတာကိုလည်း တွေ့ရ၏။ သုရာမုဆိုးက စဉ်းစား ကြည့်တယ်။ ဘာကြောင့် ဒီလိုဖြစ်နေတာပါလိမ့်။ နောက်ဆုံး အဖြေကတော့ သစ်ပင်ခွမှာ ရှိတဲ့ အရည်တွေကြောင့် ဖြစ်မယ်ဆိုပြီး သူလည်း စမ်းသောက်ကြည့်၏။

မုဆိုးလည်း သစ်ခွစိမ်ရည်ရဲ့ အရသာကို သိပြီး
မူးသွားတော့၏။ မူးနေတဲ့ ငှက်ကလေးတွေကို ဖမ်းယူ သတ် ဖြတ်ပြီး မီးကင်လိုက်၊ သစ်ပင်ခွက
အရည်ကို သောက်လိုက် လုပ်နေ၏။အဲဒီ သစ်ပင်နဲ့ မနီးမဝေးတဲ့ နေရာမှာ `၀ရုဏ`ခေါ်တဲ့
ရသေ့တစ်ပါး သီတင်းသုံးနေ၏။ မုဆိုးက ရသေ့ဆီသွားပြီး အရက်နဲ့ ဧည့်ခံတဲ့အခါ
သူတို့နှစ်ဦး အရက်စွဲသွားကြ၏။
သူတို့နှစ်ဦး သစ်ပင်ခွမှာရှိတဲ့ သေရည်ကို
ဝါးဆစ်ဗူးမှာ ထဲ့ပြီး ဗာရာဏသီမင်းထံ သွားရောက် ဆက်သ၏။ မင်းကြီးလည်း သုံးလေးရက်လောက်
သောက်ကြည့်တဲ့အခါ ကုန်သွား၏။ ကုန်သွားတိုင်း သူတို့နှစ်ဦးကို ထပ် ထပ်ပြီး
ယူခိုင်း၏။ နောက်ပိုင်း သူတို့နှစ်ဦး ကိုယ်တိုင် စီမံဖန်တီး ချက်ခိုင်းတော့၏။ အရက်ချက်တဲ့
သူတို့နှစ်ဦး ရဲ့ အမည်ကို အစွဲပြုပြီး အရက်ကို `သုရာ` (သို့မဟုတ်) `၀ရုဏ`လို့
ခေါ်လာကြခြင်းဖြစ်၏။Type your summary here. Type the rest of your post here.
No comments:
Post a Comment