အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Wednesday, December 10, 2014

နို့ကြွေးဆပ်သူ-အာဂလူ(၄၈)





 ထိုအထဲမှပါလာသော မလေးတယောက်သည် နိုင်ငံခြားသားတွေအပေါ် အနိုင်ကျင့်ပိုက်ဆံတောင်းလို့ရမှန်း သဘောပေါက်သွားပုံရ၏။ သူတယောက်ထဲ တပါတ်တခါလာတာတွေ့ရ၏ ဘောင်ချာစာအုပ်လေးကိုင်ကာ ရောက်လာတတ်၏၊ ဘုန်းကြီးလည်း ထိုမလေးလူလိမ်ကို တခါးမဖွင့်ပေးပါ ဇွဲတော့အလွန်ကောင်း၏။ တလတခါ ပုံမှန်လာတာတွေရ၏။ သူ့ခမျာ ဘဲခေါက်ပြီး တခါးမဖွင့်တာနဲ့ ပြန်သွားရတာ အကြိမ်ပေါင်းမနဲပါ။
    တနေ့တော့ မလေးလူလိမ် ဘာအကြံအစီတွေနဲ့လဲမသိ ည(၈)နာရီလောက် မလေးမချောချောလေးတ ယောက်ကို ရှေ့တွင်ထားကာ ရောက်လာပါ၏။ ဘုန်းကြီးလည်း စီစီတီဗွီကနေကြည့်နေတော့ အားလုံးကိုမြင်ရ၏ မလေးလူလိမ်ကတော့ တခါးဘေးမှာ အသာကွယ်နေ၏ မလေးမချောချောလေးကို ဘဲနှိပ်ခိုင်းတာတွေ့ရ၏။
    ဘုန်းကြီးလည်း သူတို့လုပ်ပုံကိုင်ပုံကိုတော့ မသင်ကာဘူး ဒါပေမဲ့ သူတို့လူလိမ်တွေသည် ရုံးချိန်အတွင်းသာ လာတတ်၏။ ညဘက်ဆို လာရိုးထုံးစံမရှိ ညဘက်က မြန်မာတွေသာအလာများ၏။ ဘုန်းကြီးလည်း တံခါး အောက်တိုခလုပ်ကိုဖွင့်မပေးဘဲ တခါးမကြီးကို ဖွင့်ကြည့်လိုက်၏။
    တံခါးဖွင့်လိုက်တဲ့အချိန်မှာဘဲ မလေးလူလိမ်သည် ဘုန်းကြီးတွေ့မှာဆိုးလိုး နံရံနဲ့ကွယ်လိုက်၏။ ဘုန်းကြီး နဂို ထဲက မသင်ကာတာ ခုလိုကြုံလိုက်တော့ ပိုပြီးမသင်ကာပေါ့ မလေးမမှ တံခါးဖွင့်ပေးရန်ပြောဆိုလာ၏။ အင်္ဂလိပ် လိုပြောလိုက် မလေးလိုပြောလိုက် လုပ်နေ၏။
     မလေးလူလိမ်သည် သူလာတိုင်းဘုန်းကြီးတခါးမဖွင့်ပေးတော့ မလေးမချောချောလေးခေါ်လာကာ မိန်းမနဲ့ ဖြားယောင်းပုံရ၏။ ညအချိန်လာတာဆိုတော့ ဘယ်လိုအကြံအစီတွေရှိလည်းမသိပါ၊ ဓါးပြတိုက် အနုကြမ်းစီး တာလည်း ဖြစ်နိုင်၏။ မိန်မနဲ့ဖြားယောင်းပြီး ပိုက်ဆံတောင်းတာလည်း ဖြစ်နိုင်၏။
    ဘုန်းကြီးလည်း လက်ခါပြကာ ဘာမှမတတ်တဲ့ ပုံစံမျိုးလုပ်ပြလိုက်၏။ နောက်ဆုံးတော့ သူတို့အခြေအနေ မကောင်းမှန်းသိသွားပြီး ပြန်ဆင်းသွား၏ အဲဒီအချိန်ထဲက မလေးလူလိမ်သည် နောက်ထပ်လာတာမတွေ့ရ တော့ပါ။ နောင်ဘယ်အချိန်ပေါ်လာအုံးမလဲဆိုတာ စောင့်ကြည့်ရအုံးမှာပေါ့လေ။
 


Type your summary here. Type the rest of your post here.

No comments: