မလေးရှားမှာလည်း နိုင်ငံခြားသားဆိုလျှင်
လိမ်ညာတတ်သည့် မလေးအိန္ဒိယနွယ်ဖွားတွေကိုလည်း အထူး ရှောင်ကြဉ်ရပါ၏။ သူတို့ကတော့
မလေးလူမျိုးနဲ့ ပိုဆိုးသောကြောင့်ဖြစ်၏။ ဘုန်းကြီးတို့ မလေးရှား ပထမဆုံး
ရောက်တဲ့နှစ်က ပထမဆုံး အလိမ်ခံရခဲ့ဘူး၏။
စင်ကာပူကနေ မလေးရှားသို့
ဟိုင်းဝေးဘတ်(စ်)ဖြင့်ဝင်ရောက်ခဲ့၏ ။ မလေးရှား ပူဒူးကားဂိတ်သို့ ရောက် သောအခါ
အိန္ဒိယနွယ်ဖွား မလေးတက္ကစီသမားကို ငှားစီးခဲ့၏။ ထိုမလေးတက္ကစီသမားသည် မီတာဖွင့်မောင်းပြီး
ဘုန်းကြီးတို့သွာချင်တဲ့ ပူချုန်း ၆-မိုင်ခွဲကို တော်တော်မရောက်နိုင်အောင်
လှည့်ပတ်မောင်းတာတွေ့ရ၏။
ပုဒူးကားဂိတ်နှင့်
ပူချုန်း ၆-မိုင်ခွဲသည် ကားခ ၂၀-လောက်သာကျရမှာဖြစ်သော်လည်း တက္ကစီသမား ညစ် ပတ်ပြီး
လှည့်ပတ်မောင်းလိုက်တာ (၈၀)ပေးလိုက်ရ၏။ အိန္ဒိယနွယ်ဖွားမလေးတွေသည် တက္ကစီသမားတွေ
များ ပါ၏။ သူတို့တက္ကစီတွေစီးလို့ကတော့ နည်းမျိုးစုံနဲ့ လိမ်လည်ညစ်ပတ်တာကို
မလွဲမသွေ ခံရမှာဖြစ်၏။
မလေးရှားတွင်
တရုတ်တက္ကစီသမားတွေသာလျှင် အကောင်းဆုံးဖြစ်၏ ရိုးသားမှု အပြည့်အ၀ရှိသည်ဟု ဆို
ရမှာဖြစ်၏။ ကျန်တက္ကစီတွေကတော့ တမျိုးမျိုး တဖုံဖုံနဲ့ လိမ်လည်လှည့်ပတ်တာ
အများစုဖြစ်၏။ စာရှုသူတို့ လည်း မလေးရှား လာဖြစ်လျှင် ဗဟုသုတအဖြစ်မှတ်ထားပြီး
လိမ်လည်မှုမှ လွတ်ကင်းပါစေ။
မလေးရှားရောက်
အနည်းငယ်သော မြန်မာတွေလည်း လိမ်လည်ကြတာကို ကြားနေရ၏။ သူငယ်ချင်းနဲ့ အ
ဆက်အသွယ်ပြတ်နေလို့ ဖုံးတကောလောက်ဆက်ခွင့်ပြုပါဆိုပြီး သနားပြီးခွင့်ပြုလိုက်မယ်ဆိုလျှင်တော့
ဖုံးဆက် သလိုလိုနဲ့ ဖုံးယူထွက်ပြေးပါတော့၏။ပြန်စရာ လမ်းစရိတ်မရှိလို့
လမ်းစရိတ်ပေးပါဆိုပြီး လိမ်လည်တောင်းနေတဲ့ မြန်မာတွေကိုလည်း မြို့ထဲသွားတိုင်း
ဘတ်(စ်)ကားဂိတ် ဘူတာဂိတ်တွေမှာ ကြုံတွေ့ရမှာဖြစ်၏။
တနေ့သောအခါတွင်
ဘုန်းကြီးကျောင်း၏ ဘဲတီးသံကြားလို့ အတွင်းတံခါးဖွင့်ကြည့်မိ၏။ မြန်မာ (၃)ယောက်
လျှောက်စရာရှိလို့ပါဟုပြောဆို၏။ မလေးရှားရောက်မြန်မာတွေ၏ လျှောက်စရာကလည်း အတော်ကြောက်စရာ
ကောင်း၏ ဘာလျှောက်မည်ဟု မသိတာနှင့် အတွင်းတခါးကို ဖွင့်ပေးလိုက်၏။
ထိုမြန်မာသုံးယောက်သည်
ကျောင်းထဲအရောက်တွင် (၂)ယောက်က ဘုရားရှိခိုးပြီး တယောက်က ဘုရားရှိ ခိုးတာမတွေ့ရပါ။
ဘုန်းကြီးလည်း ဘာလျှောက်စရာရှိသလည်း ဆိုစမ်းပါအုံးလို့ မိန့်လိုက်တော့
တပည့်တော်တို့ အလုပ်အစဉ်မပြေလို့ ထမင်းစားစရာမရှိလို့ ပိုက်ဆံချေးပါဘုရားဟုဆို၏။
မင်းတို့ထမင်းစားစရာမရှိလျှင်
ဘုန်းကြီးကျောင်းမှာ ဆန်ဆီ အခြောက်အချမ်းတွေ များစွာရှိ၏ မင်းတို့ကိုပေး လိုက်မယ်
အိမ်ရောက်ရင် ချက်စားကြဟု ဘုန်းကြီးကမိန့်လိုက်တော့ တပည့်တော်တို့
ချက်စရာအိုးမရှိလို့ ငွေ သာပေးပါဘုရားဟုဆိုလာ၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment