အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Monday, December 22, 2014

နို့ကြွေးဆပ်သူ-အာဂလူ(၅၈)





  ဒီတခါတော့ နောက်ဆုံးအနေနဲ့ ဒကာရဲ့ အရက်ဖြတ်ကြောင်း ဂတိစကားကို အလှူခံပေးလိုက်မယ် နောက်တ ခါ ဘယ်လိုနည်းနဲ့ဘဲသောက်သောက် ဘုန်းကြီးထံမလာပါနဲ့တော့ဟု နောက်ဆုံးစကားပြောဆိုပြီး အရက်ဖြတ် ကြောင်း ဂတိစကားကို လိုက်ဆိုပေးကာ ပြန်လွှတ်လိုက်၏ ။
  မလေးရှားရောက် ရွှေမြန်မာအရက်သမားတွေလည်း ဘုန်းကြီးတွေကို တနည်းတဖုံတော့ ဒုက္ခပေးတတ်ပါ၏။ ထိုအရက် သမားလည်း စုံစမ်းကြည့်တော့ သောက်မြဲတိုင်း သောက်နေသည်ဟုသာကြားရပါ၏။ ဘုန်းကြီး နောက်ဆုံးအကြိမ်ဟု သတိပေးစကားပြောလိုက်လို့သာ ကျောင်းဘက်ကို လှည့်မလာခြင်းဖြစ်ဟန်တူ၏။
    မလေးရှား ဓမ္မရောင်ခြည်ကျောင်း ကထိန်ပွဲ ၀ါဆိုပွဲတွေကို နှစ်စဉ်နှစ်တိုင်း မလေးရှားရောက် ရွှေမြန်မာတွေ စုပေါင်းပြီး စည်စည်ကားကား ကျင်းပကြ၏။ ထိုကထိန်ပွဲ ၀ါဆိုပွဲတွင် ပရိတ်သတ် လေးရာကျော် ငါးရာနီးပါးခန့် လာရောက်ကြတာများ၏။ ထိုပရိတ်သတ်အတွက် မုံ့ဟင်္ခါးကို အချက်ကောင်းသော ဒကာအဖွဲ့မှ တာဝန်ယူကာ ချက်ပြုတ်ကျွေးမွေးဧည့်ခံ၏။
   ထိုမုံ့ဟင်္ခါးချက်အဖွဲ့သည် အချက်ကောင်း၏ လူတိုင်းလဲကြိုက်ကြ၏ သို့သော် ထိုအဖွဲ့တွင် ချို့ယွင်းချက်တွေ လည်းရှိနေ၏။ မုံ့ဟင်္ခါးအချက်ကောင်းသလောက် သေရည်ကိုလည်းကြိုက်ပုံရသောအဖွဲ့ဖြစ်၏။ မုံ့ဟင်္ခါးချက်ရင်း သေရည်ကိုလည်း မှီဝဲပုံရ၏။ တချို့က ကုသိုလ်လုပ်တဲ့ပွဲကို သေရည်ပါဝင်ပတ်သက်နေတာကို သဘောမကြပါ။
    ဘုန်းကြီးအားလျှောက်ထားကြ၏ ဘုန်းကြီးလည်း တကြိမ် နှစ်ကြိမ်တော့ မသိချင်ယောင် ဆောင်နေလိုက်၏။ လျှောက် သည့်အကြိမ်အရေအတွက်များလာတော့ ဘုန်းကြီးလည်း စဉ်းစားချင့်ချိန်ရပါတော့၏။ ဒီဒကာတွေ ချက်နေတာလည်း နှစ်ကြာလာပြီ ပြောရမှာလည်း အားနာစရာဖြစ်၏။ ပရိတ်သတ်ကလည်း နှစ်စဉ်ပြောလာ
တော့ ဘုန်းကြီးလည်း ချက်ရေးပြုတ်ရေးအဖွဲ့ကို ချိန်းဖို့စီစဉ်ရပါတော့၏။
   တခုသောနှစ်တွင် ဘုန်းကြီးသူတို့အဖွဲ့ကို မချက်ခိုင်းဘဲ အသောက်အစားကင်းသော လူသစ်အဖွဲ့ကိုချက်ခိုင်း ၏။ နှစ်စဉ် ချက်နေကြလူကို မချက်ခိုင်းတော့ သူတို့အဖွဲ့ ဘုန်းကြီးကိုမကြေနပ်ကြပါ သူတို့ဘက်ကကြည့်လျှင် လည်း မှန်သင့်သလောက်မှန်ပါ၏။ ဘုန်းကြီးဘက်ကကြည့်လျှင်လည်း မမှားပါ။
    သို့သော်သူတို့အဖွဲ့သည် သူတို့မချက်ရတာနဲ့ ချက်တဲ့လူသစ်အဖွဲ့ကို အကူအညီမပေးရန် သူတို့အဖွဲ့ဝင်တွေ ကို စည်းရုံးထား၏။ ကထိန်ပွဲကိုလည်း မသွားကြရန် တိုက်တွန်းနှိုးဆော်သံတွေကြားနေရ၏။ တချို့ဒကာတွေ ကလည်း သူတို့ပြောတာတွေကို ဘုန်းကြီးအားလာရောက်လျှောက်ထားကြ၏။
     သဘောမကြလို့ ချက်ရေးပြုတ်ရေး အကူအညီမပေးတာတော့ သူတို့အခွင့်အရေးနဲ့ သူတို့ပြောဆိုပိုင်ခွင့်ရှိပါ ၏။ ဘုံကထိန်ပွဲကြီး ပျက်စီးရာပျက်စီးကြောင်း ကြံစီတာတော့ သူတို့အတွက် အကုသိုလ်များလှ၏။ ဘုံကထိန် ဆိုတာ တနှစ်မှာ တကျောင်း၊ တကျောင်းမှာ တကြိမ်သာလှူဒါန်းရတဲ့ ထူးမြတ်တဲ့ကထိန်ပါ၊ ထိုကထိန်ပွဲ ပျက်စီး ရာပျက်စီးကြောင်း ကြံစီတယ်ဆိုတော့ သူတို့အကုသိုလ်ကံသည် သေးမည်မဟုတ်ပါ၊
    အဓိကတရားခံကတော့ သေရည်ကြောင့်ဖြစ်ရတဲ့ ပြဿနာပါ၊ ဒီဒကာတွေ သေရည်မသောက်လျှင် ဒီကိစ္စ ဖြစ်လာနိုင် စရာအကြောင်းမရှိပါ။ သူတို့တတွေလည်း သူတို့မလုပ်လျှင် ကထိန်ပွဲပျက်လိမ့်မည်ဟု ထင်နေ သလားမသိပါ ကထိန် အစနေ့ညအထိ သူတို့တတွေ ကထိန်ပွဲမဖြစ်အောင် စည်းရုံးနေပုံရ၏။
     ချက်တဲ့ပြုတ်တဲ့ လူသစ်ဒကာကိုလည်း အကျိုးအကြောင်းပြောပြထားရ၏။ ကျန်တဲ့ဒကာတွေကိုလည်း ဘုန်း ကြီးဖုံးဆက်ပြီး ခေါ်ပေးရ၏။ သူတို့ရဲ့နှိုးဆော်ချက်ကြောင့် အကူအညီပေးတဲ့လူတွေ အတော်နဲသွား၏ လူသစ်
တွေနဲ့သာ ချက်ပြုတ်ရ၏ ချက်ရေးပြုတ်ရေးတော့ အနည်းငယ်အခက်အခဲရှိသွား၏။
 


Type your summary here. Type the rest of your post here.

No comments: