အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Monday, December 29, 2014

နို့ကြွေးဆပ်သူ-အာဂလူ(၆၂)





 မလှူချင်တဲ့ မိဘတွေကို လှူချင်လာအောင် တိုက်တွန်းပေးခြင်းသည်လည်း အမေ့နို့ဖိုးကြေအောင်ဆပ်သူဟုဆိုပါ၏။
  
      စွန့်ကြဲ ပေးကမ်း လှူဒါန်း ခြင်းကို ဒါနလို့လဲခေါ်ပါ၏ စာဂလို့လဲ ခေါ်ပါ၏။ မိမိတို့အမေတွေ စွန့်ကြဲ ပေးကမ်း လှူဒါန်းမှုကို စိတ်ဝင်စားအောင်ဆောင်ရွက်ရမည်ဖြစ်၏။ စွန့်ကြဲခြင်းသည် ကိုယ့်အောက်နိမ့်ပါးသူတွေကို စွန့်ကြဲ ခြင်းဖြစ်၏။ ပေးကမ်းခြင်းသည် မိမိနှင့်တန်းတူ မိတ်ဆွေတွေကို ပေးကမ်းခြင်းဖြစ်၏။ လှူဒါန်းခြင်းသည် မြင့်မြတ် တဲ့ ပုဂ္ဂိုလ်တွေကို လှူဒါန်းခြင်းဖြစ်၏။
   စွန့်ကြဲ ပေးကမ်း လှူဒါန်းတဲ့ အခါမှာလဲ တွန့်တိုစိတ်မရှိပဲ လွတ်လွတ် စွန့်ကြဲ ပေးကမ်း လှူဒါန်း နိုင်အောင် ဆောင်ရွက်နိုင်မှသာလျှင် ပါရမီမြောက်အောင် လှူဒါန်းနိုင်ခြင်းဖြစ်၏။ စွန့်ကြဲ ပေးကမ်း လှူဒါန်း တဲ့အခါမှာ လည်း အယုတ် အလတ် အမြတ်မရွေး ပေးကမ်းနိုင်တဲ့ အလေ့အကျင့်မျိုးရှိအောင် လေ့ကျင့်ပေးနိုင်ရမှာဖြစ်၏။
   ဒီလိုလှူဒါန်းမှုမျိုးဆိုတာ သူတော်ကောင်းတွေလှူဒါန်းနည်းပါပဲ။ ကိုယ့်ရှိတာကို ကိုယ်တစ်ယောက်ထဲ စားနေ ရုံနဲ့ ကျေနပ်မနေဘဲ သူတစ်ပါးကိုလဲ အတတ်နိုင်ဆုံး မျှဝေပေးလိုတဲ့ သူတော်ကောင်း စိတ်ဓာတ်ကလေးရှိနေ ခြင်းသည် ကောင်းလှပါ၏။ ဒီစိတ်ဓာတ်ခံကောင်းလေးရှိနေရင် အယုတ် အလတ် အမြတ်မရွေး ပေးကမ်းချင် စိတ် လှူဒါန်းချင်စိတ်ရှိမှာဖြစ်၏။   
    ပေးကမ်းခြင်းဟာ အောင်မြင်ရာ၏ ဆိုသလိုပဲ ပေးကမ်းကြည့်ပါ။ ကလေးတွေကို ပေးကမ်းရင် ကလေးတွေ က ချစ်၏၊ လူကြီးကို ပေးကမ်းရင် လူကြီးတွေကချစ်၏၊ အလုပ်သမားတွေကို ပေးကမ်းရင် အလုပ်သမားတွေက ချစ်၏။ တိရစ္ဆာန်တွေ ကျွေးမွေးလျှင်လည်း တိရစ္ဆာန်တွေက ချစ်၏။ ဒါကြောင့် ပီယဆေးဆိုတာလဲ ပေးကမ်း ကျွေးမွေးခြင်းပါပဲ။ နှမျောတွန့်တိုမှုမရှိ ပေးကမ်းတတ်တဲ့သူကို လူတိုင်းက ချစ်ခင် ဖေါ်ရွေကြပါ၏။   
    ဒါကြောင့် ဒီဘ၀မှာလဲ လူချစ်လူခင်ပေါ၊ နောင်ဘ၀အတွက်လဲ ကောင်းစားရေးအထောက်အပံ့ဖြစ်တဲ့ ပေး
ကမ်းကျွေးမွေးခြင်းသည် လူသားတယောက်၏ လုပ်သင့်လုပ်ထိုက်သော အလုပ်ဆိုတာကို အမေတွေနားလည် သဘောပေါက်အောင် ဆောင်ရွက်ပေးရမည့်တာဝန်သည် သားကောင်းသမီးကောင်တွေရဲ့ တာဝန်သာဖြစ်၏။
    မလှူရက် မစားရက်ဖြင့် ရသမျှလေးတွေကို ခြိုးခြံချွေတာပြီး စုဆောင်းကာ သားသမီတွေကို ပေးဆပ်ချင် သည့် ဆန္ဒသည် အမေတိုင်း၏ ပေးဆပ်ချင်သည့်ဆန္ဒဖြစ်၏။ ကိုယ့်ဖို့တော့ ဘာမှမစဉ်းစား သားတွေ သမီးတွေ အတွက်သာ စဉ်းစားပေးတတ်သော ကျေးဇူးရှင် မေမေတို့ကို ပေးကမ်း စွန့်ကျဲ လှူဒါန်းခြင်အောင် ဆောင်ရွက် ပေးနိုင်တဲ့ သားသမီးတွေသည် အမေ့နို့ဖိုး ကြေအောင်ဆပ်တဲ့ သားသမီးတွေဖြစ်၏။
 


Type your summary here. Type the rest of your post here.

No comments: