အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Tuesday, December 9, 2014

နို့ကြွေးဆပ်သူအာဂလူ(၄၇)





အောင်လိမ်တာမျိုး။ ဒါမျိုးတွေက အပြစ်မကြီးပါ သို့သော် မုသာဝါဒ သိက္ခာပုဒ်တော့ ပျက်သွားပါ၏။
    သို့သော်ခုခေတ်လူသားတွေသည် လိမ်ရမှာကို ၀န်မလေးတာ တွေ့ရ၏။ အစဉ်ပြေလျှင်ပြီးရော အများစု လိမ် ညာနေကြ၏။ ဘုန်းကြီးတို့ မလေးရှားမှာ နေခဲ့စဉ်တလျှောက် လိမ်ညာမှုမျိုးစုံနဲ့ ကြုံတွေခဲ့ရ၏။ လူတယောက် မျက်နှာသည် ထိုသူ၏အတွင်းစိတ်ကိုဖေါ်ပြနေ၏။ ရိုးရိုးသားသား ပြောဆိုသူသည် ရဲရဲရင့်ရင့်ပြောဆို၏ မျက်နှာ အမူအရာလည်း ပြုံးယောင်သန်းကာ ရင်းနှီးမှုသရုပ်ကို ဖေါ်ဆောင်နိုင်၏။
    မရိုးသားသူ၏ မျက်နှာသည် ရဲရင့်မှုမရှိ ဆင်ခြေပေးလျှက် အကြောင်းအရာကို ခိုင်ခိုင်လုံလုံ မတင်ပြတတ် စိုးရိမ်စိတ် မျက်နှာနဲ့ ယုံကြည်မှုကင်းမဲ့နေတာတွေ့ရ၏။ သူ၏မရိုးသားမှုကို နားထောင်နေသူ သိသွားမှာလည်း
စိုးရိမ်ပုံရ၏။ ဤအချက်တွေကို ထောက်ဆသောအားဖြင့် သူမရိုးသားဘူး လူလိမ်ဆိုတာ သိနိုင်ပါ၏။
    မလေးရှားလူမျိုးတွေသည် နိုင်ငံခြားသားတွေအပေါ် မရိုးသားသောနည်းဖြင့် ငွေကျေးတောင်းခံတာတွေ့ရ၏။ ဘုန်းကြီးကျောင်းကို မလေးရှားကျန်းမာရေးအယောင်ဆောင်တွေ ခြင်ဆေးဖြန်းဖို့ဆိုပြီး အမြဲလာလိမ်တာခံရ၏။ အလိမ်ခံရပါများလာတော့ သူတို့လာလျှင် တံခါးဖွင့်မပေးဘဲ မသိချင်ယောင်ဆောင်နေရ၏။
    သူတို့တတွေသည် ဇွဲအလွန်ကောင်း၏ လှေခါးမှကွယ်ကာ အခန်းထဲမှ လူထွက်လာအောင် စောင့်နေတတ်၏ ဘုန်းကြီးကျောင်းမှာ စီစီတီဗွီ တတ်ထားသောကြောင့် အာလုံးမြင်နေရ၏။ တခါတလေ အောက်လှေခါးမှ ဆင်း စောင့်နေ၏ ကျောင်းကိုမြန်မာတွေတက်လာလျှင် နောက်မှကပ်လိုက်လာကာ ပိုက်ဆံရအောင်တောင်းတော့၏။
    သူတို့ကို ပေးရပေါင်းလည်းမနဲပါ သူတို့မျက်နှာတွေ သူတို့စီးတဲ့ကားတွေပါ ဘုန်းကြီးအလွတ်မှတ်မိနေ၏။ တ နေ့တော့ အသစ်ရောက်လာတဲ့ အာဂန္တုဦးဇင်းမှ ဘဲလာခေါက်တာကို စီစီတီဗွီမကြည့်ဘဲ ဖွင့်ပေးလိုက်၏။ ခြင် ဆေးဖြန်းသမားတွေ ဂွင်တဲ့ကာ ပိုက်ဆံပေးလိုက်ရ၏။
 


Type your summary here. Type the rest of your post here.

No comments: