ကိုယ်တိုင်အရောက်ကြွတော်မူလျှင် မဋ္ဌကုဏ္ဍလီသတို့သားအတွက်
အကျိုးဖြစ် ထွန်းမယ်ဆိုတာကို သိတော် မူလို့ နံနက် မိုးလင်းတာနဲ့ နောက်ပါရဟန်းတွေနဲ့အတူ
ဆွမ်းခံကြွတော်မူ၏။ အဒိန္နပုဗ္ဗက အိမ်ရှေ့ကိုရောက် တော်မူတဲ့အခါ မဋ္ဌကုဏ္ဍလီ သတို့သားဟာ
အိမ်ဘက်ကိုမျက်နှာမူပြီး စောင်းလျက်ရှိနေတာမို့ မြတ်စွာဘုရား က ရောင်ခြည်တော်ခြောက်သွယ်
ပို့လွှတ်တော်မူလိုက်၏။
အိမ်နံရံကို ရောင်ခြည်တော်လာဟပ်တဲ့အခါ
ထူးဆန်းလို့ဆိုပြီး မဋ္ဌကုဏ္ဍလီ လှည့်ကြည့်လိုက်တဲ့အခါ ကျက် သရေတော်နဲ့ အလွန်ပြည့်စုံတော်မူတဲ့မြတ်စွာဘုရားကို
ဖူးမြင်လိုက်ရ၏။ စိတ်ထဲမှာ ကြည်လင်ပြီး မျက်နှာမှာ လည်း ဝင်းပသွား၏။ မဋ္ဌကုဏ္ဍလီသည်
သူ၏ဘ၀တလျှောက်လုံး ဒါနလည်းမပြုခဲ့။ သီလကိုလည်းမစောင့်ခဲ့။ ဘာဝနာကိုလည်း မပွားဘူးခဲ့ပါ။
ထို့ကြောင့် သူ့တွင်ကုသိုလ်ကံဟူ၍
ဟုတ်ဟုတ်ညားညား ဘာမျှမရှိ သို့သော်လည်း
မြတ်စွာဘုရားကို လက် အုပ်ချီပြီး အရိုအသေပေးဘို့အတွက် လက်ကိုမြောက်နိုင်တဲ့
အင်အားတောင်မရှိ။ မြတ်စွာဘုရားကို ကြည့်ပြီး တော့သာ ကြည်ညိုနေတော့၏။ဤသည်ပင်
သူ့အတွက် အဘိုးအနဂ္ဃထိုက်သော ဘာဝနာကုသိုလ် ဖြစ်၏။
မြတ်စွာဘုရားကလည်း ဒီလောက်ဆို လုံလောက်ပြီလို့သုံးသပ်တော်မူပြီး
ဆက်ကြွသွားတော်မူ၏။ မြတ်စွာ ဘုရားထွက် ကြွသွားတဲ့အချိန်မှာပဲ မဋ္ဌကုဏ္ဍလီလည်း
အသက်ကုန်ဆုံးသွားတော့၏။ အဲဒီနောက် ချက်ချင်းပဲ ယူဇာနာ (၃၀) အကျယ်ရှိတဲ့
နတ်ဗိမာန်မှာ နတ်သားသွားဖြစ်၏။ မြတ်စွာဘုရားကို ကြည်ညိုရုံလေးနဲ့ မဋ္ဌကုဏ္ဍ လီ
နတ်သားဘ၀ကိုရရှိခြင်းဖြစ်၏။
မိမိ၏တဦးတည်းသောသား မဋ္ဌကုဏ္ဍလီ ကွယ်လွန်သောအခါ
အဒိန္နပုဗ္ဗကသည် ယူကျုံးမရဖြစ်ရ၏ မိမိ၏ မိုက်ပြစ်ဒဏ်ကို မိမိခံရုံမှတပါး
ဘာမျှမတတ်နိုင်တော့။ မိမိမျိုးဆက်လည်းပြတ်လေပြီ။ ဆေးပေးမီးယူပြုပေးမည့် သူတောင်မရှိ
ဘ၀မှာ အထီးကျန် အထီးဆန် ဘ၀ဖြင့် ဖြတ်သန်းရပါတော့မည်။
မိမိ၏ရင်သွေးရတနာ သားသီးချာ၏
ချစ်စရာမျက်နှာကို မမြင်ရတော့ဘဲ မိမိတို့ မိအို ဖအို နှစ်ဦးတည်းသာ တယောက်ကိုတယောက်
အဖေါ်ပြုလျှက် ဘ၀ခရီးကို လျှောက်ရပေတော့မည်။မိမိ၏မိုက်ပြစ်ဒဏ်ကြောင့် မိမိ ပတ်ဝန်းကျင်၏
ကြင်နာမှုကို ရဖို့ရန် မမျှောလင့်နိုင်တော့သည့်အပြင် ပြစ်တင်ရှုတ်ချမှုသာ ဆက်ကာဆက်ကာ
ခံရပါတော့မည်။
အဒိန္နပုဗ္ဗကသည် တွေးရင်းတွေးရင် မျက်ရည်ကျ၏
သားအလောင်းကို သင်္ဂြိုဟ်ပြီး သိပ်ချစ်လွန်းတော့
သားကိုမြှုပ်နှံ
ထားတဲ့သုဿာန်မှာ နေ့စဉ်နေ့တိုင်းသွားသွားငိုနေရှာ၏။ တကယ်တော့ အဒိန္နပုဗ္ဗကသည်
သူနှင့် ထိုက်တန်သော ပြစ်ဒဏ်ကို မျက်မှောက်ဘ၀မှာပင် သူခံယူနေခြင်းဖြစ်၏။
မဋ္ဌကုဏ္ဍလီနတ်သားဟာ ဖခင်ကြီး နေ့စဉ်နေ့တိုင်း
လာလာငိုနေတာကိုတွေ့တော့ အသိတရားရစေချင်တာ နဲ့ လူ့ဘဝတုန်းက ပုံစံအတိုင်းဖန်ဆင်းပြီး
သုဿာန်တနေရာမှာ ဝမ်းနည်းပက်လက်ငိုကြွေးနေ၏။ အဒိန္နပုဗ္ဗက သည် ယ္ခင်နေ့တွေ မိမိ
တယောက်ထဲငိုနေတာ ဒီနေ့သူနဲ့ထပ်တူ ငိုကြွးနေသံတခုကြားရတော့ ထိုငိုကြွေးနေ သူကို
လှမ်းကြညိ့်မိ၏။
အဒိန္နပုဗ္ဗက အလွန်အံ့သြသွား၏ ငိုကြွေး
နေသောလုလင်သည် သူ့သား မဋ္ဌကုဏ္ဍလီနဲ့ ချွတ်စွပ်တူနေသည်ကို တအံ့တသြတွေ့ရ၏။ ထိုအခါ
သား၏ချစ်ခြင်းဖြင့်။ ထိုလုလင်ထံသို့ သွားရောက်ကာ ထိုကဲ့သို့ စကားဆိုလေ၏။
အမောင်လုလင်
သင်ဘာလို့ ဒီလောက်ဝမ်းနည်း ပက်လက်ငိုနေရသနည်း၊ ဖခင် ငါ့သားကို ဘာကူညီပေးရမလဲ၊
မဋ္ဌကုဏ္ဍလီသည် ဤမေးခွန်းကို မျှော်လင့်ထား၏။ ယ္ခု ဖခင်ဖြစ်သူ အဒိန္နပုဗ္ဗကသည်
ဤမေးခွန်းကိုမေးလေပြီ။
အိုဖခင်--သားမှာ ရွှေရထားတစီးရှိပါ၏။
သို့ရာတွင် ရွှေရထားနှင့်လိုက်ဖက်သော ဘီးများမရှိပါ။ ထိုဘီးများ ကိုရှာရင်း
ဤနေရာသို့ ရောက်လာခြင်းဖြစ်ပါ၏ နေရာအနှံ့ရှာပြီးဖြစ်သော်လည်း ယ္ခုတိုင်မရသေးသဖြင့်
ငိုကျွေး နေခြင်းဖြစ်ပါ၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment