ချစ်သား သင်သည် ဖခင်၏ သေလွန်သွားသော သားချစ်
မဋ္ဌကုဏ္ဍလီနှင့် ယ္ခုတွေ့နေနေရသော သားသည် ချွတ်စွတ် တူနေပါ၏။ သင်ဘယ်သူလည်း နတ်လော
သကြားလော သို့မဟုတ် လူသားစစ်ကောဟုတ်ရဲ့လားဟု မေးမြန်းလေ၏။
အို----ဖခင်၊ ကျွန်ုပ်သည် ဖခင်
ငိုကြွေးတမ်းတနေသော ဖခင်၏သား မဋ္ဌကုဏ္ဍလီသာဖြစ်ပါ၏။ သေအံ့ဆဲ အချိန်တွင် မြတ်စွာဘုရားအား ကြည်ညိုခဲ့သော
အာသန္နကံကုသိုလ်ကြောင့် ယခုသားသည် တာဝတိံသာ နတ်ပြည်မှာ နတ်သားဖြစ် နေပါ၏ဟုဆို၏။
ထိုအခါ အဒိန္နပုဗ္ဗကသည် သံသယစိတ်တွေဖြင့်
ငြင်းဆန်ပါတော့၏။ ငါ၏သက်တန်းတလျှောက်လုံး ငါ၏ အိမ်၌ မြတ်စွာဘုရားအား တကြိမ်တခါမျှ
ဒါနလဲမပြုခဲ့၊သီလလည်းမဆောက်တည်ခဲ့၊ဘာဝနာကိုလည်း မပွားများ ခဲ့ဘူးပါ။ ငါတို့ မိသားစုသည်၊
ဒါန၊သီလ၊ဘာဝနာနဲ့ ဝေးခဲ့သူများဖြစ်ပါလျှက် သင်ပြုခဲ့သော ကုသိုလ်ကောင်းမှု ကား
ဘယ်လိုကုသိုလ်ကောင်းမှုပါနည်း၊ ငါ့အနေဖြင့် ဘယ်လိုမှ စဉ်းစာ၍ မရနိုင်ပါဟု
ပြောကြားလေ၏။
ဖခင်
သားတို့မိသားစုသည် ဖခင်ပြောသည့်အတိုင်း ဒါနမပြုခဲ့သည်မှာလည်း မှန်ပါ၏။
သီလမဆောက်တည် ခဲ့သည်မှာ လည်းမှန်ပါ၏။ ဘာဝနာမပွားခဲ့သည်မှာလည်းမှန်ပါ၏။သို့ရာတွင်
သားသေအံ့ဆဲအချိန်တွင် ဖခင် သည် မိမိပစ္စည်းတွေ လူမြင်မှာ စိုးတာနှင့် သားအား
အိပ်ခန်းတွင်းမှ အိမ်ပြင်သို့ ထုတ်၍ထားပါ၏။
ထိုအချိန်တွင် သုံးလောကထွတ်ထား
ရှင်တော်မြတ်ဘုရားသည်၊ နောက်ပါရဟန်းသံဃာတော်များခြံရံလျှက်
သာဝတ္ထိ
မြို့တွင်းသို့ အိမ်စဉ်အတိုင်း ဆွမ်းခံကြွတော်မူလာရာ
သားတို့အိမ်ရှေ့သို့ရောက်ခဲ့ပါ၏။ ထိုသို့ ရောက် ခဲ့သော်လည်း သားတို့အိမ်မှ ဘာဆွမ်းမျှ
လောင်းလှူခဲ့ခြင်းမရှိပါဖခင်။ မြတ်စွာဘုရား ဝေယျာဝစ္စကိုလည်း ပြုရကောင်မှန်းမသိ၊
မြတ်စွာဘုရား၏ တရားဒေသနာတော်ကိုလည်း နာကြားရမှန်း မသိသောမိသားစုဖြစ်၏။
သို့သော်လည်း ရှင်တော်မြတ်ဘုရားသည်
မဟာကရုဏာတော်သည် အံ့သြဖွယ်ကောင်းလှပါ၏။ မိစ္ဆာဒိဋ္ဌိ အိမ်ဖြစ်သော
သားတို့အိမ်ရှေ့အရောက်တွင် အိမ်ဘက်ကိုမျက်နှာမူနေသောသားအား မြတ်စွာဘုရားအား
ကြည်ညိုစေရန် ရည်သန်၍ ပြိုးပြိုပြက်ပြက် တခဲနက်သောရောင်ခြည်တော်ခြောက်သွယ်ကို
လွှတ်တော်မူပါ၏။
သေခါနီးဆဲသားသည် ပြိုးပြိုးပြက် တခဲနက်သော
ရောင်ခြည်တော်လာရာ လမ်းမဘက်ကို မိမိကိုယ်ကို အား တင်းပြီး လှည့်၍ကြည့်လိုက်သည့်အခါ
ရောင်ခြည်တော် ခြောက်သွယ်နှင့်အပြိုင် တင့်တယ်သော အသရေတော် ဖြင့် ကြည်ညိုဖွယ်ရာ
မြတ်စွာဘုရားရှင်အား ဖူးမြင်လိုက်ရ၏။ ဖူးမြင်သည်ဆိုသော်လည်း သားမှာ အားအင်ကုန် ခမ်းနေသဖြင့်
လက်အုပ်ချီပြီး မဖူးနိုင်ခဲ့ပါ။ စိတ်ထဲက ကြည်ညိုရုံသာ ကြည်ညိုခဲ့ရပါ၏။
ထိုကြည်ညိုသောစိတ်သည်ပင် သားအတွက် ဗုဒ္ဓါနုဿတိ
ဘာဝနာကုသိုလ်ဖြစ်ပါ၏။ မြတ်စွာဘုရားကို ကြည် ညိုစိတ်တွေ အဖန်ဖန်ဖြစ်ရင်း။ ထိုကြည်ညိုစိတ်တွေနဲ့ပင်
ကွယ်လွန်ခဲ့ရာ ယခုကဲ့သို့ တာဝတိံသာနတ်ပြည်၌ နတ်သားဖြစ်ရခြင်း ဖြစ်ပါ၏။
ထိုကြည်ညိုစိတ်သည်ပင် သားဘ၀ရဲ့ ကုသိုလ်ကောင်းမှုဖြစ်ပါ၏ဟု သားဖြစ်သူမှ ဖခင်အားရှင်းပြလေ၏။
မဋ္ဌကုဏ္ဍလီနတ်သားသည် ဖခင်အဒိန္နပုဗ္ဗကအား ဘ၀မှာ
တခါမှ မလှူဘူးသူဖြစ်သဖြင့် လူမပီသသူ အဖြစ် ဖြင့်လည်း မမြင်ခြင်၊ ဖခင်နှင့်မိခင်ကို
ဒါနနှင့်မွေ့လျှော်ပြီး သီလကိုလည်း လုံခြုံအောင်စောင့်ထိမ်းကာ ဘာဝနာ ကိုလည်း
ပွားစေချင် သူဖြစ်ပါ၏။ မလှူချင်သော မိဘတို့အား လှူချင်လာအောင်
တိုက်တွန်းနှိုးဆော်လိုက်ခြင်း ဖြစ်၏။
အဒိန္နပုဗ္ဗကသည် အံ့လည်းအံ့သြ၏။ တကိုယ်လုံးလည်း
ပီတိဖုံး၏။ မြတ်စွာဘုရားကို ဖူးမြင်ရုံ ၊မြတ်စွာဘုရား ကို ကြည်ညိုရုံ ၊
မြတ်စွာဘုရား၏ဂုဏ်တော်ကို အောင်းမေ့ရုံမျှနှင့် ဤကဲ့သို့သောအကျိုးတရားကို ရသည်ဆို လျှင်။
မြတ်စွာဘုရားနှင့် သာသနာတော်ကို ဒါနလည်းပြုမယ် သီလည်းဆောက်တည်မယ် ဘာဝနာလည်းပွား မယ်ဆိုပါက
အတိုင်းထက်အလွန် အကျိုးကျေးဇူးများနိုင်၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment