အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Wednesday, January 7, 2015

နို့ကြွေးဆပ်သူ-အာဂလူ(၆၉)





    မြတ်စွာဘုရားရှင်မှ နတ်သား သင်လူ့ဘ၀တုံးက ဘယ်လိုကုသိုလ် ကောင်းမှုမျိုးပြုလုပ်ခဲ့လို့ ဒီလောက်ကြီး ကြယ်ခန်းနားတဲ့ ဗိမာန်ကြီးနဲ့ တာဝတိံသာနတ်ပြည်မှာ ခံစားစံစားရပါလည်းဟု မေးတော်မူသောအခါ--
    နတ်သားမှ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်သည် လူဖြစ်စဉ်က သာဝတ္ထိပြည် အဒိန္နပုဗ္ဗကသူ ဋ္ဌေးကြီး၏ တဦးတည်းသော မဋ္ဌကုဏ္ဍလီဖြစ်ပါ၏။ သေအံ့ဆဲအချိန်၌ မြတ်စွာဘုရားရှင်အပေါ် စိတ်၌လှိုက်လှိုက်လှဲလှဲဖြစ် ပေါ်လာသော ကြည်ညိုသည့် သဒ္ဓါတည်းဟူသော ကုသိုလ်ကောင်းမှုတမျိုးတည်းကို သာ ပြုခဲ့ပါ၏။ ထိုကုသိုလ်ကံကြောင့် နတ်ပြည် စည်းစိမ်ချမ်းသာကို ခံစားရခြင်းဖြစ်ပါ၏ဟု လျှောက်ထား၏။
    တရားနာပရိတ်သတ်လည်း မဋ္ဌကုဏ္ဍလီနတ်သားရဲ့ ပြောစကားကို ကြားရပြီး အလွန်အံ့သြသွားကြ၏။ မိတ် ဆွေတို့ မြတ်စွာဘုရားရဲ့ ကျေးဇူးသည် အလွန်အံ့သြဖွယ် ရှိပေစွတကား၊ တသက်လုံး တခါမှမလှူဘူးသူ အဒိန္န ပုဗ္ဗက သားဖြစ်ပါလျှက် မြတ်စွာဘုရားရှင်ကို ကြည်ညိုရုံစိတ်တခုတည်းနဲ့သာ ယခုလိုကြီးကြယ်ခန်းနားတဲ့ နတ်စည်းစိမ်ကို ခံစားရသည်ဟု ၀မ်းမြောက်ဝမ်းသာ ပြောကြားကြကုန်၏။  
     အဲဒီနောက် မြတ်စွာဘုရားက မဋ္ဌကုဏ္ဍလီရဲ့ ကုသိုလ်ကံ အကျိုးပေးပုံနဲ့ဆက်စပ်ပြီး။ ဘယ်အရာမှာမဆို စိတ်က ရှေ့သွားရှိ၏၊ စိတ်ကဦးဆောင်၏၊ စိတ်ကြောင့်ပဲ ပြုလုပ်ဖြစ်ကြ၏။ ကောင်းတဲ့စိတ်နဲ့ ပြုလုပ်မယ် ပြောဆိုမယ် ကြံ စည်မယ် ဆိုရင် ကောင်းတဲ့အကျိုးရလာဒ်ကို ခံစားကြရမှာဖြစ်၏၊ ဥပမာအားဖြင့်မိမိသွားရာနောက်ကို မိမိရဲ့အရိပ်ဟာ ထပ်ချပ်မကွာ လိုက်နေသလိုပါပဲ မိမိပြုခဲ့ဘူးတဲ့ ကောင်းတဲ့ အပြုအမူ အပြောအဆို အကြံအစည်တို့ရဲ့နောက်ကနေ ကောင်းကျိုးရလာဒ်ဟာ အစဉ်တစိုက်လိုက်ပါနေ၏။
    မြတ်စွာဘုရားဟောကြားတဲ့ ဒေသနာတော်အဆုံးမှာ မဋ္ဌကုဏ္ဍလီနတ်သားနဲ့ ဖခင်ပုဏ္ဏားကြီးတို့ဟာ သစ္စာ လေးပါးကို သိကြပြီး အရိယာပုဂ္ဂိုလ်များ အသီးအသီးဖြစ်ကြ၏။ မဋ္ဌကုဏ္ဍလီ တည်းဟူသော မိတ်ဆွေကောင်း ကြောင့် သို့မဟုတ် မိဘကိုကျေးဇူးဆပ်ချင်သော သားထူးသားမြတ်ကြောင့် အဒိန္နပုဗ္ဗကတို့ ဇနီးမောင်နှံဘဝ
သည် အပြောင်လဲကြီး ပြောင်းလဲခဲ့လေပြီ။ တခါမှမလှူဘူးသူဘ၀မှ အလှူဒါနလက်နဲ့မပြတ်သူဖြစ်ခဲ့ပြီ။
     သူတော်စဉ်တွေ အလှူခံပုဂ္ဂိုလ်တွေအတွက် အမြဲတံခါးပိတ်လျှက်ရှိသော အဒိန္နပုဗ္ဗက၏ အိမ်ဂေဟာသည် ယခုတော့ သူတော်စဉ်တွေ အလှူခံပုဂ္ဂိုလ်တွေ၏ ဟင်းလင်းဖွင့်ထားရာ ဥဒဟိုဝင်ထွက်သွားလာရာ နေရာဖြစ် နေပါ၏။ မြတ်စွာဘုရား အမှုးရှိသော သံဃာတော်အရှင်မြတ်တို့၏ နေ့စဉ်ဝင်ထွက်သွားလာရာ ကျက်သရေရှိ သော အိမ်ဂေဟာ ဖြစ်နေပါ၏။



Type your summary here. Type the rest of your post here.

No comments: