အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Thursday, January 8, 2015

နို့ကြွေးဆပ်သူ-အာဂလူ(၇၀)





    တရားအားမထုတ်ချင်တဲ့ မိဘတွေကို တရားအားထုတ်ချင်လာအောင် ဆောင်ရွက်ပေးခြင်းသည်လည်း အမေ့နို့ဖိုးကြေ အောင်ဆပ်နိုင်သော သားကောင်းသမီးကောင်း ဖြစ်နိုင်ပါ၏။
     မိဘတွေသည် သားရေးသမီးရေးး စီးပွားရေးတွေနဲ့ လုံးလည်လိုက်ပြီး အချိန်တွေ ကုန်ဆုံးကာ အိုခြင်းက စလာသော်လည်း သူတို့ခမျာ အရေးပေါင်းစုံနဲ့ ကြုံတွေ့နေရပြီး ဘာဝနာနဲ့ အဝေးကြီး ဝေးနေတဲ့ မိဘတွေက အများစု ဖြစ်နေပါ၏။ သူတို့ပတ်ဝန်းကျင်တွင် ကျင်လည်သူများကလည်း နှစ်လုံး သုံးလုံးသမားဆိုလျှင် သူတို့ တတွေလည်း လောင်းကစားသမားတွေ လုံးလုံးဖြစ်ကာ လုံးပါး ပါးသွားတဲ့ မိဘတွေလည်း များလှပါ၏။
    ဘာဝနာ ဆိုတဲ့ တရားကို သူတို့တတွေ သိဖို့ ကျင့်ဖို့ ဆိုတာ သူတော်ကောင်းမိတ်ဆွေတွေနှင့် ပေါင်းဖေါ် မိပါမှ ကျောင်းကန်ဘုရားသို့ ရောက်ရှိပြီး သီလယူ တရားနာ ဘာဝနာပွားခြင်းကို ပြုလုပ်တတ်ပါ၏။ သူတော် စဉ်တွေနဲ့ ပေါင်းဖေါ်မိစေရန် အရေးကြီးပါ၏။
   စိတ်သည် မကောင်းမှု၌ မွှေ့လျှော်သည်ဟု ဆိုထားသောကြောင့်။ ကောင်းသောအကျင့်ကို စွဲဆောင်ဖို့ အလွန် ခက်ခဲတာ တွေ့ရ၏။  မကောင်းသောအကျင့်ကတော့ နှစ်ခါမခေါ်ရ တခါတည်းနဲ့ ပါသွားတာတွေ့ရတတ်ပါ၏။ မကောင်းသောပတ်ဝန်းကျင်မှာ ကျင်လည်နေသော မိဘတွေကို ကောင်းသောပတ်ဝန်းကျင်မှာ ကျင်လည်စေ ရန် သားသမီးတွေ၏ အခန်းကဏ္ဍလည်း ထိုက်သင့်သလိုအရေးပါတာတွေ့ရ၏။
     မလေးရှားရောက် ရွှေမြန်မာတွေကို အမေ့နို့ဖိုးကြေအောင်ဆပ်ချင်သည့် သားသမီးတွေ နိုင်ငံခြားရောက်နေ တာ အခွင့်အရေးတရပ်ဘဲဟု တရားဟောခဲ့၏။ မြန်မာပြည်မှ မိဘတွေသည် နိုင်ငံခြားရောက် သားသမီးတွေ၏ စကားကို အရေးပေး အလေးထားတာတွေ့ရ၏။
     နိုင်ငံခြားရောက်မြန်မာတွေ ဒီအခွင့်အရေးကို ကောင်းကောင်း အသုံးချတတ်ရမှာဖြစ်၏။ အမေတို့ အဖေတို့ သားတို့ သမီးတို့ နိုင်ငံခြားမှာ အလုပ်အကိုင်အစဉ်ပြေရန် ဒါနပြုပြီး ဆုတောင်းပေးပါအုံး၊သီလဆောက်တည်ပြီး ဆုတောင်းပေးပါအုံး၊ ရိပ်သာမှာ တရားအားထုတ်ပြီး ဆုတောင်းပေးပါအုံး ဆိုပြီး။အခွင့်အရေးကို အသုံးချတတ် ရမှာဖြစ်၏။
   မိဘတွေကလည်း နိုင်ငံခြားက သားသမီးတွေ မှာတဲ့စကားဆိုလျှင် သူနှင့်သူ့ပတ်ဝန်းကျင်ကို လှည့်လည်ပြော ဆိုပြီး နိုင်ငံခြားရောက် သားသမီးတွေအစဉ်ပြေဖို့ ခိုင်းတဲ့အတိုင်း တသွေမတိမ်း လုပ်တတ်တာတွေ့ရ၏။  မိဘ တွေထံ  ငွေကျေး ဓနတွေကို ပို့ပေးမယ်ဆိုလျှင်လည်း၊ အသုံးချပြီးပို့တတ်ဖို့လိုပါ၏။ စားရေးသောက်ရေးအ တွက် လှူဒါန်းဖို့အတွက် ရိပ်သာ ၀င်တရားအာထုတ်ဖို့အတွက်ဆိုပြီး ပို့ပေးနိုင်လျှင်ပိုကောင်းပါ၏။
 


Type your summary here. Type the rest of your post here.

No comments: