အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Friday, January 2, 2015

နို့ကြွေးဆပ်သူ-အာဂလူ(၆၅)





      အဒိန္နပုဗ္ဗကသည် မိမိစည်းစိမ်တွေ ကုန်ခန်းသွားမှာစိုးရိမ်ပြီး သားကိုဆေးမကုသခဲ့သဖြင့် တဦးတည်းသော ချစ်သားလေး ဆုံးရှုံးခဲ့ရပြီ။ ယ္ခုသားနဲ့ချွတ်စွတ်တူတဲ့ ဤကလေးငယ်ကို သားအရင်းသွင်ချစ်ခင်ပြီး မိမိပစ္စည်း ဥစ္စာတွေ ငဲ့ကွက်ခြင်း မရှိဘဲ ထိုကဲ့သို့ ပြောကြားလိုက်၏။
      ငါ့သား ပြောစမ်းပါအုံးကွယ် ငါ့သားရဲ့ ရွှေရထားအတွက် ရွှေဘီးကိုလိုချင်လည်း ရွှေဘီးကိုလုပ်ပေးမည်။ ပတ္တမြားဘီး ကိုလိုချင်လည်း ပတ္တမြားဘီးကိုလုပ်ပေးမည်။ ငွေဘီးကိုလိုချင်လည်း ငွေဘီးကိုလုပ်ပေးမည်။ ကြေး ဘီးကိုလိုချင်လည်း ကြေးဘီးကိုလုပ်ပေးမည်။ သားလိုချင်သော ဘီးကိုသာပြောပါ ဒီအတွက်တော့ သောက ရောက်ပြီး မငိုကြွေးပါနဲ့ ဖခင်သား ငိုတာကြည့်ပြီး ရင်ထဲမှာ မကောင်းလွန်းလို့ပါဟုပြောဆိုလေ၏။
     နတ်သားဘ၀မှ လူသားယောင်ဆောင်ထားသော မဋ္ဌကုဏ္ဍလီ သတို့သားသည် မသေခင်ကတော့ ဆေးကု သမှုမပြုဘဲ သားသေမှ သူဿာန်သို့ နေ့စဉ်လာငိုနေသော ဖခင်အဒိန္နပုဗ္ဗကကို သတိသံဝေဂရပြီး မှားနေသော အယူကို အမှန်မြင်လာ စေရန် ရည်ရွယ်ချက်ဖြင့် သင်ခန်းစာပေးလိုသဖြင့် သို့ကလိုပြောကြားလိုက်၏။
     အို---ဖခင် သား၏ရွှေ၇ထားအတွက်  ရွှေဘီးကိုလည်း မလိုချင်ပါ။ ပတ္တမြားဘီးကိုလည်း မလိုချင်ပါ။ ငွေဘီး ကိုလည်း မလိုချင်ပါ။ ကြေးဘီးကိုလည်းမလိုချင်ပါ။ သားရွှေရထားအတွက် ဟိုး--မိုးပေါ်က နေ၀န်းကြီးနဲ့ လ၀န်း ကြီးကိုသာ ဘီးတစုံ အဖြစ် အသုံးပြုရန် လိုချင်ပါ၏ ထိုလ၀န်းနှင့် နေ၀န်းကို မရလို့ သားငိုကြွေနေခြင်းဖြစ်သည်
ဟု ပြောဆိုလေ၏။
      မိုက်လှချီလား ငါ့သားနှင့်တူသော ချစ်သားရယ်။ မတောင့်တထိုက်သည်ကို တောင်းတပါဘိ၏။ သားငယ် သင်သည် ငိုကြွေးရင်းသေလျှင်သာ သေသွားပါလိမ့်မည်။ ငါ့သား မင်းတောင့်တတဲ့ နေ၀န်းနှင့် လ၀န်းကိုတော့ ရနိုင်စရာ အကြောင်း မရှိပါ သို့ကလို ကရုဏာဒေါသနဲ့ ပြောကြားလေ၏။
      ကောင်းပါပြီဖခင် သားက နေ၀န်းနှင့်လ၀န်းကို လိုချင်တောင်းတ၍ ငိုပါ၏။ ဖခင်ကတော့ သေလွန်ပြီဖြစ်တဲ့ သားချစ်ကို တန်းတ၍ငိုပါ၏။ သားလိုချင်တောင်းတတဲ့ နေ၀န်းနဲ့လ၀န်းဆိုတာ ကောင်းကင်တွင် ထင်ရှားရှိပါ၏။ မျက်စိနဲ့လည်း တိုက်ရိုက်မြင်တွေ့နေရပါ၏။
    ဖခင်ကတော့ သေလွန်ပြီဖြစ်တဲ့ သားကို တမ်းတပြီးငိုကြွေးပါ၏။ ဖခင်တမ်းတပြီးငိုကြွေးတဲ့သားသည် ထင် ထင် ရှားရှားမရှိပါ မျက်စိနဲ့လည်း တိုက်ရိုက်မမြင်ရပါ။ ဤသင်င်္ချိုင်း၌ သားတို့ နှစ်ယောက်လုံး လိုချင်သည်ကို မရ၍ ငိုနေခြင်းကတော့ တူညီနေပါ၏။ သားလည်းမိုက်ပါ၏။ ဖခင်လည်းမိုက်ပါ၏။ သို့သော် သားတို့နှစ် ယောက်တွင် ဘယ်သူက ပိုမိုက်သည်ဟု ဖခင် ထင်ပါသနည်း။
    ထိုကဲ့သို့ အချက်ကျကျဖြင့် သားဖြစ်သူ လူသားအသွင်ဆောင် မဋ္ဌကုဏ္ဍလီ နတ်သားမှ ဖခင်ရင်းဖြစ်သူ အဒိန္နပုဗ္ဗကကို မေးကြားလိုက်သည့်အခါ။  ဖခင် အဒိန္နပုဗ္ဗက ချက်ခြင်းအသိဝင်သွား၏။ ချစ်သား သင်ပြော ဆိုသည့်စကားသည် အလွန်မှန်လှပါ၏။ ချစ်သားက နေ၀န်းနှင့်လ၀န်းကို တောင့်တ၍ငိုကြွေး၏။
    ဖခင်က သေလွန်ပြီးဖြစ်တဲ့ သားချစ်ကို တောင်းတ၍ငိုကြွေး၏။ ထိုငိုကြွေးသူ နှစ်ဦးတို့တွင် ဖခင်က သား ထက်ပိုပြီး မိုက်ပါ၏ဟု ဖခင်ဖြစ်သူ အဒိန္နပုဗ္ဗက သားဖြစ်သူ မဋ္ဌကုဏ္ဍလီ နတ်သားအားပြောကြားလေ၏။ ငါ့သား နှင့် ချွတ်စွတ်တူသောချစ်သား သင်၏ ဥပါယ်တမျှင်သောစကားဖြင့် ဖခင်၏ ပူလောင်နေသော သောကမီးကို ရေဖြင့် ငြိမ်းစေသော မီးကဲ့သို့ အေးချမ်းလှပါ၏။
  ချစ်သား ဖခင်၏ နှစ်လုံးသား၌ စူးဝင်သောငြှောင့်ကို ချစ်သား၏ စကားဖြင့် ပယ်နှုတ်အပ်သကဲ့သို့ သက်သာရာ ရပါ၏။ ငါ့သားကသိပ်တော်တာဘဲ ဖခင်အသိတရားရပါပြီ သားကိုချစ်တဲ့ စိုးရိမ်ပူဆွေးမှုတွေလည်း ပျောက်သွား ပါပြီ သောကတွေလည်း ငြိမ်းအေးပါပြီ။ နောက်ထပ်ဖခင်မှာ ငိုကြွေးစရာ အကြောင်းမရှိတော့ပါဟု ဆိုလေ၏။


Type your summary here. Type the rest of your post here.

No comments: