အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Sunday, February 8, 2015

နို့ကြွေးဆပ်သူ-အာဂလူ(၇၂)





   ယေဓမ္မာ ဟေတုပ္ပဘဝါ၊ တေသံ ဟေတုံ တထာဂတော အာဟ။
     တေသဉ္စ ယောနိရောဓော ၊ ဧဝံ ဝါဒီ မဟာသမဏော။
     ငါတို့ဆရာ မြတ်စွာဘုရားရှင်သည် ဤသို့ဟောကြားတော်မူလေ့ရှိပါ၏ ဟု အကျဉ်းမျှသာ ဟောပြလေ၏။ ဥပတိဿကား-လူ့ဘဝ၏ သေခြင်းတရားနှင့် ဆင်းရဲဒုက္ခများကို ငြီးငွေ့ပြီး ထိုဆင်းရဲ တရားများမှ လွတ်မြောက် ရေး တရားလမ်းစဉ်ကို အပူတပြင်း လိုက်၍ ရှာဖွေနေသူဖြစ်ပြီး ဘဝများစွာက ပါရမီဓာတ်ခံ ရင့်သန်နေပြီ ဖြစ် သော ဥပတိဿသည် အရှင်အဿဇိမထေရ်ဟောကြားသော တရားအကျဉ်းကိုကြားနာရရုံမျှဖြင့်ပင် တရား ဥာဏ်အလင်းများ ရရှိပြီး သောတာပန်အရိယာအဆင့်သို့ ရောက်ခဲ့လေ၏။
  ထို့နောက် ဥပတိဿက ယခု မြတ်စွာဘုရားရှင် အဘယ်မှာရှိနေပါသနည်း ဟု မေးလျှောက်လေသော် အရှင် အဿဇိက ဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးနေကြောင်းကိုဖြေကြားလေ၏။ထိုအခါ ဥပတိဿက အရှင် ကြွနှင့်တော်မူပါ တပည့်တော်မှာ သူငယ်ချင်းမိတ်ဆွေတစ်ယာက်ကို ခေါ်ရန် ရှိနေပါသည်ဟုလျှောက်ထား တောင်းပန်ပြီး နေထိုင်ရာ ပရိဗိုဇ် ကျောင်းသို့ ပြန်လာခဲ့၏။
     အရှင်အဿဇိ၏တရားကိုနာကြားရပြီး တရားထူးကိုသိမြင် ရရှိခဲ့ပြီး ဖြစ်၍ တစ်မူထူးခြားလျှက် တည်ငြိမ် သော ဣနြေ္ဒ၊ ကြည်လင်သော မျက်နာဖြင့် ကျောင်းသို့ ပြန်လာသော ဥပတိဿကို မြင်သော ကောလိတက ငါ့ရှင် ဒီနေ့ တစ်စုံတစ်ခုသော တရားထူးကို ရရှိခဲ့ပါသလော ဟု မေးလေလျှင် ဥပတိဿသည် အရှင်အဿဇိ ရဟန်းနှင့် တွေ့ရပြီး တရားတော်ကိုနာခဲ့ရပုံ အကြောင်းစုံကို ပြောပြပြီး မိမိနားယူခဲ့ရသော တရားအကျဉ်းကို တစ်ဆင့်ပြန်လည်၍ ဟောပြောပြလေရာ ကောလိတလည်း တရားတော်ကို တစ်ဆင့်နာကြားရရုံဖြင့်ပင် သော တာပန် အရိယာအဖြစ်သို့ ရောက်ရှိသွားလေ၏။
   ဥပတိဿနှင့်ကောလိတ သူငယ်ချင်းနှစ်ဦးလုံး တရားထူးကိုသိမြင်ကြပြီး၍ မြတ်စွာဘုရားရှင်ထံသို့ လိုက်သွား ရန် ပြင်ဆင်ကြပြီး မိမိတို့နေသောကျောင်းမှလက်ရှိဆရာ သိဉ္စည်း ပရိဗိုဇ်ဆရာကြိးထံ သွားရောက်၍ ဆရာ လောက၌ တရားအစစ် အမှန်ကို ဟောပြောပြသနိုင်သည့် ပုဂ္ဂိုလ်ကိုကျွန်ုပ်တို့ တွေရှိခဲ့ပါပြီ ထိုပုဂ္ဂိုလ်ထံသို့  သွားပါမည်၊ ဆရာလည်းလိုက်ခဲ့ပါ ဟု တိုက်တွန်းစကားပြောလေ၏။
      သင်တို့ တွေ့ ခဲ့တဲ့ပုဂ္ဂိုလ်ကအဘယ်သူပါနည်း  ဂေါတမဗုဒ္ဓ ဖြစ်ပါသည်ဆရာ ဟု ဖြေကြားလိုက်သောအခါ၊ တပည့်တို့  ငါသည်-ဝါဒရေးရာနှင့်ပတ်သက်၍ တစ်ဂိုဏ်းတစ်ဖွဲ့ ထောင်ပြီးဆရာလုပ်နေတဲ့သူဖြစ်၏ ဂေါတမဗုဒ္ဓ ထံ သွား၍တပည့် အဖြစ် မခံယူလိုပါ၊သင်တို့သာ သွားကြပါတော့ ဟု ပြောကြားလေ၏။
    သိဉ္စည်းဆရာကြီးကပြောသောအခါ ဥပတိဿနှင့်ကောလိတတို့သည် ဆရာ လောက၌ ဘုရားအစစ်အမှန် ပေါ်ထွန်းလာပြီဖြစ်၍ ဆရာအထံသို့ မည်သူမျှလာကြတော့မည် မဟုတ်ဟုပြောဆို၍ မြတ်စွာဘုရားထံ သွားကြ တော့မည် ဆရာလည်း တစ်ပါတည်းအတူလိုက်ခဲ့ရန် ထပ်မံတိုက်တွန်း ခေါ်ဆောင်လေ၏။
   တပည့်တို့ လောကမှာ ပညာရှိတဲ့သူနှင့် ပညာမဲ့တဲ့သူဘယ်သူကပိုများပါသလဲဟုမေးလေ၏ ၊ပညာမဲ့တဲ့သူက ပို၍များပါသည်ဆရာဟုပြောသည်ရှိသော် တပည့်တို့ဤသို့ ဖြစ်လျှင်-ပညာရှိတဲ့သူများသည် ရဟန်းဂေါတမ ထံ သွားကြ ပေလိမ့်မည်၊ပညာမဲ့တဲ့သူများကား ငါ့ထံသို့ လာကြပေလိမ့်မည်၊သင်တို့သာသွားကြပါလေ ၊ငါသင်တို့ 
နှင့်မလိုက်နိုင် ဟု သိဉ္စည်းဆရာကြီးက ငြင်းဆန်လေ၏။
     ထိုအခါ ဥပတိဿ နှင့် ကောလိတတို့သည် မိမိတို့၏ တပည့်များကို ခေါ်ဆောင်၍ မြတ်စွာဘုရားရှင်ရှိရာ ဝေဠုဝန် ကျောင်းတော်သို့ ထွက်လာခဲ့ကြ၏ တပည့်အများသည် ဥပတိဿနှင့်ကောလိတ တို့နောက်သို့သာ လိုက်ပါသွားကြ၍ ကျောင်းတိုက်အတွင်း တိတ်ဆိတ်ခြောက်သွေ့၍ ကျန်ရစ်ခဲ့ပြီ သိဉ္စည်းဆရာကြိးသည် လွန် စွာမှ စိတ်ထိခိုက်လျှက် အိပ်ယာထက်တွင် စိတ်မချမ်းသာစွာ လဲအိပ်နေတော့၏။
   
ဥပတိဿနှင့် ကောလိတတို့သည် တပည့် ၂၅၀ တို့နှင့်အတူ ဝေဠုဝန်ကျောင်းတော်သို့ ရောက်ရှိကြပြီးလျှင် မြတ်စွာဘုရား အထံတော်၌ ဧဟိဘိက္ခုရဟန်းအဖြစ် ရရှိကြ၏။ မြတ်စွာဘုရားတရားဟောတော်မူလျှင် တပည့် ၂၅၀တို့သာ ဦးစွာ ရဟန္တာဖြစ်ကြ၏။ ခေါင်းဆောင် ဥပတိဿနှင့် ကောလိတနှစ်ဦးမှာမူ တရားထူး မရကြပါ။
    မြတ်စွာဘုရားရှင်ကို သိဉ္စည်းဆရာကြီးနှင့် မိမိတို့၏ အကြောင်းများကို ပြန်လည်လျှောက်ထားသောအခါ။ မြတ်စွာဘုရားရှင်က ရဟန်းတို့ လောက၌ အနှစ်မဲ့သောတရားကို အနှစ်ရှိသောတရားဟူ၍ အထင်မှားနေသူများ သည် အနှစ်ရှိသော တရားကို ဘယ်အခါမျှ ရနိုင်မည်မဟုတ်၊ အနှစ်ရှိသောတရားနှင့် အနှစ်မဲ့သော တရားနှစ်ပါး ကို ခွဲခြား၍ သိသူများသာလျှင် အနှစ်ရှိ သောတရားကို ရရှိနိုင်ပါ၏ ဟု သြဝါဒ တရားစကားကိုမိန့်ကြားတော်မူ လေ၏။
     မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပို့တွဲလပြည့်နေ့တွင် ရာဇဂြိုဟ်မြို့၊ သူကရခတလိုဏ်၌ အရှင် သာရိပုတ္တရာမထေရ်၏တူ ဒီဃနခ ပရိဗိုဇ်အား ဒီဃနခ(ဝေဒနာပရိဂ္ဂဟ) သုတ်တော်ကို ဟောရာ၌ ယပ် လေးခတ်ပေးနေသော အရှင်သာရိပုတ္တရာလည်း နာကြားရ၍ ရဟန္တာဖြစ်သွား၏။ ဒီဃနခ ပရိဗိုဇ်မှာမူ သောတာ ပန်မျှသာဖြစ်၏။    
 


Type your summary here. Type the rest of your post here.

No comments: