အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Thursday, February 12, 2015

နို့ကြွေးဆပ်သူ-အာဂလူ(၇၅)




အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးသည် မိမိမြတ်စွာဘုရားထက် စောစွာ အာယုသင်္ခါရလွှတ်ရမည်ကို သိသည့် အတွက် မြတ်စွာဘုရားထံ ပရိနိဗ္ဗာန်ပြုခွင့်ပေးပါရန် လျှောက်ထားတော်မူ၏။ မြတ်စွာဘုရားရှင်မှ ချစ်သား သင် ဘယ်အရပ်တွင် ပရိနိဗ္ဗာန်ပြုမည်နည်း ဟု မိန့်တော်မူသောအခါ မိမိမွေးဖွားရာ နာလကရွာ တိုက်ခန်းတွင် ပရိ နိဗ္ဗာန်ပြုမည်ဖြစ်ကြောင်း လျှောက်ထားတော်မူ၏။
   မြတ်စွာဘုရားရှင်မှ ချစ်သား သင့်ကိစ္စသင်သာသိပါသည်ဟု မိန့်ကြားတော်မူ၍ သင်၏ညီတော် နောင်တော် ရဟန်းတော်များအား နောက်ဆုံးတရား ဟောကြားခြင်းအဖြစ် တန်ခိုးပြာဋိဟာပြ၍ တရားဟောတော်မူ၏၊ မြတ်စွာဘုရားရှင်အား တရားဖြင့် နောက်ဆုံး ပူဇော်ခြင်းဖြင့် ရှိခိုးပူဇော်ပြီး ပရိသတ်ခြံရံကာ ဇေတ၀န်ကျောင်း တော်မှ ထွက်ခွာတော်မူခဲ့၏။
    အာယုသင်္ခါလွတ်ရန် ရက်ကလည်း (၇)ရက်မျှသာကျန်တော့၏ သာဝတ္ထိနဲ့ ရာဇဂြိုဟ်ပြည် မာဂဓတိုက်နယ် နာလကရွာ ခရီးသည် (၇)ရက်ခန့်သွားမည့် ခရီးရှည်ကြီးဖြစ်၏ ညီငယ်စုန္ဒအား မွေဖွားရာနာလကရွာသို့ ခရီးကြွ တော်မူမယ် နောက်ပါသံဃာတော်တို့အား ခရီးသွားရန်ပြင်စဉ်စေပြီး ခရီးထွက်ခွာတော်မူလာ၏။
    မာတာမိခင် ကျေးဇူးရှင်ကြီးကို မိစ္ဆာအယူမှ ချေချွတ်ဖို့ရန် မိမိဇာတိ ဥပတိဿရွာခေါ် နာလကရွာ မွေးဖွား ရာတိုက်ခန်းသို့ ကြွတော်မူလာခြင်းဖြစ်၏။ ရွာထိပ်ကညောင်ပင်ရိပ်တွင် ခေတ္တနားနေစဉ် တူဖြစ်သူ ဥပရေ၀တ ရောက်လာ၏ ဘကြီးဖြစ်သူကိုမှတ်မိပြီး ဘကြီး ရွာကိုပြန်လာတာတွေ့ရတော့ အားရ၀မ်းသာ နှုတ်ဆက်ရှာ၏။
  အရှင်သာရိပုတ္တရာမှ ဥပရေ၀တ သင့်အဖွားနေကောင်းရဲ့လား-------ကောင်းပါတယ် ဘကြီးတော်----- ဘကြီး တော် ဒီည ဘကြီးတော်မွေးဖွားရာတိုက်ခန်းမှာ အိပ်စက်မယ်လို့ သင့်အဖွားကို သွားပြောပါ ၊ ဘကြီးတော် နှင့် အတူ နောက်ပါသံဃာ ငါးရာလည်းပါလာမည် အိပ်ယာနေရာထိုင်ခင်း ခင်းကျင်းထားပါလို့ သင့်အဖွားကိုသွား ပြောလိုက်ပါ။
   ဥပရေ၀တလည်း ၀မ်းသာအားရ အိမ်သို့ပြန်သွားပြီး အဖွားရေ-----အဖွားဟု တကြော်ကြော် အော်ခေါ်လေ၏။ အဖွား ဖြစ်သူ ရူပသာရီပုဏ္ဏေးမကြီးလည်း ပြာပြာသလဲ ဖြစ်လာနဲ့ ဥပရေ၀တကို ဟဲ့--ဘာဖြစ်လာတာတုံး--အော်ကြီးဟစ်ကြယ်နဲ့ အဖွား--အဖွားရဲ့ သားကြီးဥပတိဿ ရွာထိပ်က ညောင်ပင်အောက်မှာရောက်နေတယ်။ ရောက်တော့ဘာဖြစ်တုံး မိခင်နဲ့ ဖခင်ကိုမှ မငဲ့တွယ်ဘဲ ဘာသာခြားသို့ ပြောင်းသွားရက်တဲ့ သားမိုက်ဟု မကြေ မနပ် ရင်ထဲမှ ခံစားချက်တွေ ပွင့်အံလာ၏။
    အဖွား---ဘကြီးတော် ဥပတိဿ ဒီနေ့ည သူဖွားခဲ့ရာတိုက်ခန်းမှာ အိပ်စက်မယ်လို့ မှာလိုက်တယ် ဘကြီးနှင့် အတူ နောက်ပါသံဃာငါးရာအတွက်ပါ အိပ်ယာထိုင်ခင်းပြင်ထားလိုက်ပါဟု ပြောခိုင်းလိုက်တယ်။ အမေ့ရင်ခွင် ထဲက သူတယောက်သာ ခွဲထွက်သွားသည်မဟုတ် သူ့ရဲ့ညီတော် ညီမတော်တွေပါ စွဲထုတ်သွားသော သားကြီး လူမိုက် ခုတော့ အမေ့ထံပြန်လာပြီ၊ ကြီးတောင့်ကြီးမမှ လူထွက်ချင်လို့ ပြန်လာတာနဲ့တူတယ်ဟု အဖွားကြီးဗြစ် တောက် ဗြစ်တောက် ပြောဆိုကာ အိပ်ယာနေရာတွေကို စီစဉ်ခိုင်းလိုက်၏။
   ရူပသာရီ ပုဏ္ဏေးမကြီးသည် မြေးဖြစ်သူ ဥပရေ၀တအား မင်းဘကြီး ဥပတိဿကို သွားခေါ်ချေ ခိုင်းသာခိုင်း လိုက်ရသည် သားကြီး ဥပတိဿနှင့် မတွေ့တာ နှစ်ပါင်များစွာ ကြာခဲ့ပြီ၊ သူတို့ဗြဟ္မဏအယူဝါတွင် သားကြီး သြရသကိုသာအားကိုး ခြင်းဖြစ်၏။ အကြီးဆုံးသားသာလျှင် မိဘအမွေကို ဆက်ထိမ်းရခြင်းဖြစ်၏။
   သို့သော် ယခုမိမိ၏သားကြီးသည် အားမကိုးရတဲ့အပြင် ဘာသာခြားပါပြောင်းသွားသည့်အတွက် ပုဏ္ဏေးမကြီး ရူပသာရီသည် သားကြီးကို ရင်နာနာဖြင့် ခွဲခွာခဲ့ရသည်မှာ ကြာခဲ့လေပြီ ယခုဘယ်လိုပုံစံဖြင့် ပြန်ရောက်လာ မည်နည်း  မိဘအိမ်ကို အပြီးပြန်လာတာလား သာသနာဘောင်မှာ မပျော်မွေ့လို့ လူဝတ်လဲဖို့ပြန်လာတာလား ဆိုတာ စိတ်ထဲမှာ ဇဝေဇ၀ါနဲ့ သားကြီး လာရာလမ်းကို မျှော်မှန်းလျှက် ငေးမောနေရှာ၏။



 


Type your summary here. Type the rest of your post here.

No comments: