ထိုသို့ သေနာသန၀တ်ကို ပြုပြီးမှ
ဆွမ်းခံကြွတော်မူမြဲဖြစ်၏။ သာသနာ့ဝန်ထမ်း ရဟန်းသာမဏေတို့ ၀တ်ကြီး ၀တ်ငယ် အသွယ်သွယ်ကို
မပျင်းမရိ မခိုမကပ် လိုက်နာဆောင်ရွက်ရေးအတွက်လည်း ရှေ့ဆောင်လမ်းပြခဲ့ သည့် ပုဂ္ဂိုလ်ကြီး
ဖြစ်ပါ၏ ။ မထေရ်မြတ်သည် သာသနာ့ဘောင်တွင် အဂ္ဂသာဝကကြီးအဖြစ် အထင်ရှားဆုံး
အရေးအပါဆုံး ပုဂ္ဂိုလ်ကြီးဖြစ်သည့် အားလျော်စွာ သူတပါးကျေးဇူးကို သိသည့်အရာတွင်လည်း
ပြိုင်ဘက်ကင်း တော်မူ၏၊
မိမိကို ဆွမ်းတစ်ဇွန်းမျှ လောင်းလှူဖူးသော
ရာဓပုဏ္ဏား၏ ကျေးဇူးကို အသိအမှတ်ပြု ကျေးဇူးတုံ့ဆပ်သော အနေဖြင့် ရာဓကို
ရဟန်းပြုပေးခဲ့၏။ လွန်စွာဆင်းရဲနွမ်းပါး၍ ခိုကိုးရာမဲ့ ပုဏ္ဏားအိုကြီး ရာဓသည်
အသက်အရွယ် ကြီးရင့်သဖြင့် ကျောင်းသို့လာကာ ရဟန်းပြုပေးပါမည့်အကြောင်း
သံဃာတော်တို့အား လျှောက်ထားရာ သံဃာ တော်တို့က ဥပေက္ခာပြု လျစ်လျူရူနေကြ၏။
ရှင်သာရိပုတ္တရာကျေးဇူးသိမူကြောင့် ပုဏ္ဏားအိုကြီးရာဓသည် ဆဠ ဘိည ပဋိသမ္ဘိဒါပတ္တ
မဟာသာဝက ကြီးတပါး ဖြစ်ခဲ့၏။
ထိုမှတပါး ဆရာ၏ကျေးဇူးကို သိရာ၌လည်း
အရှင်သာရိပုတ္တရာမထေရ်ကြီးသည် စံတင်လောက်ပါ၏။ မိမိ မည်သည့်အရပ်ဒေသသို့
ရောက်နေသည်ဖြစ်စေ ရောက်ရာအရပ်၌ မိမိအား သရဏဂုံတည်အောင် အရိယာ ဘ၀သို့ရောက်ရှိအောင်
ဟောပြခဲ့သည့် မိမိဆရာ အရှင်အဿဇိမထေရ်သီတင်းသုံးရာ အရပ်ဒေသ ဘက်သို့ ခေါင်းရင်းပြု၍
အိပ်စက်လေ့ရှိ၏။ အဂ္ဂသာဝကဧတဒဂ်ရ ပုဂ္ဂိုလ်ကြီးဖြစ်နေသော်လည်း ကျေးဇူးရှင် ငယ်ဆရာကို
ဘယ်ခါမျှ မေ့တော်မမူပါ။
ဗုဒ္ဓမြတ်စွာသည် သက်တော် ၈၀၊ ၀ါတော် ၄၅-၀ါတွင်
ပရိနိဗ္ဗာန် ပြုတော်မူရန် မာရ်နတ်ကို ကတိပေးပြီး နောက် ၀ါကျွတ်၍
ဇေတ၀န်ကျောင်းတော်သို့ ပြန်ကြွတော်မူသောအခါ အရှင်သာရိပုတ္တရာသည် အဂ္ဂသာဝက တွေက
ပရိနိဗ္ဗာန် အရင်ပြုသလား မြတ်စွာဘုရားရှင်က ပရိနိဗ္ဗာန်အရင်ပြုရသလားလို့
ဆင်ခြင်ကြည့်လိုက်သည့် အခါ အဆူဆူသော ဘုရားရှင်တို့လက်ထက်တွင် အဂ္ဂသာဝကတွေ
ပရိနိဗ္ဗာန် အလျှင်ပြုရကြောင်း သိတော်မူ၏။
မိမိ၏အာယုသင်္ခါရကို ကြည့်တော်မူသောအခါ
(၇)ရက်ခန့်သာ ကြံရှိတော့ကြောင်း သိတော်မူ၏ ငါကိုယ်တိုင် က ဘယ်နေရာမှာ ပရိနိဗ္ဗာန်စံရမလဲလို့
အဖန်ဖန် စဉ်းးစားတော်မူသည့်အခါ ကိုယ်တော်အရှင်မြတ်၏ ဥာဏ် တော်မှာ မယ်တော်
ရူပသာရီပုဏ္ဏေးမကြီးကို မြင်တော်မူလာ၏။ ရဟန္တာ(၇)ပါး၏မယ်တော်ကြီး ဖြစ်သော်လည်း ပဲ
မိစ္ဆာအယူဝါဒကြီးနဲ့ ကြံခဲ့မှာကို အရှင်သာရိပုတ္တရာ မထေရ်မြတ် စိုးရိမ်တော်မူ၏။
မထေရ်မြတ်သည်
မိမိအပါအ၀င် ရဟန္တာ ၇-ပါး၏ မိခင်ဖြစ်သော်လည်း ယခုတိုင် မိစ္ဆာအယူရှိနေသေးသည့် မိခင်ကြီးကို
ငါလို အဂ္ဂသာဝက ရဟန္တာမထေရ်မြတ်ကြီး၏ မယ်တော်ကြီးသည် မိစ္ဆာအယူမှမကျွတ်ဘူးဆိုလျှင်
သမိုင်းမှာ
ပြောစရာကြီး တခုအဖြစ် မှတ်တမ်းတင်သွားပေလိမ့်မည်။
မယ်တော်ကြီးမှာ တရားထူးရနိုင်တဲ့
ရှေးကောင်းမှုကုသိုလ်မှ ရှိရဲ့လားဟု စဉ်းစားကြည့်လိုက်တော့ သောတာ ပတ္တိ မဂ်ဥာဏ်ဖိုဥာဏ်ရဲ့ ဥပနိဿယပစ္စည်း အားကြီးသော ရှေးကောင်မှုရှိတာကို
သိတော်မူလိုက်၏။ ဘယ် ပုဂ္ဂိုလ်ရဲ့ တရားဒေသနာကို နာကြားရမှ မယ်တော်ကြီး
တရားထူးရနိုင်မယ်ဆိုတာ စဉ်းစားကြည့်လိုက်တော့ သားကြီးဖြစ်သူမိမိမှ ဟောဖေါ်ညွန်ပြလိုက်လျှင်
မယ်တော်ကြီး တရားထူးရမည်ရမည်ဆိုတာသိတော်မူ၏။
ငါ့ မယ်တော်ကြီးကို တရားမဟော လျှစ်လျှူရှု
ကြောင့်ကြမဲ့ နေလိုက်မယ်ဆိုလျှင် အရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ လူနတ်ဗြဟ္မာတွေ
ကုဋေတသိန်းမက သောတာပန် သကဒါဂါမ် အနာဂါမ် တွေဖြစ်ကုန်ကြ သော်လည်း မိမိ၏ မွေးသမိခင်
ကျေးဇူးရှင်ကြီးကိုတော့ မိစ္ဆာအယူမှ ပယ်ရှားခြင်းငှာ မစွမ်းနိုင်ပါလားလို့
ကဲ့ရဲ့ပြစ်တင်ကြမှာဖြစ်၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment